ပြီးခဲ့တဲ့စက်တင်ဘာလ အစပိုင်းတုန်းက Samsung ဟာ Galaxy A42 5G ကို ကြေညာခဲ့ပါတယ်။ Samsung အမှတ်တံဆိပ်ထဲမှာ ဈေးနှုန်းအသက်သာဆုံး 5G စမတ်ဖုန်းဖြစ်မယ့် Galaxy A42 5G ဟာ လာမယ့်လထဲမှာ ဂျာမနီဈေးကွက်ထဲ စတင်ရောင်းချမယ်လို့မျှော်လင့်ရပါတယ်။

Galaxy A42 5G ကို ၃၆၉ ယူရို (၄ သိန်း ၈ သောင်းဝန်းကျင်) ဈေးနှုန်းနဲ့ ရောင်းချမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ Samsung ထဲက ဈေးအသက်သာဆုံး 5G ဖုန်းလို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့လတုန်းက စာနယ်ဇင်းထုတ်ပြန်မှုမှာ ဒီဟန်းဆက်ကို အနက်ရောင်နဲ့ ဖော်ပြခဲ့ပါတယ်။ အခုတော့ အဖြူနဲ့ မီးခိုးရောင်ကိုပါ ထပ်ပြီးတွေ့မြင်လာရပြီ ဖြစ်ပါတယ်။

Galaxy A42 5G ဟာ စတုရန်းပုံကင်မရာအိမ်ထဲမှာ ကင်မရာလေးလုံးကို တူညီတဲ့ပုံစံနဲ့ တစ်စုတည်းထည့်သွင်းတပ်ဆင်ထားပါတယ်။ ကင်မရာအိမ်ရဲ့အောက်မှာတော့ LED ဖလက်ရှ်မီးကို တွေ့မြင်နိုင်ပါတယ်။ မျက်နှာပြင်မှာတော့ Waterdrop notch နဲ့အတူ Selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

ဟန်းဆက်ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 6.6-inch ဖြစ်ပြီး AMOLED ဖြစ်ပါတယ်။ 1080 x 2400 pixels Full HD+ resolution နဲ့ 20:9 aspect ratio လည်း ဖြစ်ပါတယ်။ မျက်နှာပြင်အောက်မှာတော့ Fingerprint scanner ရှိနေပါတယ်။ Android 10 ကို အခြေခံထားတဲ့ One UI 2.5 ကို ထည့်သွင်းမောင်းနှင်ထားတာဖြစ်ပါတယ်။

အသုံးပြုထားတဲ့ Chipset ကတော့ Qualcomm 750G ဖြစ်မယ်လို့ ယူဆရပါတယ်။ 6GB of RAM နဲ့တွဲဖက်ထားပြီး ဘက်ထရီက 5,000mAh ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။ Selfie ကင်မရာဟာ 20MP ဖြစ်ပြီး ကျောဘက်မှာတော့ 48MP အဓိကကင်မရာ၊ 8MP (ultrawide) + 5MP (macro) + 5MP (depth) တို့ဖြစ်တယ်လို့ သိရပါတယ်။

Ref: Gizmochina