Samsung က ဂျပန်မှာ Galaxy A41 ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပေမယ့် ရောင်းဈေး မသိခဲ့ရပါဘူး။ အခုတော့ Samsung Germany က စွမ်းရည်သင့် ဖုန်းရဲ့ ဈေးကို ကြေညာလိုက်ပြီး ၂၉၉ ယူရို သတ်မှတ်ထားပါတယ်။ ဗြိတိန်မှာတော့ ၂၆၉ စတာလင်ပေါင် ဖြစ်ပါတယ်။ မြန်မာငွေ ၄ သိန်း ၆ သောင်းနဲ့ ၄ သိန်း ၇ သောင်းလောက် အသီးသီး ရှိပါတယ်။

Galaxy A41 ဟာ အရင်နှစ်ထုတ် Galaxy A40 ထက် ပိုလန်းလာပါတယ်။ ပိုကြီးတဲ့ ၆.၁ လက်မ Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Full HD+ Resolution ရှိပါတယ်။ 4GB RAM , 64GB Storage နဲ့ အနောက်ကင်မရာ ၃ လုံး ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 64GB Storage ပဲပါတာက သိပ်မမိုက်ပါဘူး။ ဒါပေမယ့် 512GB microSD Card စိုက်နိုင်တာက ရှယ်ပါပဲ။

Dual SIM ဖုန်း ဖြစ်ပြီး Fast Charging ပါတဲ့ 3,500mAh ဘက်ထရီ ပါပါတယ်။ Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပါတယ်။ အနက်၊ အပြာနဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး Prism Crush လို့ ခေါ်တဲ့ အနောက်ဘက် Pattern က မိုက်ပါတယ်။ ဂျာမနီမှာ မေလ ရောင်းမှာ ဖြစ်ပြီး ဗြိတိန်မှာ နောက်လ အနည်းငယ်အတွင်း ရောင်းမှာပါ။

Ref : gsmarena