[Unicode]

Galaxy A50 ကို ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တော့ လျင်လျင်မြန်မြန်ပဲ လူကြိုက်များပြီး ရောင်းအားကောင်းတဲ့ မော်ဒယ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Samsung ဟာ နောက်ထပ်ရောင်းအားမြှင့်တင်မယ့်ဖုန်းအဖြစ် Galaxy A51 ကိုဆက်ပြီး မိတ်ဆက်ပေးဖို့ ကြိုးစားနေတာပါ။

အခုအချိန်မှာ Galaxy A51 ဟာ FCC ရဲ့စမ်းသပ်မှုအောက်မှာ ရှိနေပါတယ်။ FCC က Galaxy A51 ကို စမ်းသပ်နေတဲ့ ဓါတ်ပုံတွေ လွှင့်တင်ခဲ့တာပါ။ ဒီပုံတွေမှာတော့ ဟန်းဆက်ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ မြင်တွေ့ရမှာပါ။ ဒါပေမယ့် Galaxy A51 ဟာ ထွက်ခဲ့ပြီးသား 3D renders တွေနဲ့ မကွာခြားဘူးလို့ ပြောလို့ရနိုင်တဲ့ အနေအထား ဖြစ်သွားပါတယ်။

ပထမဓါတ်ပုံကတော့ ဟန်းဆက်ရဲ့အောက်ပိုင်းကို ရှင်းရှင်းလင်းလင်းမတွေ့ရဘူးဆိုပေမယ့် အတည်ပြုချက်ယူနိုင်လောက်အောင်တော့ မြင်နိုင်ပါတယ်။ ဒါကြောင့် Galaxy A51 ဟာ 3.5mm headphone jack နဲ့ USB-C port ပါဝင်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသံစနစ်အတွက် စပီကာကိုလည်း အောက်ခြေဘက်မှာပဲ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

Korean Wireless Authority ကနေထွက်လာတဲ့ သတင်းကိုအခြေခံပြီးပြောရမယ်ဆိုရင်တော့ Galaxy A51 ဟာ 4,000mAh ဘက်ထရီ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ FCC ရဲ့ စာရွက်စာတမ်းတွေအရ 15W charger ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။ ဒုတိယဓါတ်ပုံကလည်း သိပ်ပြီးတော့ ကြည်လင်လှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟန်းဆက်ရဲ့ အပေါ်ဘက်က အစိတ်အပိုင်းတွေအကြောင်း အတည်ပြုနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်။

Galaxy A51 ရဲ့ 6.5-inch AMOLED မျက်နှာပြင်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ 32MP selfie ဖြစ်တယ်လို့တော့ ကောလာဟလ ထွက်ထားပါတယ်။ ကျောဘက်မှှာတော့ 48MP အဓိက ကင်မရာ၊ 12MP နဲ့ 5MP macro ကင်မရာ ပါဝင်မယ်လို့ ဆိုပါတယ်။ အချို့ကောလာလတွေမှာလည်း Telephoto ကင်မရာလို့ ရည်ညွှန်းကြပါတယ်။

Ref: GSM Arena

[Unicode]

Samsung Galaxy A51 ရဲ႕ ပကတိ႐ုပ္ပုံအခ်ိဳ႕ FCC မွတစ္ဆင့္ ေပၚထြက္လာ

Galaxy A50 ကို ဒီႏွစ္အေစာပိုင္းမွာ မိတ္ဆက္ခဲ့ေတာ့ လ်င္လ်င္ျမန္ျမန္ပဲ လူႀကိဳက္မ်ားၿပီး ေရာင္းအားေကာင္းတဲ့ ေမာ္ဒယ္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ Samsung ဟာ ေနာက္ထပ္ေရာင္းအားျမႇင့္တင္မယ့္ဖုန္းအျဖစ္ Galaxy A51 ကိုဆက္ၿပီး မိတ္ဆက္ေပးဖို႔ ႀကိဳးစားေနတာပါ။

အခုအခ်ိန္မွာ Galaxy A51 ဟာ FCC ရဲ႕စမ္းသပ္မႈေအာက္မွာ ရွိေနပါတယ္။ FCC က Galaxy A51 ကို စမ္းသပ္ေနတဲ့ ဓါတ္ပုံေတြ လႊင့္တင္ခဲ့တာပါ။ ဒီပုံေတြမွာေတာ့ ဟန္းဆက္ရဲ႕ တစ္စိတ္တစ္ပိုင္းကိုပဲ ျမင္ေတြ႕ရမွာပါ။ ဒါေပမယ့္ Galaxy A51 ဟာ ထြက္ခဲ့ၿပီးသား 3D renders ေတြနဲ႔ မကြာျခားဘူးလို႔ ေျပာလို႔ရႏိုင္တဲ့ အေနအထား ျဖစ္သြားပါတယ္။

ပထမဓါတ္ပုံကေတာ့ ဟန္းဆက္ရဲ႕ေအာက္ပိုင္းကို ရွင္းရွင္းလင္းလင္းမေတြ႕ရဘူးဆိုေပမယ့္ အတည္ျပဳခ်က္ယူႏိုင္ေလာက္ေအာင္ေတာ့ ျမင္ႏိုင္ပါတယ္။ ဒါေၾကာင့္ Galaxy A51 ဟာ 3.5mm headphone jack နဲ႔ USB-C port ပါဝင္တာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ အသံစနစ္အတြက္ စပီကာကိုလည္း ေအာက္ေျခဘက္မွာပဲ တပ္ဆင္ထားတာ ျဖစ္ပါတယ္။

Korean Wireless Authority ကေနထြက္လာတဲ့ သတင္းကိုအေျခခံၿပီးေျပာရမယ္ဆိုရင္ေတာ့ Galaxy A51 ဟာ 4,000mAh ဘက္ထရီ တပ္ဆင္ထားမယ္လို႔ သိရပါတယ္။ FCC ရဲ႕ စာ႐ြက္စာတမ္းေတြအရ 15W charger ေထာက္ပံ့ေပးထားမွာ ျဖစ္ပါတယ္။ ဒုတိယဓါတ္ပုံကလည္း သိပ္ၿပီးေတာ့ ၾကည္လင္လွတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဟန္းဆက္ရဲ႕ အေပၚဘက္က အစိတ္အပိုင္းေတြအေၾကာင္း အတည္ျပဳႏိုင္တဲ့ အေျခအေနေတာ့ ရွိပါတယ္။

Galaxy A51 ရဲ႕ 6.5-inch AMOLED မ်က္ႏွာျပင္မွာ Punch-hole နဲ႔အတူ Selfie ကင္မရာတစ္လုံးကို တပ္ဆင္ေပးထားပါတယ္။ 32MP selfie ျဖစ္တယ္လို႔ေတာ့ ေကာလာဟလ ထြက္ထားပါတယ္။ ေက်ာဘက္မွွာေတာ့ 48MP အဓိက ကင္မရာ၊ 12MP နဲ႔ 5MP macro ကင္မရာ ပါဝင္မယ္လို႔ ဆိုပါတယ္။ အခ်ိဳ႕ေကာလာလေတြမွာလည္း Telephoto ကင္မရာလို႔ ရည္ၫႊန္းၾကပါတယ္။

Ref: GSM Arena