Samsung ဟာ Mid Range စမတ်ဖုန်းတွေထဲမှာ 5G အသုံးပြုနိုင်မယ့် Galaxy A51 5G နဲ့ Galaxy A71 5G ဖုန်းတွေကို စျေးကွက်ထဲမှာရောင်းချဖို့ စီစဥ်နေတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung Galaxy A51 5G ကို တရားဝင်ရောင်းချမယ့်အချိန်ကို ကြေညာလိုက်ပါပြီ။

Samsung ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Galaxy A51 5G စမတ်ဖုန်းဟာ လာမယ့် မေလ ၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ Samsung ဟာ အဆိုပါ Galaxy A51 5G ဖုန်းကို ဧပြီလအစောပိုင်းတုန်းက US မှာ မိတ်ဆက်ခဲ့သေးပေမယ့် ရောင်းချမယ့်အချိန်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Galaxy A51 5G ဖုန်းဟာ ပုံမှန် A51 4G Version မှာ အသုံးပြုထားတဲ့ Exynos 9611 Chipset အစား Exynos 980 5G Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ပါဝင်မှာဖြစ်ပြီး Storage အနေနဲ့လည်း 128GB ပါဝင်မယ်လို့ သိရပါတယ်။ MicroSD Card ကနေလည်း Storage ကိုထပ်ပြီး တိုးချဲ့နိုင်ဦးမှာပါ။

Display ပိုင်းအနေနဲ့ကတော့ 6.5″ Full HD+ S-AMOLED Display ကိုမှ Selfie Camera အတွက် Punch-hole Infinity-O Design ပြုလုပ်ထားမှာဖြစ်ပါတယ်။ Under-Display Fingerprint Sensor ကိုလည်း ထည့်သွင်းထားဦးမှာပါ။

Camera ပိုင်းမှာတော့ 48MP Primary Sensor ၊ 12MP Ultrawide Sensor ၊ 5MP Depth Sensor နဲ့ 5MP Macro Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားသလို Selfie Camera အနေနဲ့လည်း 32MP Sensor ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 15W Fast Charging ကို Support ပြုလုပ်မှာပါ။

စျေးနှုန်းအနေနဲ့ကတော့ Samsung Galaxy A51 5G ဖုန်းကို 572,000 KRW (မြန်မာငွေ ၆ သိန်း ၇ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး တခြားသော နိုင်ငံတွေမှာလည်း မကြာခင်စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China