[Zawgyi]

Samsung က Galaxy A51 ကို ဖန္တီးေနတဲ့ သတင္းေတြ မၾကာခင္က ထြက္လာပါတယ္။ စတင္ထုတ္လုပ္ေနၿပီ ျဖစ္ၿပီး 91mobiles က စက္ရံုကေန ထြက္လာတဲ့ အဲဒီဖုန္းရဲ႕ ဖရိမ္ဓါတ္ပံုကို မွ်ေ၀ခဲ့ပါတယ္။ ဓါတ္ပံုမွာ ဖုန္းရဲ႕ အတြင္းပိုင္း အစိတ္အပိုင္းတခ်ိဳ႕ကို ျမင္ရပါတယ္။ ေအာက္ေျခမွာ 3.5mm Headphone Jack နဲ႔ USB-C Port ကို ျမင္ရပါတယ္။ Dual-SIM Slot ပါတဲ့အျပင္ microSD Card Slot သီးျခား ပါပါတယ္။ ထူးျခားတာက အေနာက္ကင္မရာ ၄ လံုးဟာ L ပံုသ႑ာန္ ျဖစ္ၿပီး Flash Module ၁ လံုးပါပါတယ္။

Galaxy A51 ရဲ႕ သတင္းအခ်က္အလက္ေတြ ၿပီးခဲ့တဲ့လက Geekbench ကေန ထြက္လာပါတယ္။ ေမာ္ဒယ္နံပါတ္က SM-A515F ျဖစ္ၿပီး Single-core Test မွာ ၃၂၃ မွတ္နဲ႔ Multi-core Test မွာ ၁,၁၈၅ မွတ္ရထားပါတယ္။ 10nm FinFet Exynos 9611 Chipset နဲ႔ Mali G72 MP3 GPU ပါပါတယ္။ 4GB RAM , 64GB/128GB Storage ထည့္ထားပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၄ လံုးပါၿပီး 32MP Main , 12MP Wide-angle Lens, 12MP Telephoto Lens (2X Optical Zoom) နဲ႔ 5MP Depth Sensor ေတြ ျဖစ္ပါတယ္။ အေရွ႕ကင္မရာကို အရြယ္ေသး Notch မွာ ထည့္ထားပါတယ္။ ဘက္ထရီ ပမာဏနဲ႔ ဆက္သြယ္မႈေတြကိုေတာ့ မသိရေသးပါဘူး။ ေနာက္ဆံုးထုတ္ Android 10 ပါလာမယ္လို႔ သတင္းထြက္ေနပါတယ္။

မၾကာခင္က သတင္းေတြအရ Galaxy A51 အတြက္ အျပာ၊ အနက္နဲ႔ ေငြေရာင္ေတြ ထုတ္လုပ္ေပးထားမွာပါ။ ၂၈၃ ေဒၚလာေလာက္ရွိႏုိင္ၿပီး ျမန္မာေငြ ၄ သိန္းစြန္းစြန္းေလာက္က်သင့္မွာပါ။ ၂၀၂၀ ခုႏွစ္ ပထမ ၃ လအတြင္း အိႏၵိယမွာ ေၾကညာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

အနောက်ကင်မရာ ၄ လုံးပါလာနိုင်တဲ့ Samsung Galaxy A51

Samsung က Galaxy A51 ကို ဖန်တီးနေတဲ့ သတင်းတွေ မကြာခင်က ထွက်လာပါတယ်။ စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး 91mobiles က စက်ရုံကနေ ထွက်လာတဲ့ အဲဒီ ဖုန်းရဲ့ ဖရိမ် ဓါတ်ပုံကို မျှဝေခဲ့ပါတယ်။ ဓါတ်ပုံမှာ ဖုန်းရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတချို့ကို မြင်ရပါတယ်။ အောက်ခြေမှာ 3.5mm Headphone Jack နဲ့ USB-C Port ကို မြင်ရပါတယ်။ Dual-SIM Slot ပါတဲ့အပြင် microSD Card Slot သီးခြား ပါပါတယ်။ ထူးခြားတာက အနောက်ကင်မရာ ၄ လုံးဟာ L ပုံသဏ္ဍာန် ဖြစ်ပြီး Flash Module ၁ လုံးပါပါတယ်။

Galaxy A51 ရဲ့ သတင်းအချက်အလက်တွေ ပြီးခဲ့တဲ့လက Geekbench ကနေ ထွက်လာပါတယ်။ မော်ဒယ်နံပါတ်က SM-A515F ဖြစ်ပြီး Single-core Test မှာ ၃၂၃ မှတ်နဲ့ Multi-core Test မှာ ၁,၁၈၅ မှတ်ရထားပါတယ်။ 10nm FinFet Exynos 9611 Chipset နဲ့ Mali G72 MP3 GPU ပါပါတယ်။ 4GB RAM , 64GB/128GB Storage ထည့်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါပြီး 32MP Main , 12MP Wide-angle Lens, 12MP Telephoto Lens (2X Optical Zoom) နဲ့ 5MP Depth Sensor တွေ ဖြစ်ပါတယ်။ အရှေ့ကင်မရာကို အရွယ်သေး Notch မှာ ထည့်ထားပါတယ်။ ဘက်ထရီ ပမာဏနဲ့ ဆက်သွယ်မှုတွေကိုတော့ မသိရသေးပါဘူး။ နောက်ဆုံးထုတ် Android 10 ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

မကြာခင်က သတင်းတွေအရ Galaxy A51 အတွက် အပြာ၊ အနက်နဲ့ ငွေရောင်တွေ ထုတ်လုပ်ပေးထားမှာပါ။ ၂၈၃ ဒေါ်လာလောက်ရှိနိုင်ပြီး မြန်မာငွေ ၄ သိန်းစွန်းစွန်းလောက်ကျသင့်မှာပါ။ ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်း အိန္ဒိယမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina