ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Samsung ဟာ Galaxy A51 နဲ့ Galaxy A71 တို့ကို ဖြန့်ချိခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ နောက်ထပ် Galaxy A စီးရီးစမတ်ဖုန်းသစ်အတွက် အရှိန်မြှင့်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အဲဒါကတော့ Galaxy A41 ပဲ ဖြစ်ပါတယ်။

Galaxy A41 ကို ဇန်နဝါရီလကုန်ပိုင်းတုန်းက Geekbench ပေါ်မှာတွေ့ခဲ့ရတာဟာ MediaTek Helio P65 SoC နဲ့ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတာကတော့ Galaxy A41 ရဲ့ CAD render ပုံတွေပါ။ Render အရ Galaxy 41 ဟာ 6-inch ဒါမှမဟုတ် 6.1-inch အရွယ်အစား မျက်နှာပြင်နဲ့ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ဘေးနှစ်ဖက်က Bezel တွေကတော့ ခပ်ပါးပါးလို့ပြောရပေမယ့် အောက်ခြေ Chin ကတော့ ထူပါတယ်။ Infinity-U Notch နဲ့အတူ Selfie ကင်မရာတစ်လုံးပါဝင်မှာပါ။ ကျောဘက်မှာတော့ လေးထောင့်ပုံစံကင်မရာအိမ်ဖွဲ့စည်းမှုထဲမှာ ကင်မရာသုံးလုံးနဲ့ LED ဖလက်ရှ်တစ်ခု ပါဝင်တာကိုတွေ့ရပါတယ်။ OnLeaks ရဲ့အဆိုအရ 48MP အဓိကကင်မရာလို့ သိရပါတယ်။

Galaxy A41 ရဲ့ ကျောဘက်မှာရော ဘေးဘောင်တွေမှာပါ လက်ဗွေဖတ်စနစ်အတွက် နေရာမတွေ့ရတာကြောင့် In-Display Fingerprint ဖြစ်ဖို့ မျှော်လင့်ရပါတယ်။ ညာဘက်လောင်မှာတော့ အဖွင့်အပိတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေ တပ်ဆင်ထားပါတယ်။ အောက်ခြေမှာ စပီကာ၊ USB-C port နဲ့ 3.5mm audio jack တို့ ရှိနေပါတယ်။

ကောလာဟလတွေအရ Heilo P65 chipset ကို 4GB of RAM နဲ့တွဲပေးထားမယ်လို့ သိရပါတယ်။ သိုလှောင်မှုကတော့ 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးဖြစ်ပါလိမ့်မယ်။ 25MP Selfie ကင်မရာဖြစ်ပြီး 3,500mAh ဘက်ထရီနဲ့ 15W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

Ref: Gizmochina