[Zawgyi]

ေျပာင္းလဲလာေသာေခတ္ေရစီးေၾကာင္းႏွင့္အညီ ပိုမိုလြယ္ကူစြာခ်ိတ္ဆက္ေပးမည့္ Galaxy A30 ႏွင့္ A50

အဆင့္ျမႇင့္တင္ထားေသာ လုပ္ေဆာင္ခ်က္မ်ား၊ သင့္တင့္ေသာေဈးႏႈန္းျဖင့္ Galaxy A10 ႏွင့္ A20

Samsung Myanmar မွ အသစ္ထြက္ရွိလာေသာ Galaxy A Series စမတ္ဖုန္းအသစ္မ်ားအား ေပ်ာ္႐ႊင္စရာအစီအစဥ္မ်ားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ Junction City တြင္ ယေန႔ စတင္မိတ္ဆက္လိုက္သည္။ ကနဦးမိတ္ဆက္မႈအေနျဖင့္ Galaxy A30 ႏွင့္ A50 ဖုန္းမ်ားသည္ မိုဘိုင္းဖုန္းက႑၏ ဆန္းသစ္တီထြင္မႈမ်ား ျဖစ္သည့္ အေကာင္းမြန္ဆုံး ၾကည့္ရႈမႈအေတြ႕အႀကဳံ၊ တာရွည္ခံေသာ ဘက္ထရီ လုပ္ေဆာင္ခ်က္ႏွင့္အတူ သာမန္မ်က္လုံးျဖင့္ ျမင္ေတြ႕ရသည့္အတိုင္း အရည္အေသြးျမင့္ ဓာတ္ပုံမ်ားကို႐ိုက္ကူးႏိုင္မည့္ ကင္မရာ အစရွိသည့္ လုပ္ေဆာင္ခ်က္မ်ားပါဝင္ေသာေၾကာင့္ ဖုန္းတစ္လုံး၏ အဓိက လိုအပ္ခ်က္မ်ားအား ထည့္သြင္းထားၿပီး ေဈးႏႈန္းသင့္တင့္ေသာ ဖုန္းအမ်ိဳးအစားမ်ား ျဖစ္ၾကသည္။

“စမတ္ဖုန္းတီထြင္ဆန္းသစ္မႈေတြမွာ ဦးေဆာင္လ်က္ရွိတဲ့ Samsung အေနနဲ႔ ဖုန္းသုံးစြဲသူေတြ အလိုရွိေနၾကတဲ့ ပိုမိုသာလြန္ေကာင္းမြန္ၿပီး ဖုန္းသုံးစြဲမႈအေတြ႕အႀကဳံေတြကို ဒီ A Series စမတ္ဖုန္းေတြကတစ္ဆင့္ ေပးသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Generation တိုင္းမွာ မတူညီတဲ့ဆက္သြယ္ခ်ိတ္ဆက္မႈနည္းလမ္းေတြ ရွိၾကပါတယ္။ Galaxy J Series ကို အဆင့္ျမင့္ထားတဲ့ Galaxy ASeries ဟာ ေနာင္လာမယ့္ မ်ိဳးဆက္သစ္ေတြအတြက္ အေဖာ္ျပဳႏိုင္မယ့္ စမတ္ဖုန္းတစ္လုံးအျဖစ္ ကိုက္ညီမႈရွိေအာင္ ဖန္တီးထားတာျဖစ္ပါတယ္” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည္ဝင္းထက္မွ ေျပာၾကားသည္။

Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည္၀င္းထက္မွ အဖြင့္အမွာစကားေျပာႀကားေနစဥ္

“အခုဆိုရင္ လူေတြတစ္ဦးနဲ႔တစ္ဦး ဆက္သြယ္တဲ့ပုံစံေတြက ေျပာင္းလာပါတယ္။ ကြၽန္ေတာ္တို႔က Generation-Z ေတြအတြက္ အဓိက ရည္႐ြယ္ၿပီး ဒီ Galaxy A Series ကို သူတို႔ေတြရဲ႕ခ်ိတ္ဆက္မႈ ေတြအတြက္ အဓိကပံ့ပိုးကူညီေပးႏိုင္မယ့္ စမတ္ဖုန္းနည္းပညာေတြနဲ႔အတူ တည္ေဆာက္ထားပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ဒီ Galaxy A series အသစ္မွာဆိုရင္ သုံးစြဲသူေတြရဲ႕ ေန႔စဥ္ဘ၀ ဆက္သြယ္မႈေတြကို အက်ိဳးျပဳႏိုင္မယ့္ လိုအပ္တဲ့ စမတ္ဖုန္းလုပ္ေဆာင္ခ်က္ေတြကို တိုးျမႇင့္ေပးထားပါတယ္။ ဘာလို႔လဲဆိုေတာ့ လူတိုင္းကလည္း “ဘဝဆိုတာ အၿမဲလႈပ္ရွားသက္ဝင္ေနတယ္” ဆိုတာကို သိၾကပါတယ္။” ဟု ကိုဇာနည္ဝင္းထက္မွ ျဖည့္စြက္ေျပာၾကားသည္။

Samsung အေနႏွင့္ ယေန႔ေခတ္ လူငယ္မ်ား အခ်င္းခ်င္းဆက္သြယ္ၾကသည့္နည္းလမ္းမ်ားအေပၚအေျခခံ၍ Galaxy A series အသစ္ကို တီထြင္ဖန္တီးထားျခင္းျဖစ္သည္။ ယခု A Series အသစ္တြင္ အလိုအေလ်ာက္ ပူးေပါင္းေဆာင္႐ြက္ေသာ တုံ႔ျပန္မ်ားအား အမီလိုက္ႏိုင္မည့္ ကြဲျပားျခားနား၍ စြမ္းေဆာင္ရည္ေကာင္းေသာ ထုတ္ကုန ေပးစြမ္းသြားမည္ ျဖစ္သည္။ အဆင့္ျမႇင့္တင္ထားေသာ Galaxy A Series ကို model ႏွစ္မ်ိဳးျဖင့္ စတင္မိတ္ဆက္သြားမည္ျဖစ္ပါသည္။

G-Fatt၊ John Thanga ႏွင့္ Audrey Wai တို႔မွ Gen-Z အေႀကာင္းေဆြးေႏြးေနစဥ္

Galaxy A50
· Galaxy A50 ဖုန္း၏ အဆင့္ျမင့္ေသာ ကင္မရာ လုပ္ေဆာင္ခ်က္၊ ၾကာရွည္ခံၿပီး လ်င္ျမန္စြာ အားျဖည့္သြင္းႏိုင္ေသာ ဘက္ထရီ ႏွင့္ အဆုံးအစမဲ့ U ဖုန္းမ်က္ႏွာျပင္မ်ားက သင့္ကို ကမာၻႀကီးႏွင့္ အၿမဲခ်ိတ္ဆက္ေပးမည္ ျဖစ္သည္။
· Galaxy A50 တြင္ လူသားတစ္ဦး၏ မ်က္လုံးႏွင့္ အမွန္တကယ္ ျမင္ေတြ႕ရသည့္အတိုင္း အတိအက် ႐ိုက္ယူေပးႏိုင္မည့္ ကင္မရာ သုံးလုံးထည့္သြင္းေပးထားသည္။
· Ultra Wide Lens ႏွင့္အတူ သဘာဝပုံရိပ္အားလုံးကို အကန႔္အသတ္မရွိ ႐ိုက္ယူႏိုင္မည္ျဖစ္သည္။ “Intelligent Switch” လုပ္ေဆာင္ခ်က္ႏွင့္အတူ သင္၏ ကင္မရာမွ Wide Shot Mode အသုံးျပဳႏိုင္မည့္ အခ်ိန္ကို ခြဲျခားအႀကံျပဳေပးမည္ျဖစ္သည္။
· 25 MP ရွိေသာ ကင္မရာႏွင့္ အလင္းေရာင္အားေကာင္းေသာ ေန႔လည္အခ်ိန္တြင္ ၾကည္လင္ျပတ္သားသည့္ပုံရိပ္မ်ား ႐ိုက္ကူးႏိုင္မည္ျဖစ္ၿပီး အသစ္တီထြင္ဖန္တီးထားေသာ Lens သည္ အေမွာင္ထဲတြင္ အလင္းေရာင္ကို ျမင္သာေစၿပီး အစက္အေျပာက္ထျခင္းမ်ားကို ေလွ်ာ့ခ်ကာ ၾကည္လင္ေသာ ႐ိုက္ခ်က္မ်ားကို ရရွိေစမည္ျဖစ္သည္။ ဓာတ္ပုံ႐ိုက္ရာတြင္ ပိုမိုသိသာေစခ်င္ေသာအပိုင္းကို Depth Lens ျဖင့္ ျပဳျပင္ႏိုင္ေစျခင္းျဖင့္ Live Focus အေတြ႕အႀကဳံကို ရရွိအသုံးျပဳႏိုင္မည္ျဖစ္သည္။
· AI ကင္မရာကို အသုံးျပဳ၍ Scene Optimizer ႏွင့္ ပုံေပါင္းႏွစ္ဆယ္မွ အေကာင္းဆုံးပုံရိပ္ကို ႐ိုက္ယူႏိုင္မည္ျဖစ္သည္။ Flaw Detection ကို အသုံးျပဳျခင္းျဖင့္ ၿပီးျပည့္စုံေသာ portrait ပုံရိပ္မ်ားကို ရရွိေစမည္ျဖစ္သည္။
· Selfie Camera တြင္ ပါဝင္ေသာ Selfie Focus ျဖင့္ ေနာက္ခံကို မႈန္ဝါးေစကာ Portrait ပုံမ်ားကို အေကာင္းမြန္ဆုံး ႐ိုက္ကူးႏိုင္မည္ျဖစ္သည္။
· Galaxy A 50 တြင္ On-screen fingerprint ပါရွိသည့္အတြက္ လက္အေနအထားေျပာင္းေ႐ႊ႕စရာမလိုပဲ ဖုန္းကို လြယ္ကူစြာဖြင့္ႏိုင္မည္ျဖစ္သည္။ Galaxy A50 သည္ ပါးလႊာ၍ ေခ်ာေမြ႕ေသာဒီဇိုင္းျဖင့္ဖန္တီးထားေသာေၾကာင့္ လက္အတြင္းၿမဲၿမံစြာကိုင္တြယ္ႏိုင္ၿပီး အေကြးပုံစံဒီဇိုင္းႏွင့္ ေတြ႕ျမင္ရမည္ ျဖစ္သည္။

Samsung Myanmar ၏ Product Manager  မစိုးလဲ့လဲ့ဝင္း မွ ထုတ္ကုန္အေၾကာင္းရွင္းျပေနစဥ္

Galaxy A30
Galaxy A30 တြင္ လ်င္ျမန္ေသာအားသြင္းစနစ္အား ထည့္သြင္းထားၿပီး 4000 mAh ပါရွိေသာ ဘတ္ထရီကိုတပ္ဆင္ထားေသာေၾကာင့္ အစဥ္အၿမဲသြားလာလႈပ္ရွားေနရသူမ်ားအတြက္ ထုတ္လုပ္ထားျခင္းျဖစ္သည္။ ၆.၄ လက္မ အ႐ြယ္အစားရွိ Super AMOLED အဆုံးအစမဲ့ မ်က္ႏွာျပင္ေၾကာင့္ အေကာင္းဆုံးၾကည့္ရႈမႈ အေတြ႕အႀကဳံ ႏွင့္ ဂိမ္းကစားရာတြင္ စံထားရေလာက္သည့္ အေကာင္းမြန္ဆုံးေသာ အေတြ႕အႀကဳံမ်ားကို ခံစားရရွိေစမည္ျဖစ္သည္။ ဗြီဒီယိုၾကည့္ျခင္းႏွင့္ တစ္ခ်ိန္တည္းတြင္လုပ္ငန္းမ်ားစြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည့္အျပင္ အလုပ္မ်ားသူမ်ားအေနျဖင့္လည္း အမွတ္တရအခိုက္အတန႔္မ်ားကို သိမ္းဆည္ထားႏိုင္မည္ျဖစ္သည္။

Galaxy A30 တြင္ ေခ်ာေမြ႕ေသာ ဖုန္းအသုံးျပဳမႈအေတြ႕အႀကဳံမ်ားကို ဖန္တီးေပးထားၿပီး အဆင့္ျမင့္ ကင္မရာႏွစ္လုံးႏွင့္ Ultra Wide Angle Lens ပါဝင္႐ုံသာမက ႐ိုးရွင္းၿပီး လုံၿခဳံစိတ္ခ်ရေသာ ေက်ာဘက္လက္ေဗြရာစနစ္ႏွင့္ Face Unlock စနစ္မ်ားကိုလည္းထည့္သြင္းေပးထားသည္။

Galaxy A Series ၏ ဒုတိယအသုတ္အေနျဖင့္ Galaxy A10 ႏွင့္ A20 သည္ လာမည့္လထဲတြင္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာေတာ့မည္ျဖစ္သည္။ အဆိုပါ Galaxy A10 ႏွင့္ A20 တို႔အား အဆင့္ျမင့္ေသာ လုပ္ေဆာင္ခ်က္မ်ားကို သင့္တင့္မွ်တေသာ ေဈးႏႈန္းျဖင့္ သုံးစြဲလိုသူမ်ားအတြက္ ေရာင္းခ်ေပးသြားမည္ျဖစ္သည္။

Samsung သည္ Galaxy A Series တစ္ခုလုံးျဖင့္ သုံးစြဲသူမ်ားအား အဆင့္ျမင့္ေသာ စမတ္ဖုန္း လုပ္ေဆာင္ခ်က္မ်ားကို ပို၍ သင့္တင့္ေသာေဈးႏႈန္းမ်ားျဖင့္ ရရွိေစႏိုင္ရန္ ရည္႐ြယ္သည္။ Galaxy A30/A50 ဝယ္ယူသူမ်ားအေနျဖင့္ Premium Care ဝန္ေဆာင္မႈျဖစ္သည့္ no worry crack ( ဝယ္ယူၿပီးခ်ိန္မွ ၃လအတြင္း အေရွ႕မွန္ကြဲလွ်င္ မွန္ျပန္လဲခ်ိန္တြင္ ၄၀ ရာခိုင္ႏႈန္း အထိ သက္သာခြင့္ရရွိမည္ျဖစ္သည္) အစီအစဥ္ကို ခံစားခြင့္ရရွိမည္ျဖစ္သည္။

Kpop အကျပိဳင္ပြဲမွ အနို္င္ရရွိသြားသည့္ အဖြဲ႔

Galaxy A30/A50 စမတ္ဖုန္းသစ္မိတ္ဆက္မႈႏွင့္အတူ Samsung Myanmar သည္ Mytel ႏွင့္ပူးေပါင္းထားေသာေၾကာင့္ RAM 4GB ႏွင့္ ROM 64GB ပါဝင္ေသာ Galaxy A30 ႏွင့္ A50 ဝယ္ယူသူမ်ားအေနျဖင့္ အထူးလက္ေဆာင္အျဖစ္ လစဥ္ ေဒတာအသုံးျပဳမႈ 2GB ႏွင့္ Mytel ဖုန္းအခ်င္းခ်င္းေခၚဆိုမႈ မိနစ္ေပါင္း ၂၀၀ အား ၆လ ဆက္တိုက္ ရရွိႏိုင္မည္ျဖစ္သည္။ 6GB RAM ႏွင့္ 128GB ပါဝင္ေသာ Galaxy A50 ဝယ္ယူသူမ်ားအေနျဖင့္ အထူးလက္ေဆာင္အျဖစ္ ေဒတာအသုံးျပဳမႈ 3GB ႏွင့္ Mytel ဖုန္းအခ်င္းခ်င္းေခၚဆိုမႈ မိနစ္ေပါင္း ၃၀၀ အား ၆လ ဆက္တိုက္ရရွိမည္ျဖစ္သည္။

ျမန္မာႏိုင္ငံရွိ Samsung ခ်စ္သူမ်ားအေနျဖင့္ ႀကိဳတင္မွာယူလိုပါက မတ္လ ၁၈ ရက္မွ မတ္လ ၂၇ ရက္၊ ၂၀၁၉ အတြင္း နီးစပ္ရာ Samsung အေရာင္းဆိုင္ႏွင့္ ရန္ကုန္၊ မႏၲေလးၿမိဳ႕အတြင္းရွိ အေရာင္းကိုယ္စားလွယ္ဆိုင္မ်ားတြင္ စရန္ေငြ ၃၀,၀၀၀ က်ပ္ေပးသြင္း၍ မွာယူႏိုင္မည္ျဖစ္သည္။ ႀကိဳတင္မွာယူသူမ်ားအေနျဖင့္ မွာယူထားေသာ ဖုန္းမ်ားအား အဆိုပါဆိုင္မ်ားတြင္ မတ္လ ၂၈ ရက္၊ ၂၀၁၉ မွစတင္၍ သြားေရာက္ထုတ္ယူႏိုင္သည္။ အထူးအခြင့္အေရးအေနျဖင့္ ႀကိဳတင္မွာယူသူမ်ားသည္ lucky draw အစီအစဥ္တြင္ ပါဝင္ကံစမ္းႏိုင္ၿပီး ကံထူးသူ အေယာက္ႏွစ္ဆယ္သည္ ဧၿပီပထမအပတ္တြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ က်င္းပမည့္ Galaxy A Series မိတ္ဆက္ပြဲ အခမ္းအနားသို႔ စရိတ္ၿငိမ္း သြားေရာက္ခြင့္ ရရွိမည္ျဖစ္သည္။

Galaxy A30 ႏွင့္ A50 စမတ္ဖုန္းမ်ားအား ျမန္မာႏိုင္ငံအဝန္းတြင္ မတ္လ ၂၉ ရက္၊ ၂၀၁၉ မွစတင္ ဝယ္ယူရရွိႏိုင္မည္ျဖစ္သည္။ Galaxy A30 အား အျဖဴေရာင္၊ အမည္းေရာင္ႏွင့္ အျပာေရာင္အား လိုင္းအစင္း ေရာင္ျပန္ဒီဇိုင္းပုံစံျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ၿပီး Galaxy A50 အား အျဖဴ၊ အမည္း၊ အျပာေရာင္အား သက္တန႔္ေရာင္ ေရာင္ျပန္ပုံစံ ဒီဇိုင္းျဖင့္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။

ေဈးႏႈန္းအေနျဖင့္ 64 GB Storage ႏွင့္ 4GB RAM ပါဝင္ေသာ Galaxy A30 အား ၃၄၅,၀၀၀ က်ပ္ျဖင့္လည္းေကာင္း၊ 64GB storage ႏွင့္ 4GB RAM ပါဝင္ေသာ Galaxy A50 အား ၄၃၉,၀၀၀ က်ပ္ျဖင့္လည္းေကာင္း၊ 6GB storage ႏွင့္ 128 GB RAM ပါဝင္ေသာ Galaxy A50 အား ၅၁၉,၀၀၀ က်ပ္ျဖင့္လည္းေကာင္း အသီးသီးဝယ္ယူရရွိႏိုင္မည္ ျဖစ္သည္။

[Unicode]

နေ့စဉ်လူနေမှုဘဝကို ပိုမိုသက်ဝင်လှုပ်ရှားလာစေရန် ရည်ရွယ်၍ ထုတ်လုပ်ထားသော Samsung Galaxy A Series စမတ်ဖုန်းသစ်များအား မြန်မာနိုင်ငံတွင် မိတ်ဆက်

ပြောင်းလဲလာသောခေတ်ရေစီးကြောင်းနှင့်အညီ ပိုမိုလွယ်ကူစွာချိတ်ဆက်ပေးမည့် Galaxy A30 နှင့် A50

အဆင့်မြှင့်တင်ထားသော လုပ်ဆောင်ချက်များ၊ သင့်တင့်သောဈေးနှုန်းဖြင့် Galaxy A10 နှင့် A20

Samsung Myanmar မှ အသစ်ထွက်ရှိလာသော Galaxy A Series စမတ်ဖုန်းအသစ်များအား ပျော်ရွှင်စရာအစီအစဉ်များဖြင့် ရန်ကုန်မြို့ရှိ Junction City တွင် ယနေ့ စတင်မိတ်ဆက်လိုက်သည်။ ကနဦးမိတ်ဆက်မှုအနေဖြင့် Galaxy A30 နှင့် A50 ဖုန်းများသည် မိုဘိုင်းဖုန်းကဏ္ဍ၏ ဆန်းသစ်တီထွင်မှုများ ဖြစ်သည့် အကောင်းမွန်ဆုံး ကြည့်ရှုမှုအတွေ့အကြုံ၊ တာရှည်ခံသော ဘက်ထရီ လုပ်ဆောင်ချက်နှင့်အတူ သာမန်မျက်လုံးဖြင့် မြင်တွေ့ရသည့်အတိုင်း အရည်အသွေးမြင့် ဓာတ်ပုံများကိုရိုက်ကူးနိုင်မည့် ကင်မရာ အစရှိသည့် လုပ်ဆောင်ချက်များပါဝင်သောကြောင့် ဖုန်းတစ်လုံး၏ အဓိက လိုအပ်ချက်များအား ထည့်သွင်းထားပြီး ဈေးနှုန်းသင့်တင့်သော ဖုန်းအမျိုးအစားများ ဖြစ်ကြသည်။

“စမတ်ဖုန်းတီထွင်ဆန်းသစ်မှုတွေမှာ ဦးဆောင်လျက်ရှိတဲ့ Samsung အနေနဲ့ ဖုန်းသုံးစွဲသူတွေ အလိုရှိနေကြတဲ့ ပိုမိုသာလွန်ကောင်းမွန်ပြီး ဖုန်းသုံးစွဲမှုအတွေ့အကြုံတွေကို ဒီ A Series စမတ်ဖုန်းတွေကတစ်ဆင့် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Generation တိုင်းမှာ မတူညီတဲ့ဆက်သွယ်ချိတ်ဆက်မှုနည်းလမ်းတွေ ရှိကြပါတယ်။ Galaxy J Series ကို အဆင့်မြင့်ထားတဲ့ Galaxy ASeries ဟာ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အဖော်ပြုနိုင်မယ့် စမတ်ဖုန်းတစ်လုံးအဖြစ် ကိုက်ညီမှုရှိအောင် ဖန်တီးထားတာဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။

Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှ အဖွင့်အမှာစကားပြောကြားနေစဉ်

“အခုဆိုရင် လူတွေတစ်ဦးနဲ့တစ်ဦး ဆက်သွယ်တဲ့ပုံစံတွေက ပြောင်းလာပါတယ်။ ကျွန်တော်တို့က Generation-Z တွေအတွက် အဓိက ရည်ရွယ်ပြီး ဒီ Galaxy A Series ကို သူတို့တွေရဲ့ချိတ်ဆက်မှု တွေအတွက် အဓိကပံ့ပိုးကူညီပေးနိုင်မယ့် စမတ်ဖုန်းနည်းပညာတွေနဲ့အတူ တည်ဆောက်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ဒီ Galaxy A series အသစ်မှာဆိုရင် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘ၀ ဆက်သွယ်မှုတွေကို အကျိုးပြုနိုင်မယ့် လိုအပ်တဲ့ စမတ်ဖုန်းလုပ်ဆောင်ချက်တွေကို တိုးမြှင့်ပေးထားပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းကလည်း “ဘဝဆိုတာ အမြဲလှုပ်ရှားသက်ဝင်နေတယ်” ဆိုတာကို သိကြပါတယ်။” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားသည်။

Samsung အနေနှင့် ယနေ့ခေတ် လူငယ်များ အချင်းချင်းဆက်သွယ်ကြသည့်နည်းလမ်းများအပေါ်အခြေခံ၍ Galaxy A series အသစ်ကို တီထွင်ဖန်တီးထားခြင်းဖြစ်သည်။ ယခု A Series အသစ်တွင် အလိုအလျောက် ပူးပေါင်းဆောင်ရွက်သော တုံ့ပြန်များအား အမီလိုက်နိုင်မည့် ကွဲပြားခြားနား၍ စွမ်းဆောင်ရည်ကောင်းသော ထုတ်ကုန ပေးစွမ်းသွားမည် ဖြစ်သည်။ အဆင့်မြှင့်တင်ထားသော Galaxy A Series ကို model နှစ်မျိုးဖြင့် စတင်မိတ်ဆက်သွားမည်ဖြစ်ပါသည်။

G-Fatt၊ John Thanga နှင့် Audrey Wai တို့မှ Gen-Z အကြောင်းဆွေးနွေးနေစဉ်

Galaxy A50
· Galaxy A50 ဖုန်း၏ အဆင့်မြင့်သော ကင်မရာ လုပ်ဆောင်ချက်၊ ကြာရှည်ခံပြီး လျင်မြန်စွာ အားဖြည့်သွင်းနိုင်သော ဘက်ထရီ နှင့် အဆုံးအစမဲ့ U ဖုန်းမျက်နှာပြင်များက သင့်ကို ကမ္ဘာကြီးနှင့် အမြဲချိတ်ဆက်ပေးမည် ဖြစ်သည်။
· Galaxy A50 တွင် လူသားတစ်ဦး၏ မျက်လုံးနှင့် အမှန်တကယ် မြင်တွေ့ရသည့်အတိုင်း အတိအကျ ရိုက်ယူပေးနိုင်မည့် ကင်မရာ သုံးလုံးထည့်သွင်းပေးထားသည်။
· Ultra Wide Lens နှင့်အတူ သဘာဝပုံရိပ်အားလုံးကို အကန့်အသတ်မရှိ ရိုက်ယူနိုင်မည်ဖြစ်သည်။ “Intelligent Switch” လုပ်ဆောင်ချက်နှင့်အတူ သင်၏ ကင်မရာမှ Wide Shot Mode အသုံးပြုနိုင်မည့် အချိန်ကို ခွဲခြားအကြံပြုပေးမည်ဖြစ်သည်။
· 25 MP ရှိသော ကင်မရာနှင့် အလင်းရောင်အားကောင်းသော နေ့လည်အချိန်တွင် ကြည်လင်ပြတ်သားသည့်ပုံရိပ်များ ရိုက်ကူးနိုင်မည်ဖြစ်ပြီး အသစ်တီထွင်ဖန်တီးထားသော Lens သည် အမှောင်ထဲတွင် အလင်းရောင်ကို မြင်သာစေပြီး အစက်အပြောက်ထခြင်းများကို လျှော့ချကာ ကြည်လင်သော ရိုက်ချက်များကို ရရှိစေမည်ဖြစ်သည်။ ဓာတ်ပုံရိုက်ရာတွင် ပိုမိုသိသာစေချင်သောအပိုင်းကို Depth Lens ဖြင့် ပြုပြင်နိုင်စေခြင်းဖြင့် Live Focus အတွေ့အကြုံကို ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။
· AI ကင်မရာကို အသုံးပြု၍ Scene Optimizer နှင့် ပုံပေါင်းနှစ်ဆယ်မှ အကောင်းဆုံးပုံရိပ်ကို ရိုက်ယူနိုင်မည်ဖြစ်သည်။ Flaw Detection ကို အသုံးပြုခြင်းဖြင့် ပြီးပြည့်စုံသော portrait ပုံရိပ်များကို ရရှိစေမည်ဖြစ်သည်။
· Selfie Camera တွင် ပါဝင်သော Selfie Focus ဖြင့် နောက်ခံကို မှုန်ဝါးစေကာ Portrait ပုံများကို အကောင်းမွန်ဆုံး ရိုက်ကူးနိုင်မည်ဖြစ်သည်။
· Galaxy A 50 တွင် On-screen fingerprint ပါရှိသည့်အတွက် လက်အနေအထားပြောင်းရွှေ့စရာမလိုပဲ ဖုန်းကို လွယ်ကူစွာဖွင့်နိုင်မည်ဖြစ်သည်။ Galaxy A50 သည် ပါးလွှာ၍ ချောမွေ့သောဒီဇိုင်းဖြင့်ဖန်တီးထားသောကြောင့် လက်အတွင်းမြဲမြံစွာကိုင်တွယ်နိုင်ပြီး အကွေးပုံစံဒီဇိုင်းနှင့် တွေ့မြင်ရမည် ဖြစ်သည်။

Samsung Myanmar ၏ Product Manager  မစိုးလဲ့လဲ့ဝင်း မှ ထုတ်ကုန်အကြောင်းရှင်းပြနေစဉ်

Galaxy A30
Galaxy A30 တွင် လျင်မြန်သောအားသွင်းစနစ်အား ထည့်သွင်းထားပြီး 4000 mAh ပါရှိသော ဘတ်ထရီကိုတပ်ဆင်ထားသောကြောင့် အစဉ်အမြဲသွားလာလှုပ်ရှားနေရသူများအတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၆.၄ လက်မ အရွယ်အစားရှိ Super AMOLED အဆုံးအစမဲ့ မျက်နှာပြင်ကြောင့် အကောင်းဆုံးကြည့်ရှုမှု အတွေ့အကြုံ နှင့် ဂိမ်းကစားရာတွင် စံထားရလောက်သည့် အကောင်းမွန်ဆုံးသော အတွေ့အကြုံများကို ခံစားရရှိစေမည်ဖြစ်သည်။ ဗွီဒီယိုကြည့်ခြင်းနှင့် တစ်ချိန်တည်းတွင်လုပ်ငန်းများစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် အလုပ်များသူများအနေဖြင့်လည်း အမှတ်တရအခိုက်အတန့်များကို သိမ်းဆည်ထားနိုင်မည်ဖြစ်သည်။

Galaxy A30 တွင် ချောမွေ့သော ဖုန်းအသုံးပြုမှုအတွေ့အကြုံများကို ဖန်တီးပေးထားပြီး အဆင့်မြင့် ကင်မရာနှစ်လုံးနှင့် Ultra Wide Angle Lens ပါဝင်ရုံသာမက ရိုးရှင်းပြီး လုံခြုံစိတ်ချရသော ကျောဘက်လက်ဗွေရာစနစ်နှင့် Face Unlock စနစ်များကိုလည်းထည့်သွင်းပေးထားသည်။

Galaxy A Series ၏ ဒုတိယအသုတ်အနေဖြင့် Galaxy A10 နှင့် A20 သည် လာမည့်လထဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ အဆိုပါ Galaxy A10 နှင့် A20 တို့အား အဆင့်မြင့်သော လုပ်ဆောင်ချက်များကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် သုံးစွဲလိုသူများအတွက် ရောင်းချပေးသွားမည်ဖြစ်သည်။

Samsung သည် Galaxy A Series တစ်ခုလုံးဖြင့် သုံးစွဲသူများအား အဆင့်မြင့်သော စမတ်ဖုန်း လုပ်ဆောင်ချက်များကို ပို၍ သင့်တင့်သောဈေးနှုန်းများဖြင့် ရရှိစေနိုင်ရန် ရည်ရွယ်သည်။ Galaxy A30/A50 ဝယ်ယူသူများအနေဖြင့် Premium Care ဝန်ဆောင်မှုဖြစ်သည့် no worry crack ( ဝယ်ယူပြီးချိန်မှ ၃လအတွင်း အရှေ့မှန်ကွဲလျှင် မှန်ပြန်လဲချိန်တွင် ၄၀ ရာခိုင်နှုန်း အထိ သက်သာခွင့်ရရှိမည်ဖြစ်သည်) အစီအစဉ်ကို ခံစားခွင့်ရရှိမည်ဖြစ်သည်။

Kpop အကပြိုင်ပွဲမှ အနိုင်ရရှိသွားသည့် အဖွဲ့

Galaxy A30/A50 စမတ်ဖုန်းသစ်မိတ်ဆက်မှုနှင့်အတူ Samsung Myanmar သည် Mytel နှင့်ပူးပေါင်းထားသောကြောင့် RAM 4GB နှင့် ROM 64GB ပါဝင်သော Galaxy A30 နှင့် A50 ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် လစဉ် ဒေတာအသုံးပြုမှု 2GB နှင့် Mytel ဖုန်းအချင်းချင်းခေါ်ဆိုမှု မိနစ်ပေါင်း ၂၀၀ အား ၆လ ဆက်တိုက် ရရှိနိုင်မည်ဖြစ်သည်။ 6GB RAM နှင့် 128GB ပါဝင်သော Galaxy A50 ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် ဒေတာအသုံးပြုမှု 3GB နှင့် Mytel ဖုန်းအချင်းချင်းခေါ်ဆိုမှု မိနစ်ပေါင်း ၃၀၀ အား ၆လ ဆက်တိုက်ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ Samsung ချစ်သူများအနေဖြင့် ကြိုတင်မှာယူလိုပါက မတ်လ ၁၈ ရက်မှ မတ်လ ၂၇ ရက်၊ ၂၀၁၉ အတွင်း နီးစပ်ရာ Samsung အရောင်းဆိုင်နှင့် ရန်ကုန်၊ မန္တလေးမြို့အတွင်းရှိ အရောင်းကိုယ်စားလှယ်ဆိုင်များတွင် စရန်ငွေ ၃၀,၀၀၀ ကျပ်ပေးသွင်း၍ မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအနေဖြင့် မှာယူထားသော ဖုန်းများအား အဆိုပါဆိုင်များတွင် မတ်လ ၂၈ ရက်၊ ၂၀၁၉ မှစတင်၍ သွားရောက်ထုတ်ယူနိုင်သည်။ အထူးအခွင့်အရေးအနေဖြင့် ကြိုတင်မှာယူသူများသည် lucky draw အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပြီး ကံထူးသူ အယောက်နှစ်ဆယ်သည် ဧပြီပထမအပတ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Galaxy A Series မိတ်ဆက်ပွဲ အခမ်းအနားသို့ စရိတ်ငြိမ်း သွားရောက်ခွင့် ရရှိမည်ဖြစ်သည်။

Galaxy A30 နှင့် A50 စမတ်ဖုန်းများအား မြန်မာနိုင်ငံအဝန်းတွင် မတ်လ ၂၉ ရက်၊ ၂၀၁၉ မှစတင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy A30 အား အဖြူရောင်၊ အမည်းရောင်နှင့် အပြာရောင်အား လိုင်းအစင်း ရောင်ပြန်ဒီဇိုင်းပုံစံဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး Galaxy A50 အား အဖြူ၊ အမည်း၊ အပြာရောင်အား သက်တန့်ရောင် ရောင်ပြန်ပုံစံ ဒီဇိုင်းဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

ဈေးနှုန်းအနေဖြင့် 64 GB Storage နှင့် 4GB RAM ပါဝင်သော Galaxy A30 အား ၃၄၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 64GB storage နှင့် 4GB RAM ပါဝင်သော Galaxy A50 အား ၄၃၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 6GB storage နှင့် 128 GB RAM ပါဝင်သော Galaxy A50 အား ၅၁၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဝယ်ယူရရှိနိုင်မည် ဖြစ်သည်။