[Zawgyi]





Ref – GSM Arena

[Unicode]

မနေ့က Samsung Galaxy A40 ဖုန်းသစ်ရဲ့ Render ပုံရိပ်တွေ ပေါက်ကြားတာကို မြင်ခဲ့ရပြီးနောက် A40 ဟာ ဥရောပဈေးကွက်တွေကို တရားဝင် မိတ်ဆက်ဝင်ရောက်လာခဲ့ပါပြီ။ သူ့မှာ Exynos 7885 ချစ်ပ်ဆက်၊ Dual ကင်မရာ၊ 25 MP ဆယ်ဖီကင်မရာနဲ့ OneUI တွေ ပါဝင်ပါတယ်။

Galaxy A40 ဖုန်းဟာ နာမည်အတိုင်းပဲ Galaxy A50 နဲ့ Galaxy A30 တို့ရဲ့ကြားက မော်ဒယ်တစ်ခု ဖြစ်ပါတယ်။ 5.9” လက်မအရွယ် Super AMOLED မျက်နှာပြင်က Full HD+ Resolution ထောက်ပံ့ပေးပြီး Samsung မှ “Infinity-U Display” လို့အမည်ပေးထားတဲ့ Notch ဒီဇိုင်းပါဝင်တယ်။

မန်မိုရီပိုင်းမှာတော့ 4GB RAM နဲ့ 64GB Storage ပမာဏတို့ ပါဝင်ကာ MicroSD ကတ်နဲ့ 512 GB ထိ တိုးမြှင့်နိုင်စွမ်းရှိပါတယ်။ နောက်ဘက်ကင်မရာနှစ်လုံးက 16MP + 5MP ဖြစ်ပြီး Galaxy A30 လိုပဲ ပုံမှန် Sensor နဲ့ Ultra-Wide Sensor တို့ပါ။ ရှေ့ဆယ်ဖီကင်မရာကတော့ 25MP f/2.0 ဖြစ်ပါတယ်။

Samsung Galaxy A40 ရဲ့ဈေးနှုန်းက ယူရို ၂၄၉ (မြန်မာငွေ လေးသိန်းသုံးသောင်းကျော်) သတ်မှတ်ထားကာ Black, Blue, Coral နဲ့ White ကာလာလေးမျိုး ထွက်ရှိလာပါတယ်။ ဒီဈေးနှုန်းနဲ့ 3,100 mAh ဘက္ထရီ၊ OneUI အုပ်ထားတဲ့ Android Pie OS နဲ့ ကျောဘက် Fingerprint တို့ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ တရားဝင် တင်ပို့ရောင်းချမယ့်ရက်စွဲကို ဧပြီ ၁၀ ရက်အဖြစ် သတ်မှတ်ထားပါတယ်။

Ref – GSM Arena