[Zawgyi]

သတင္းေပါက္ၾကားမႈ ျဖစ္ေပၚလာတဲ့ Samsung Galaxy A50 ရဲ႕ ေအာက္ခံကိုယ္ထည္ကို 91mobiles က ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ဒီ႐ုပ္ပုံေတြအရ အတြင္းအစိတ္အပိုင္းေတြနဲ႔ ပတ္သက္တာေတာ့ ဘာမွမသိရေသးေပမယ့္ အခ်က္အလက္ အခ်ိဳ႕ကိုေတာ့ သိခြင့္ရလိုက္ပါတယ္။

ေက်ာဘက္မွာ ခ်န္လွပ္ထားတဲ့ ေနရာဟာ ကင္မရာသုံးလုံးစာ က်ယ္ျပန႔္ေနတာကို ေတြ႕ရပါတယ္။ ေဒါင္လိုက္ အေပါက္ရဲ႕ေအာက္မွာမွ LED Flash အတြက္လို႔ ေျပာရမယ့္ အေပါက္ငယ္တစ္ေပါက္ကလည္း ရွိေနပါေသးတယ္။ အ႐ိုးခံကိုယ္ထည္ကို ၾကည့္ရတာျဖစ္ေပမယ့္ ပုံစံကေတာ့ ကင္မရာသုံးလုံးနဲ႔ Flash အတြက္လို႔ ေျပာဖို႔အတြက္ လုံေလာက္ပါတယ္။

ထြက္ခဲ့ၿပီးသား ေကာလာဟလေတြအရဆိုရင္ေတာ့ Galaxy A50 ရဲ႕ ကင္မရာေတြထဲမွာ တစ္လုံးက 24MP ျဖစ္ပါလိမ့္မယ္။ အျခားတစ္လုံးကေတာ့ 3D ToF module ျဖစ္လာလိမ့္မယ္လို႔ သတင္းထြက္ထားတာပါ။ ဒါ့အျပင္ အေရွ႕ကင္မရာအတြက္လို႔ေျပာရမယ့္ Teardrop notch ေနရာမွာ အေပါက္တစ္ေပါက္ ေဖာက္ထားတာကို ေတြ႕ရတာပါ။ ဒီေနရာမွာလည္း 24MP sensor ကို သုံးႏိုင္ပါတယ္။

လက္ရွိေပါက္ၾကားလာတဲ့ ကိုယ္ထည္မွာ မေတြ႕ျမင္ရတာကေတာ့ Fingerprint reader အတြက္ ေနရာပါ။ ဒါေၾကာင့္ In-display scanner နဲ႔ထြက္လာမယ္ဆိုတဲ့ ေကာလာဟလေတြကို ပိုၿပီးအားေကာင္းသြားေစခဲ့ပါတယ္။ ထပ္ၿပီးခန႔္မွန္းႏိုင္တာက ဒီဖုန္းအတြက္ 4,000 mAh ဘက္ထရီ သုံးထားႏိုင္တယ္ဆိုတာနဲ႔ ေအာက္ေျခမွာ USB-C port အတြက္ ေနရာျပဳလုပ္ထားတယ္ ဆိုတဲ့အခ်က္ေတြပါ။ ေနာက္တစ္ခုကေတာ့ 3.5mm headphone jack အတြက္ ေနရာပါ။ ေအာက္ေျခမွာေတာ့ စပီကာအတြက္ ေနရာ၊ ဒါမွမဟုတ္ အေပါက္ကို မေတြ႕ရပါဘူး။

Samsung Galaxy A50 ဟာ Exynos 9610 chipset သုံးမယ္လို႔ ဆိုပါတယ္။ 4GB RAM နဲ႔ 6GB RAM ဆိုၿပီး ႏွစ္မ်ိဳးခြဲျခားထားသလို သိုေလွာင္မႈပိုင္းမွာလည္း 64GB နဲ႔ 128GB ဆိုၿပီး ခြဲျခားထားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Dual SIM စနစ္ကိုလည္း ေထာက္ပံ့ေပးမယ္လို႔ ဆိုပါတယ္။

Ref: GSMArena

[Unicode]

ကျောဘက်ကင်မရာသုံးလုံး အပြင် In-Display Fingerprint နဲ့ ထွက်လာနိုင်တဲ့ Samsung Galaxy A50

သတင်းပေါက်ကြားမှု ဖြစ်ပေါ်လာတဲ့ Samsung Galaxy A50 ရဲ့ အောက်ခံကိုယ်ထည်ကို 91mobiles က ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီရုပ်ပုံတွေအရ အတွင်းအစိတ်အပိုင်းတွေနဲ့ ပတ်သက်တာတော့ ဘာမှမသိရသေးပေမယ့် အချက်အလက် အချို့ကိုတော့ သိခွင့်ရလိုက်ပါတယ်။

ကျောဘက်မှာ ချန်လှပ်ထားတဲ့ နေရာဟာ ကင်မရာသုံးလုံးစာ ကျယ်ပြန့်နေတာကို တွေ့ရပါတယ်။ ဒေါင်လိုက် အပေါက်ရဲ့အောက်မှာမှ LED Flash အတွက်လို့ ပြောရမယ့် အပေါက်ငယ်တစ်ပေါက်ကလည်း ရှိနေပါသေးတယ်။ အရိုးခံကိုယ်ထည်ကို ကြည့်ရတာဖြစ်ပေမယ့် ပုံစံကတော့ ကင်မရာသုံးလုံးနဲ့ Flash အတွက်လို့ ပြောဖို့အတွက် လုံလောက်ပါတယ်။

ထွက်ခဲ့ပြီးသား ကောလာဟလတွေအရဆိုရင်တော့ Galaxy A50 ရဲ့ ကင်မရာတွေထဲမှာ တစ်လုံးက 24MP ဖြစ်ပါလိမ့်မယ်။ အခြားတစ်လုံးကတော့ 3D ToF module ဖြစ်လာလိမ့်မယ်လို့ သတင်းထွက်ထားတာပါ။ ဒါ့အပြင် အရှေ့ကင်မရာအတွက်လို့ပြောရမယ့် Teardrop notch နေရာမှာ အပေါက်တစ်ပေါက် ဖောက်ထားတာကို တွေ့ရတာပါ။ ဒီနေရာမှာလည်း 24MP sensor ကို သုံးနိုင်ပါတယ်။

လက်ရှိပေါက်ကြားလာတဲ့ ကိုယ်ထည်မှာ မတွေ့မြင်ရတာကတော့ Fingerprint reader အတွက် နေရာပါ။ ဒါကြောင့် In-display scanner နဲ့ထွက်လာမယ်ဆိုတဲ့ ကောလာဟလတွေကို ပိုပြီးအားကောင်းသွားစေခဲ့ပါတယ်။ ထပ်ပြီးခန့်မှန်းနိုင်တာက ဒီဖုန်းအတွက် 4,000 mAh ဘက်ထရီ သုံးထားနိုင်တယ်ဆိုတာနဲ့ အောက်ခြေမှာ USB-C port အတွက် နေရာပြုလုပ်ထားတယ် ဆိုတဲ့အချက်တွေပါ။ နောက်တစ်ခုကတော့ 3.5mm headphone jack အတွက် နေရာပါ။ အောက်ခြေမှာတော့ စပီကာအတွက် နေရာ၊ ဒါမှမဟုတ် အပေါက်ကို မတွေ့ရပါဘူး။

Samsung Galaxy A50 ဟာ Exynos 9610 chipset သုံးမယ်လို့ ဆိုပါတယ်။ 4GB RAM နဲ့ 6GB RAM ဆိုပြီး နှစ်မျိုးခွဲခြားထားသလို သိုလှောင်မှုပိုင်းမှာလည်း 64GB နဲ့ 128GB ဆိုပြီး ခွဲခြားထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Dual SIM စနစ်ကိုလည်း ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

Ref: GSMArena