Zawgyi

Samsung ဟာ အခုႏွစ္ေဖေဖာ္ဝါရီလမွာ Galaxy A50 ကို မိတ္ဆက္ခဲ့ၿပီး ၾသဂုတ္လမွာတစ္ခါ Galaxy A50s ကို ထပ္မံခ်ျပလာခဲ့ပါတယ္။ ယခုအခါအလွည့္က်တာကေတာ့ Galaxy A51 ျဖစ္ၿပီး Geekbench မွာ အဓိက အခ်က္အလက္ အခ်ဳိ႕နဲ႔အတူ ထြက္ေပၚလာတာပါ။

ေမာ္ဒယ္နံပါတ္ SM-A515F လို႔ေဖာ္ျပထားတဲ့ စမတ္ဖုန္းဟာ Geekbench ရဲ႕ Single Core စစ္ေဆးမႈမွာ 323 နဲ႔ Multi-core စစ္ေဆးမႈမွာ 1,185 ရလဒ္အသီးသီးရရွိခဲ့ပါတယ္။ A51 မွာ Exynos 9630 ခ်စ္ပ္ဆက္ကို ျမင္ရမယ္လို႔ သတင္းထြက္ထားေပမယ့္ Geekbench ရဲ႕ေဖာ္ျပခ်က္ကိုၾကည့္ရတာေတာ့ A50s မွာ သုံးစြဲထားတဲ့ Exynos 9611 ခ်စ္ပ္ဆက္ကိုသာ ဆက္အသုံးျပဳလာပုံပါပဲ။

Benchmark Database ဝက္ဆုိက္မွာ ေနာက္ထပ္ေတြ႕ခဲ့ရတဲ့ Specs ေတြကေတာ့ 4GB RAM နဲ႔ Android 10 OS တုိ႔ပါ။ ဒါ့ေၾကာင့္ Galaxy A51 မွာ မ်ဳိးဆက္သစ္ Android OS ကုိျမင္ရမွာျဖစ္ၿပီး Samsung ရဲ႕ေနာက္ဆုံးေပၚ One UI 2.0 နဲ႔ မြမ္းမံထားမယ္လို႔ ယူဆရပါတယ္။

Samsung ကေတာ့ အခုခ်ိန္မွာ Galaxy A51 နဲ႔ပတ္သက္ၿပီး တရားဝင္မထုတ္ျပန္ေသးေပမယ့္ ဒီဖုန္းမွာ Quad-camera နဲ႔ Storage ေရြးခ်ယ္မႈႏွစ္မ်ဳိး (64 / 128 GB) တုိ႔ ပါဝင္လာမယ္လို႔ သတင္းထြက္ေနပါတယ္။ Geekbench မွာ ျမင္ရၿပီဆုိေတာ့ မၾကာခင္မွာ A51 နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြ ထပ္မံထြက္ရွိလာဦးမွာပါ။

Ref – GSM Arena

Unicode

Samsung ဟာ အခုနှစ်ဖေဖော်ဝါရီလမှာ Galaxy A50 ကို မိတ်ဆက်ခဲ့ပြီး သြဂုတ်လမှာတစ်ခါ Galaxy A50s ကို ထပ်မံချပြလာခဲ့ပါတယ်။ ယခုအခါအလှည့်ကျတာကတော့ Galaxy A51 ဖြစ်ပြီး Geekbench မှာ အဓိက အချက်အလက် အချို့နဲ့အတူ ထွက်ပေါ်လာတာပါ။

မော်ဒယ်နံပါတ် SM-A515F လို့ဖော်ပြထားတဲ့ စမတ်ဖုန်းဟာ Geekbench ရဲ့ Single Core စစ်ဆေးမှုမှာ 323 နဲ့ Multi-core စစ်ဆေးမှုမှာ 1,185 ရလဒ်အသီးသီးရရှိခဲ့ပါတယ်။ A51 မှာ Exynos 9630 ချစ်ပ်ဆက်ကို မြင်ရမယ်လို့ သတင်းထွက်ထားပေမယ့် Geekbench ရဲ့ဖော်ပြချက်ကိုကြည့်ရတာတော့ A50s မှာ သုံးစွဲထားတဲ့ Exynos 9611 ချစ်ပ်ဆက်ကိုသာ ဆက်အသုံးပြုလာပုံပါပဲ။

Benchmark Database ဝက်ဆိုက်မှာ နောက်ထပ်တွေ့ခဲ့ရတဲ့ Specs တွေကတော့ 4GB RAM နဲ့ Android 10 OS တို့ပါ။ ဒါ့ကြောင့် Galaxy A51 မှာ မျိုးဆက်သစ် Android OS ကိုမြင်ရမှာဖြစ်ပြီး Samsung ရဲ့နောက်ဆုံးပေါ် One UI 2.0 နဲ့ မွမ်းမံထားမယ်လို့ ယူဆရပါတယ်။

Samsung ကတော့ အခုချိန်မှာ Galaxy A51 နဲ့ပတ်သက်ပြီး တရားဝင်မထုတ်ပြန်သေးပေမယ့် ဒီဖုန်းမှာ Quad-camera နဲ့ Storage ရွေးချယ်မှုနှစ်မျိုး (64 / 128 GB) တို့ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။ Geekbench မှာ မြင်ရပြီဆိုတော့ မကြာခင်မှာ A51 နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ထပ်မံထွက်ရှိလာဦးမှာပါ။

Ref – GSM Arena