Samsung ရဲ့ Galaxy A Series စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy A31 ကို အခုအချိန်မှာတော့ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီ Galaxy A31 စမတ်ဖုန်းဟာ မကြာသေးခင်တုန်းကမှ မိတ်ဆက်ထားခဲ့တဲ့ Galaxy M31 ဖုန်းနဲ့ ဆင်တူပေမယ့် ပိုကောင်းတဲ့ Feature တွေလည်းပါဝင်နေပါတယ်။

အရင်ဆုံး Display အနေနဲ့ 6.4″ 20:9 Full HD+ Super AMOLED Display ကို အသုံးပြုထားပြီး 20MP Selfie Camera ကို Waterdrop Notch အနေနဲ့ ထည့်သွင်းထားပါတယ်။ ဒီနေရာမှာ အားရဖို့ကောင်းတာက Fingerprint Sensor ကို Physical Fingerprint Sensor အစား In-Display Fingerprint အဖြစ် အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့တော့ 48MP Primary Sensor အပြင် 8MP 123-degree Ultrawide Sensor ၊ 5MP Macro Sensor နဲ့ 5MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားပါတယ်။ အဲ့ဒီအတွက် ပုံမှန် Mid Range ဖုန်းတစ်လုံးအနေနဲ့ကတော့ မဆိုးဘူးလို့ ပြောရမှာပါ။

Performance ပိုင်းအနေနဲ့ကတော့ MediaTek ရဲ့ Helio P65 Chipset ကို အသုံးပြုထားတယ်လို့ ယူဆရပြီး RAM 4GB ၊ Storage 64GB နဲ့ RAM 6GB ၊ Storage 128GB ဆိုပြီး ၂ မျိုးဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် MicroSD Card ကနေလည်း 512GB အထိ ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 500mAh Battery ပါဝင်လာမှာဖြစ်ပြီး 15W Fast Charging ကို Support ပေးမယ်လို့ သိရပါတယ်။ အရောင်တွေအနေနဲ့ Prism Crush Black ၊ Prism Crush Blue ၊ Prism Crush Red နဲ့ Prism Crush White ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ အတိအကျသိရှိရခြင်းမသိသေးပေမယ့် လက်ရှိရောင်းချနေတဲ့ Galaxy A30 ၊ A30s စျေးဝန်းကျင်နဲ့ပဲ ရောင်းချသွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena