Samsung ရဲ့ Galaxy A Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Galaxy A41 ဟာ ယခုနှစ်အစောပိုင်းမှာ Leak သတင်းတွေမျိုးစုံပေါက်ကြားခဲ့ပြီး အခုအချိန်မှာတော့ ဂျပန်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အခု Galaxy A41 စမတ်ဖုန်းဟာ 6.1″ Full HD+ Super AMOLED Display ကိုအသုံးပြုထားပြီးတော့ Selfie Camera ကိုတော့ Punch-hole အစား Waterdrop Notch အနေနဲ့ပဲ အသုံးပြုထားတာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ 25MP Sensor ကိုထည့်သွင်းထားပြီး Fingerprint Sensor ကလည်း Under-display Fingerprint Sensor ကို ပြောင်းလဲအသုံးပြုထားပါတယ်။

Camera ပိုင်းမှာလည်း အခုနောက်ပိုင်းလေးထောင့်ပုံစံအစား ပုံမှန် ဒေါင်လိုက်ဒီဇိုင်းကိုပဲ ဆက်လက်အသုံးပြုထားပြီး 48MP Primary Sensor ၊ 8MP Ultrawide နဲ့ 5MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ MediaTek ရဲ့ Helio P65 Processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB နဲ့ Storage ကို 64GB ထည့်သွင်းပေးထားပါတယ်။ Battery ပိုင်းအနေနဲ့ 3500mAh Battery ပါဝင်မှာဖြစ်ပြီး 15W Fast Charging ကို Support ပြုလုပ်တယ်လို့ သိရပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ Galaxy A41 စမတ်ဖုန်းဟာ IP68 Dust & Water Resistance Rating ရရှိထားတာဖြစ်ပြီး Flagship ဖုန်းတွေလိုမျိုးပဲ ရေစိမ်ခံနိုင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ OneUI 2.0 နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။

Samsung Galaxy A41 ကို အရောင်တွေအနေနဲ့ Blue ၊ Black နဲ့ White ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအသေးစိတ်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပါဘူး။

Ref – GSM Arena