အရင်နှစ်ထုတ် Galaxy A22 ရဲ့ မျိုးဆက်သစ်ကို စောင့်မျှော်နေတုန်းမှာပဲ နောက်ထပ် A22 မော်ဒယ်ကို အွန်လိုင်းမှာ မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ ဖုန်း နာမည်က Galaxy A22e ဖြစ်ပြီး 5G ဖုန်း ဖြစ်ပါတယ်။

Samsung Galaxy A22e 5G Bluetooth SIG

Samsung ဟာ Galaxy A22 အတွက် 4G နဲ့ 5G မော်ဒယ်တွေကို  ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီဖုန်းကို ရုရှားမှာ Galaxy A22s နာမည်နဲ့ ရောင်းချခဲ့ပြီး Specs မတူညီတဲ့ Galaxy A22 5G ကို ဂျပန်အတွက် မိတ်ဆက်ခဲ့ပါတယ်။

အခုတော့ Bluetooth SIG မှာ Galaxy A22e 5G ရဲ့ မော်ဒယ်နံပါတ်ကို SC-56B လို့ ဖော်ပြထားပြီး ဂျပန်က A22 5G နဲ့ မော်ဒယ်နံပါတ် တူညီနေတဲ့အတွက် A22e 5G ဟာ ဂျပန်အတွက် ဖြစ်နိုင်ပါတယ်။ မကြာခင်မှာ Galaxy A22e 5G ကို ကြေညာနိုင်ပြီး Specs အသေးစိတ်ကို မသိရသေးပါဘူး။

Samsung Galaxy A22 5G SC-56B

Bluetooth SIG မှာ Galaxy A22e 5G ရဲ့ တစ်ခုထဲသော Spec ကို ဖော်ပြထားပြီး အဲဒါက Bluetooth Version 5.0 ဖြစ်ပါတယ်။ အဲဒါကလွဲပြီး တခြား Specs တွေကို မဖော်ပြထားသေးဘဲ ဂျပန်က A22 5G နဲ့ မော်ဒယ်နံပါတ် တူညီနေတဲ့အတွက် Specs တချို့လည်း တူညီနိုင်ပါတယ်။

ဂျပန်က Galaxy A22 5G မှာ ၅.၈ လက်မ TFT HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အနောက်ဘက်မှာ 13MP ကင်မရာ ၁ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Dimensity 700 Chipset မောင်းနှင်ထားပြီး 4,000mAh ဘက်ထရီ ပါပါတယ်။ IP68 စံနှုန်း ထည့်သွင်းထားပြီး 4GB RAM နဲ့ 64GB Internal Storage ပါပါတယ်။

Ref : gizmochina