မတ်လမှာ ကြေညာခဲ့တဲ့ Samsung Galaxy A41 ကို နယ်သာလန်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ၂၉၉ ယူရို သတ်မှတ်ထားပြီး Samsung နယ်သာလန် ဝက်ဘ်ဆိုက်ကနေ ကြိုတင်ရောင်းချပေးနေပါတယ်။ Prism Crush Black , Prism Crush White နဲ့ Prism Crush Blue ၃ ရောင် ထုတ်လုပ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၄ သိန်းခွဲလောက်ကျသင့်မှာပါ။

Galaxy A41 မှာ Helio P65 SoC မောင်းနှင်ထားပြီး Android 10 အခြေပြု One UI 2.0 ပါလာပါတယ်။ 4GB RAM နဲ့ 64GB Storage ထောက်ပံ့ထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ ၆.၁ လက်မ Super AMOLED Infinity-U မျက်နှာပြင် ပါလာပြီး FullHD+ Resolution ရှိပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Galaxy A41 ရဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 5MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 25MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ 3,500mAh ဘက်ထရီ ထည့်သွင်းထားပြီး USB-C Port ကနေ 15W နဲ့ အားသွင်းနိုင်ပါတယ်။

Ref : gsmarena