Zawgyi
Samsung ဟာ Galaxy A Series စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း အဆိုပါ A Series စမတ်ဖုန်းတွေထဲက A30 စမတ်ဖုန်းကို Update Version အနေနဲ့ A30s ဆိုပြီး မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။
အစောပိုင်းကလည်း Galaxy A30s ဖြစ်လာနိုင်တဲ့ Model Number SM-A307FN ကို Geekbench မှာ တွေ့ခဲ့ရပြီး Octa-Core 1.58GHz Processor နဲ့ RAM 3GB ပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Galaxy A30s မှာလည်း Exynos 7904 Processor ကိုပဲ ဆက်သုံးလာနိုင်ပြီး A30 လိုပဲ 4GB RAM Version လည်း ရှိလာနိုင်ပါတယ်။
Ref – Gizmo China
Unicode
Samsung ကနေ မနှစ်တုန်းကနေ စပြီးတော့ Galaxy A Series စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း အဆိုပါ A Series စမတ်ဖုန်းတွေက A30 စမတ်ဖုန်းကို Update Version အနေနဲ့ A30s ဆိုပြီး မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။
အခုသတင်းကို 91Mobiles မှာ စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီးတော့ Samsung Galaxy A30s က Triple Camera Setup ကို သုံးလာမယ့်အပြင် Infinity-V Display ကိုပါ ပြောင်းလဲအသုံးပြုလာမှာပါ။ ဒါတွေကတော့ ယခင် A30 ဖုန်းရဲ့ Dual Camera Setup နဲ့ Infinity-U Display တွေကနေ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။
ဒါပေမယ့်လည်း ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Galaxy A30s မှာ ပြောင်းလဲမှုရှိမှာမဟုတ်ဘဲ အပိုပါလာတာတဲ့ Camera Sensor ကလည်း Portrait အတွက် Depth Sensor ပဲ ဖြစ်ဖို့များနေပါတယ်။ အခု Galaxy A30s ဖုန်းကို Samsung က India မှာ ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။
အစောပိုင်းကလည်း ဒီ Galaxy A30s ဖြစ်လာနိုင်တဲ့ Model Number SM-A307FN ကို Geekbench မှာ တွေ့ခဲ့ရပြီးတော့ Octa-Core 1.58GHz Processor နဲ့ RAM 3GB ပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Galaxy A30s မှာလည်း Exynos 7904 Processor ကိုပဲ ဆက်သုံးလာနိုင်ပြီးတော့ A30 လိုပဲ 4GB RAM Version လည်း ရှိလာနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ယခင်တုန်းကထွက်ရှိခဲ့တဲ့ Galaxy A Series ဖုန်းတွေထဲမှာ A30 ဖုန်းကလည်း Super AMOLED Display ၊ 4000mAh Battery နဲ့ USB-C 15W Fast Charging စနစ်တွေကြောင့် အောင်မြင်ခဲ့တော့ ဒီ Galaxy A30s လည်း အောင်မြင်လာမလားဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာပါ။
Ref – Gizmo China