Unicode

Samsung ရဲ့ ပြန်လည်ဆန်းသစ်လာတဲ့ Galaxy A စီးရီးဟာ ၂၀၁၉ အတွင်းမှာတော့ မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုရခဲ့ပြီး အဓိက စမတ်ဖုန်းစီးရီးတစ်ခုအသွင် ကူးပြောင်းလာခဲ့ပါပြီ။ ဒီအရှိန်ကို ဆက်လက်ထိန်းသိမ်းသွားဦးမယ့် ပုံကို ၂၀၂၀ အစမှာတင် မြင်တွေ့ရပြီး A51 နဲ့ A71 တို့ကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ပိုပြီးဈေးချိုတဲ့ ဗားရှင်းတွေဖြစ်တဲ့ A31 နဲ့ A41 တို့ကလည်း နောက်ကနေ လိုက်ပါလာဦးမှာပါ။ ဒီဟန်းဆက် အသစ်နှစ်ခုအတွက် သတင်းသိပ်မကြားခဲ့ရပေမယ့် ဒီနေ့မှာတော့ အရေးပါတဲ့ Specs အချို့ စတင်ပေါက်ကြားလာခဲ့ပါပြီ။

Galaxy A31 ဖုန်းမှာ 48MP အဓိက ကင်မရာပါဝင်မှာဖြစ်ပြီး 5MP Macro Sensor နဲ့ တွဲဖက်လာမယ်လို့ ဆိုတာကြောင့် ယခင် 16MP + 5MP သာပါဝင်ခဲ့တဲ့ A30 ထက် သိသာစွာတိုးမြှင့်လာတာဖြစ်ပါတယ်။ သူ့ရဲ့ဘက္ထရီကတော့ 5,000 mAh ဖြစ်ပါတယ်။

A41 စမတ်ဖုန်းမှာလည်း 48MP အဓိက Sensor ကိုပဲမြင်ရမှာဖြစ်ပေမယ့် နောက်ဘက်မှာ ပါဝင်မယ့် အခြားကင်မရာတွေကိုတော့ မသိရသေးပါဘူး။ ရှေ့ဘက်ဆဲလ်ဖီကင်မရာကတော့ 25MP ဖြစ်မယ်လို့ ဆိုပါတယ်။ A31 နဲ့ A41 နှစ်ခုလုံးမှာ အခြေခံ Storage အဖြစ် 64GB ပါဝင်မှာပါ။ လောလောဆယ် တရားဝင်မိတ်ဆက်ရက်ကို လုံးဝ မသိရသေးပေမယ့် အချိန်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ အချက်အလက်တွေ ဆက်လက်ပေါ်ပေါက်လာဦးမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena

Zawgyi

Samsung ရဲ႕ ျပန္လည္ဆန္းသစ္လာတဲ့ Galaxy A စီးရီးဟာ ၂၀၁၉ အတြင္းမွာေတာ့ ေမွ်ာ္မွန္းထားတဲ့အတုိင္း ေအာင္ျမင္မႈရခဲ့ၿပီး အဓိက စမတ္ဖုန္းစီးရီးတစ္ခုအသြင္ ကူးေျပာင္းလာခဲ့ပါၿပီ။ ဒီအရွိန္ကို ဆက္လက္ထိန္းသိမ္းသြားဦးမယ့္ ပုံကို ၂၀၂၀ အစမွာတင္ ျမင္ေတြ႕ရၿပီး A51 နဲ႔ A71 တုိ႔ကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါ့အျပင္ ပုိၿပီးေစ်းခ်ဳိတဲ့ ဗားရွင္းေတြျဖစ္တဲ့ A31 နဲ႔ A41 တုိ႔ကလည္း ေနာက္ကေန လုိက္ပါလာဦးမွာပါ။ ဒီဟန္းဆက္ အသစ္ႏွစ္ခုအတြက္ သတင္းသိပ္မၾကားခဲ့ရေပမယ့္ ဒီေန႔မွာေတာ့ အေရးပါတဲ့ Specs အခ်ဳိ႕ စတင္ေပါက္ၾကားလာခဲ့ပါၿပီ။

Galaxy A31 ဖုန္းမွာ 48MP အဓိက ကင္မရာပါဝင္မွာျဖစ္ၿပီး 5MP Macro Sensor နဲ႔ တြဲဖက္လာမယ္လို႔ ဆုိတာေၾကာင့္ ယခင္ 16MP + 5MP သာပါဝင္ခဲ့တဲ့ A30 ထက္ သိသာစြာတုိးျမွင့္လာတာျဖစ္ပါတယ္။ သူ႕ရဲ႕ဘကၳရီကေတာ့ 5,000 mAh ျဖစ္ပါတယ္။

A41 စမတ္ဖုန္းမွာလည္း 48MP အဓိက Sensor ကုိပဲျမင္ရမွာျဖစ္ေပမယ့္ ေနာက္ဘက္မွာ ပါဝင္မယ့္ အျခားကင္မရာေတြကိုေတာ့ မသိရေသးပါဘူး။ ေရွ႕ဘက္ဆဲလ္ဖီကင္မရာကေတာ့ 25MP ျဖစ္မယ္လို႔ ဆုိပါတယ္။ A31 နဲ႔ A41 ႏွစ္ခုလုံးမွာ အေျခခံ Storage အျဖစ္ 64GB ပါဝင္မွာပါ။ ေလာေလာဆယ္ တရားဝင္မိတ္ဆက္ရက္ကို လုံးဝ မသိရေသးေပမယ့္ အခ်ိန္အနည္းငယ္အတြင္းမွာ သူတုိ႔ရဲ႕ အခ်က္အလက္ေတြ ဆက္လက္ေပၚေပါက္လာဦးမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena