[Unicode]

စက်တင်ဘာလမှာ Samsung က Galaxy A30s ကို အိန္ဒိယမှာ ကြေညာခဲ့ပါတယ်။ အဲဒီ မော်ဒယ်မှာ 64GB ပဲပါပါတယ်။ အခုတော့ 91mobiles က 128GB မော်ဒယ်ကို ရောင်းပေးလိုက်ပြီလို့ ပြောပါတယ်။ 64GB မော်ဒယ်မှာလိုပဲ 128GB မော်ဒယ်မှာလည်း 4GB RAM ပဲပါလာပါတယ်။ မော်ဒယ် အသစ်ကို ၁၅,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းစွန်းစွန်းလောက်ကျသင့်မှာပါ။ Prism Crush White, Prism Crush Violet နဲ့ Prism Crush Black အရောင်တွေ ထုတ်ထားပါတယ်။

Galaxy A30s မှာ ၆.၄ လက်မ Infinity-V Super AMOLED 720x1560p မျက်နှာပြင် ထည့်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Exynos 7904 Octa-core Chipset မောင်းနှင်ထားပြီး 4GB RAM ပါပါတယ်။ microSD Card စိုက်နိုင်ပြီး 15W Charging ပါတဲ့ 4,000mAh Battery ထည့်ထားပါတယ်။

Android 9 Pie ပဲပါတာက သိပ်မမိုက်ပါဘူး။ ဒါပေမယ့် မကြာခင်မှာ Android 10 အခြေပြု One UI 2.0 ရမယ်ဆိုတာက သတင်းကောင်းပါ။ အနောက်ကင်မရာ ၃ လုံးထည့်သွင်းထားပြီး 25MP Main , 8MP Ultrawide နဲ့ 5MP Depth  တွေဖြစ်ပါတယ်။ ကင်မရာတွေနဲ့အတူ LED Flash ပူးတွဲထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ Dual SIM Support , 4G VoLTE , Wi-Fi 802.11ac, Bluetooth 5.0, GPS နဲ့ NFC ဆက်သွယ်မှုတွေ ပါပါတယ်။ USB-C Port ပါတဲ့အတွက် ဒေတာကူးပြောင်းတာနဲ့ အားသွင်းတာတွေ မြန်ပါတယ်။

Ref : gizmochina

[Zawgyi]

Samsung Galaxy A30s ရဲ႕ 128GB ေမာ္ဒယ္ကို အိႏၵိယမွာ ေရာင္းၿပီ

စက္တင္ဘာလမွာ Samsung က Galaxy A30s ကို အိႏၵိယမွာ ေၾကညာခဲ့ပါတယ္။ အဲဒီ ေမာ္ဒယ္မွာ 64GB ပဲပါပါတယ္။ အခုေတာ့ 91mobiles က 128GB ေမာ္ဒယ္ကို ေရာင္းေပးလိုက္ၿပီလို႔ ေျပာပါတယ္။ 64GB ေမာ္ဒယ္မွာလိုပဲ 128GB ေမာ္ဒယ္မွာလည္း 4GB RAM ပဲပါလာပါတယ္။ ေမာ္ဒယ္ အသစ္ကို ၁၅,၉၉၉ ရူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၃ သိန္းစြန္းစြန္းေလာက္က်သင့္မွာပါ။ Prism Crush White, Prism Crush Violet နဲ႔ Prism Crush Black အေရာင္ေတြ ထုတ္ထားပါတယ္။

Galaxy A30s မွာ ၆.၄ လက္မ Infinity-V Super AMOLED 720x1560p မ်က္ႏွာျပင္ ထည့္ထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ပါပါတယ္။ Exynos 7904 Octa-core Chipset ေမာင္းႏွင္ထားၿပီး 4GB RAM ပါပါတယ္။ microSD Card စိုက္ႏုိင္ၿပီး 15W Charging ပါတဲ့ 4,000mAh Battery ထည့္ထားပါတယ္။

Android 9 Pie ပဲပါတာက သိပ္မမိုက္ပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ Android 10 အေျချပဳ One UI 2.0 ရမယ္ဆိုတာက သတင္းေကာင္းပါ။ အေနာက္ကင္မရာ ၃ လံုးထည့္သြင္းထားၿပီး 25MP Main , 8MP Ultrawide နဲ႔ 5MP Depth  ေတြျဖစ္ပါတယ္။ ကင္မရာေတြနဲ႔အတူ LED Flash ပူးတြဲထားပါတယ္။ ဆဲလ္ဖီး ကင္မရာက 16MP ျဖစ္ပါတယ္။ Dual SIM Support , 4G VoLTE , Wi-Fi 802.11ac, Bluetooth 5.0, GPS နဲ႔ NFC ဆက္သြယ္မႈေတြ ပါပါတယ္။ USB-C Port ပါတဲ့အတြက္ ေဒတာကူးေျပာင္းတာနဲ႔ အားသြင္းတာေတြ ျမန္ပါတယ္။

Ref : gizmochina