Unicode
Samsung ကနေ ပြီးခဲ့တဲ့လတုန်းက Galaxy A51 စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပြီးတော့ အခုအချိန်မှာဆိုရင် 5G Version Galaxy A51 က Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ အခု Galaxy A51 5G စမတ်ဖုန်းဟာ Model Number အနေနဲ့ SM-A516N ဆိုပြီး ထွက်ရှိလာမှာပါ။
Samsung Galaxy A51 5G စမတ်ဖုန်းဟာ Processor ပိုင်းအနေနဲ့ Exynos 980 5G Chipset ကို အသုံးပြုလာမှာဖြစ်ပြီး RAM 6GB နဲ့ Android 10 OS ကို သုံးစွဲထားတာဖြစ်ပါတယ်။ Benchmark အနေနဲ့ကတော့ Single-core 679 Marks နဲ့ Multi-core Score 1,848 Marks ရရှိထားတာလည်းဖြစ်ပါတယ်။
Geekbench ကနေ တခြားသော Specification တွေကိုတော့ အတည်ပြုခဲ့ခြင်းမရှိပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထွက်ရှိတဲ့သတင်းတွေအရတော့ Storage အနေနဲ့ 128GB ကနေ စတင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Camera ပိုင်းနဲ့ Design ပိုင်းတွေကတော့ Galaxy A51 စမတ်ဖုန်းနဲ့ ဆင်တူနိုင်ဖွယ်ရှိနေပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Galaxy A51 5G စမတ်ဖုန်းဟာ Samsung အတွက် ရောင်းအားကောင်းတဲ့ 5G Mid Range ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။
Ref – GSM Arena
Zawgyi
Ref – GSM Arena