Samsung ဟာ အခုနောက်ပိုင်းမှာ Flagship ဖုန်းတွေအပြင် Mid Range ဖုန်းအများအပြားကိုကို Android Update တွေဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy A30s ဖုန်းအတွက် Android 10 Update ကို ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Galaxy A30s အတွက် Android 10 Update နဲ့အတူ OneUI 2.0 ကိုပါ Update ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ March 2020 Security Patch လည်းပါဝင်လာဦးမှာပါ။

လောလောဆယ်မှာတော့ ဒီ Android 10 Update ကို Afghanistan ၊ Iraq ၊ Laos ၊ Libya ၊ Malaysia ၊ Philippines ၊ Russia ၊Taiwan ၊ Thailand ၊ Vietnam နဲ့ UAE နိုင်ငံတွေမှာ စတင်ရရှိမှာဖြစ်ပြီး ကျန်တဲ့နိုင်ငံနဲ့ Region တွေအတွက်ကတော့ မကြာခင်မှာ Update လုပ်နိုင်မယ်လို့ သိရပါတယ်။ အဆိုပါ Android 10 Update ရဲ့ Firmware Version ကတော့ A307FNXXU2BTD1 ဖြစ်ပြီး File Size အနေနဲ့ 1.5GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

အခု Android 10 Update နဲ့အတူ System-wide Dark Mode ၊ Navigation Gesture အသစ်တွေအပြင် Location နဲ့ Privacy ပိုင်းမှာလည်း Feature Update တွေပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena