[Zawgyi]

Samsung အေနနဲ႔ Punch Hole Display အသုံးျပဳ Galaxy A8s စမတ္ဖုန္းကို မၾကာေသးခင္ကမွ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Galaxy A8s က Mid-Range စမတ္ဖုန္းအမ်ိဴးအစားျဖစ္ပါတယ္။ ဒါ့အျပင္ Budget စမတ္ဖုန္းအမ်ိဴးအစားေတြ ျဖစ္လာမယ့္ Galaxy M စီးရီးေတြကိုလည္း သိပ္မၾကာခင္မွာ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

လူေတာ္ေတာ္မ်ားမ်ား ေမွ်ာ္လင့္ေစာင့္စားေနတဲ့ Samsung Galaxy S10 စီးရီး မိတ္ဆက္ပြဲႀကီးကိုေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ ၂၀ရက္ေန႔ေလာက္မွာ က်င္းပသြားႏိုင္ဖြယ္ရွိပါတယ္။ အဆိုပါ Galaxy S10 စီးရီး မိတ္ဆက္ပြဲ ၿပီးတဲ့အခါမွာေတာ့ Galaxy A စီးရီးေတြျဖစ္တဲ့ Samsung Galaxy A30 နဲ႔ A50 ေတြကို မိတ္ဆက္လာႏိုင္ပါတယ္။

Samsung Galaxy A50 နဲ႔ပတ္သတ္ၿပီး လက္ရွိၾကားသိေနရတဲ့ သတင္းေတြအရဆိုရင္ေတာ့ Galaxy A50 ရဲ႕ Front-Facing Camera အတြက္ 24MP Sensor ကို တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ Security အပိုင္းအတြက္ In-Display Fingerprint Sensor ကို အသုံးျပဳထားႏိုင္ပါတယ္။ Galaxy S10, S10+ တို႔နဲ႔အတူ ပြဲထြက္လာဖြယ္ရွိတဲ့ Ultrasonic In-Display Fingerprint Sensor အမ်ိဴးအစားမဟုတ္ဘဲ သာမန္ Sensor ကို အသုံးျပဳထားႏိုင္ပါတယ္။ ဘက္ထရီကိုေတာ့ 4000mAh အထိ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ Geekbench အခ်က္အလက္ေတြအရဆိုရင္ Galaxy A50 ရဲ႕ Processor အပိုင္းအတြက္ Exynos 9610 SoC ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ အဆိုပါ SoC ဟာ Samsung ရဲ႕ အသစ္စက္စက္ SoC ျဖစ္ၿပီး Galaxy A50 နဲ႔အတူ ပြဲထြက္လာႏိုင္ပါတယ္။ Samsung Galaxy A50 ရဲ႕ မိတ္ဆက္ပြဲေန႔ကို အတိအက် မသိရေသးေပမယ့္ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Q2 2019 (1 April – 30 June) မွာ မိတ္ဆက္သြားႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : gizmochina

[Unicode]

ဘက်ထရီ ကြီးကြီး၊ Processor အသစ်၊ In-display Fingerprint Sensor တွေနဲ့ပွဲထွက်လာနိုင်တဲ့ Galaxy A50

Samsung အနေနဲ့ Punch Hole Display အသုံးပြု Galaxy A8s စမတ်ဖုန်းကို မကြာသေးခင်ကမှ တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Galaxy A8s က Mid-range စမတ်ဖုန်းအမျိူးအစားဖြစ်ပါတယ်။ ဒါ့အပြင် Budget စမတ်ဖုန်းအမျိူးအစားတွေ ဖြစ်လာမယ့် Galaxy M စီးရီးတွေကိုလည်း သိပ်မကြာခင်မှာ မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။

လူတော်တော်များများ မျှော်လင့်စောင့်စားနေတဲ့ Samsung Galaxy S10 စီးရီး မိတ်ဆက်ပွဲကြီးကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၀ရက်နေ့လောက်မှာ ကျင်းပသွားနိုင်ဖွယ်ရှိပါတယ်။ အဆိုပါ Galaxy S10 စီးရီး မိတ်ဆက်ပွဲ ပြီးတဲ့အခါမှာတော့ Galaxy A စီးရီးတွေဖြစ်တဲ့ Samsung Galaxy A30 နဲ့ A50 တွေကို မိတ်ဆက်လာနိုင်ပါတယ်။

Samsung Galaxy A50 နဲ့ပတ်သတ်ပြီး လက်ရှိကြားသိနေရတဲ့ သတင်းတွေအရဆိုရင်တော့ Galaxy A50 ရဲ့ Front-facing Camera အတွက် 24MP Sensor ကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ Security အပိုင်းအတွက် In-display Fingerprint Sensor ကို အသုံးပြုထားနိုင်ပါတယ်။ Galaxy S10, S10+ တို့နဲ့အတူ ပွဲထွက်လာဖွယ်ရှိတဲ့ Ultrasonic In-display Fingerprint Sensor အမျိူးအစားမဟုတ်ဘဲ သာမန် Sensor ကို အသုံးပြုထားနိုင်ပါတယ်။ ဘက်ထရီကိုတော့ 4000mAh အထိ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Geekbench အချက်အလက်တွေအရဆိုရင် Galaxy A50 ရဲ့ Processor အပိုင်းအတွက် Exynos 9610 SoC ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အဆိုပါ SoC ဟာ Samsung ရဲ့ အသစ်စက်စက် SoC ဖြစ်ပြီး Galaxy A50 နဲ့အတူ ပွဲထွက်လာနိုင်ပါတယ်။ Samsung Galaxy A50 ရဲ့ မိတ်ဆက်ပွဲနေ့ကို အတိအကျ မသိရသေးပေမယ့် ကျွမ်းကျင်ပညာရှင်တွေကတော့ Q2 2019 (1 April – 30 June) မှာ မိတ်ဆက်သွားနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : gizmochina