[Zawgyi]

Samsung Galaxy A50 ဟာ ဒီႏွစ္အေစာပိုင္းျဖစ္တဲ့ ေဖေဖာ္ဝါရီလတုန္းက ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးက မူကြဲအမ်ိဳးအစားျဖစ္တဲ့ Galaxy A50s ကို ျမန္ျမန္ဆန္ဆန္ ထုတ္ျပဖို႔ ျပင္ဆင္ေနပုံရပါတယ္။ ဒါေၾကာင့္ Galaxy A50s ဟာ Geekbench မွာ ထြက္ေပၚလာတာပါ။

Geekbench မွာေတာ့ Galaxy A50s ကို ေမာ္ဒယ္နံပါတ္ SM-A507FN နဲ႔ ေတြ႕ျမင္ရပါတယ္။ လႊင့္တင္တဲ့ရက္က ဇူလိုင္ ၉ ရက္ပါ။ သူ႔ရဲ႕ရမွတ္ေတြကေတာ့ Single-core မွာ 1,686 ျဖစ္ၿပီး Multi-core မွာေတာ့ 5,446 အျဖစ္ အသီးသီး ရရွိထားတာကို ေတြ႕ရပါတယ္။ OS ကေတာ့ Android 9 Pie ပဲ ျဖစ္ပါတယ္။

Geekbench အရ ထပ္ၿပီးသိႏိုင္တာကေတာ့ Galaxy A50s ဟာ Exynos 9610 SoC ကို အသုံးျပဳထားၿပီး မွတ္ဉာဏ္ကေတာ့ 4GB of RAM ျဖစ္ပါတယ္။ အခုအေျခအေနအထိကေတာ့ Galaxy A50 နဲ႔ အတူတူပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ A50s ဟာ မတူညီတဲ့ ကင္မရာ၊ မ်က္ႏွာျပင္၊ ဘက္ထရီ စတာေတြနဲ႔အတူ ထြက္ေပၚလာဖြယ္ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။

Galaxy A50s နဲ႔ ပတ္သက္ၿပီးေတာ့ Samsung ဆီကေန သတင္းအစအန ဘာတစ္ခုမွ မရေသးပါဘူး။ ဒါေၾကာင့္ ဘယ္အခ်ိန္ေလာက္မွာ မိတ္ဆက္မယ္ဆိုတာကိုလည္း မသိႏိုင္ေသးဘဲ ျဖစ္ေနပါေသးတယ္။ ေမလေနာက္ဆုံးပတ္က ထြက္လာခဲ့ဖူးတဲ့သတင္းအရဆိုရင္ေတာ့ ၂၀၁၉ ခုႏွစ္ ဒုတိယႏွစ္ဝက္ အေစာပိုင္းမွာပဲ ထြက္ေပၚလာဖြယ္ရွိပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ အခ်က္အလက္ေတြကို သိပ္မၾကာခင္ သိလာရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy A50s ရဲ့ အဓိကအချက်အလက်အချို့ကို Geekbench မှာ တွေ့မြင်ရ

Samsung Galaxy A50 ဟာ ဒီနှစ်အစောပိုင်းဖြစ်တဲ့ ဖေဖော်ဝါရီလတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးက မူကွဲအမျိုးအစားဖြစ်တဲ့ Galaxy A50s ကို မြန်မြန်ဆန်ဆန် ထုတ်ပြဖို့ ပြင်ဆင်နေပုံရပါတယ်။ ဒါကြောင့် Galaxy A50s ဟာ Geekbench မှာ ထွက်ပေါ်လာတာပါ။

Geekbench မှာတော့ Galaxy A50s ကို မော်ဒယ်နံပါတ် SM-A507FN နဲ့ တွေ့မြင်ရပါတယ်။ လွှင့်တင်တဲ့ရက်က ဇူလိုင် ၉ ရက်ပါ။ သူ့ရဲ့ရမှတ်တွေကတော့ Single-core မှာ 1,686 ဖြစ်ပြီး Multi-core မှာတော့ 5,446 အဖြစ် အသီးသီး ရရှိထားတာကို တွေ့ရပါတယ်။ OS ကတော့ Android 9 Pie ပဲ ဖြစ်ပါတယ်။

Geekbench အရ ထပ်ပြီးသိနိုင်တာကတော့ Galaxy A50s ဟာ Exynos 9610 SoC ကို အသုံးပြုထားပြီး မှတ်ဉာဏ်ကတော့ 4GB of RAM ဖြစ်ပါတယ်။ အခုအခြေအနေအထိကတော့ Galaxy A50 နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် A50s ဟာ မတူညီတဲ့ ကင်မရာ၊ မျက်နှာပြင်၊ ဘက်ထရီ စတာတွေနဲ့အတူ ထွက်ပေါ်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Galaxy A50s နဲ့ ပတ်သက်ပြီးတော့ Samsung ဆီကနေ သတင်းအစအန ဘာတစ်ခုမှ မရသေးပါဘူး။ ဒါကြောင့် ဘယ်အချိန်လောက်မှာ မိတ်ဆက်မယ်ဆိုတာကိုလည်း မသိနိုင်သေးဘဲ ဖြစ်နေပါသေးတယ်။ မေလနောက်ဆုံးပတ်က ထွက်လာခဲ့ဖူးတဲ့သတင်းအရဆိုရင်တော့ ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက် အစောပိုင်းမှာပဲ ထွက်ပေါ်လာဖွယ်ရှိပါတယ်။ ဒါကြောင့် နောက်ထပ် အချက်အလက်တွေကို သိပ်မကြာခင် သိလာရမယ်လို့ မျှော်လင့်ပါတယ်။

Ref: GSMArena