[Zawgyi]


Samsung Galaxy A50s



Samsung Galaxy A30s



Ref : gsmarena

[Unicode]

အနောက်ကင်မရာ ၃ လုံးစီပါတဲ့ Samsung Galaxy A50s နဲ့ A30s ကို ကြေညာပြီ

Samsung က Galaxy A50s နဲ့ A30s ကို ကြေညာလိုက်ပါတယ်။ Galaxy A50 နဲ့ A30 တို့ရဲ့ မျိုးဆက်တွေ ဖြစ်ပြီး တိုးတက်မှု အနည်းငယ် ပါလာပါတယ်။
Samsung Galaxy A50s
Samsung က A50s ရဲ့ အနောက်ဘက်ကို ရုပ်ကြွ ဒီဇိုင်းနဲ့ ဆန်းသစ်ထားပါတယ်။ Prism Crush Black, Prism Crush White, Prism Crush Green နဲ့ Prism Crush Violet2 စတဲ့ အရောင် ၄ မျိုးထုတ်ထားပါတယ်။ ကင်မရာ အသစ်တွေ ပါလာပြီး 48MP Main , 5MP Depth နဲ့ 8MP 123-degree Ultrawide Cameras တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာကို 25MP ကနေ 32MP နဲ့ အဆင့်မြှင့်ထားပါတယ်။


A50s ရဲ့ အခြား အစိတ်အပိုင်းတွေကတော့ A50 နဲ့ တူပါတယ်။ ၆.၄ လက်မ 1080x2340p Infinity-U Super AMOLED , 10nm Exynos 9610 Octa-core Chipset , 4GB or 6GB RAM , 15W Fast Charging ပါတဲ့ 4,000mAh Battey နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ထည့်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Samsung Galaxy A30s
A30s ကိုလည်း ဒီဇိုင်း ဆန်းသစ်ထားပြီး အရောင်တွေက A50s နဲ့ တူပါတယ်။ အနောက်ကင်မရာကို 16MP ကနေ 25MP နဲ့ အဆင့်မြှင့်ထားပြီး 8MP Ultrawide နဲ့ 5MP Depth Camera တွေနဲ့ တွဲဖက်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာကတော့ A30 နဲ့ တူပြီး 16MP ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာပြီး A30 မှာတော့ ရိုးရိုး လက်ဗွေရာ ကိရိယာ ထည့်ထားတာပါ။

A30s မှာ ၆.၄ လက်မ Infinity-V Super AMOLED 720x1560p Display ထည့်ထားပြီး A30 ရဲ့ 1080p Display ထက် အားနည်းသွားပါတယ်။ 14nm Exynos 7904 Octa-core Chipset , 3GB or 4GB RAM နဲ့ 15W Charging ပါတဲ့ 4,000mAh Battery တွေ ပါပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena