Unicode

Samsung ကုမ္ပဏီဟာ မကြာခင်အချိန်အတွင်း Galaxy A စီးရီးဖုန်းသစ်တွေကို မိတ်ဆက်လာဦးမှာဖြစ်ပြီး အားလုံးထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက A51 လို့ဆိုရမှာပါ။ Samsung က ဈေးချိုစမတ်ဖုန်းဈေးကွက်ကို ပြန်လည် ဝင်ရောက်ဖို့အတွက် Galaxy A လိုင်းအပ်ကို ပြန်လည်ဆန်းသစ်လာရာမှာ ပထမဆုံးမိတ်ဆက်ခဲ့တဲ့အထဲ Galaxy A50 က အခရာဖြစ်ခဲ့တာကြောင့် သူ့ရဲ့မျိုးဆက်သစ် A51 ကို ပိုစိတ်ဝင်စားနေရတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပေါ်ထွက်လာမယ်လို့ ယူဆထားရတဲ့ Galaxy A51 ကို ဒီရက်ပိုင်းတွေမှာ CAD Render နဲ့ FCC ပေါ်က ပကတိပုံရိပ်တွေကိုပါ မြင်တွေ့ခဲ့ရပြီးပါပြီ။ ယနေ့မှာတော့ Press ဗားရှင်းလို့ ယူဆရတဲ့ Render ဓါတ်ပုံတွေ ထပ်မံထွက်ပေါ်လာပြီး သူ့ရဲ့လှပတဲ့ဒီဇိုင်းကို သေချာမြင်တွေ့လာရပါတယ်။

ဒီဖုန်းရဲ့နောက်ဘက် Camera Island ထဲမှာတော့ လာမယ့် ၂၀၂၀ အတွက် Samsung ရွေးချယ်ထားတဲ့ ဒီဇိုင်းလို့ ယူဆရတဲ့ “L” ပုံသဏ္ဍာန် Quad-camera လေးလုံးတွဲကို မြင်တွေ့ရပါတယ်။ အထက်မှာပြောခဲ့သလို နောက်ဘက် Quad-cam ပါတဲ့ Samsung စမတ်ဖုန်းတွေထဲမှာ A51 ဟာ ဈေးအချိုဆုံးဖြစ်လာမှာပါ။ အဆိုပါကင်မရာတွေမှာ အဓိက 48MP f/2.0 ကို 12MP f/2.2 Ultrawide ကင်မရာ၊ 5MP Depth Sensor နဲ့ နောက်ထပ် 5MP f/2.4 Macro သီးသန့်ကင်မရာတို့ ဝန်းရံလာမှာဖြစ်ပါတယ်။

ယခင် Galaxy A မျိုးဆက်က “3D Glasstic” ဒီဇိုင်းကိုလည်း ဆက်လက်သုံးစွဲလာပြီး ဒီဖုန်းကို Prism Crush White, Black, Pink နဲ့ Blue အရောင်များနဲ့ ရောင်းချလာမှာဖြစ်ပါတယ်။ ရှေ့ဘက်မြင်ကွင်းမှာတော့ ထူးထူးခြားခြား အလယ်တည့်တည့်မှာ နေရာချလာတဲ့ Punch-hole ကင်မရာလေးကို မြင်တွေ့ရမှာပါ။

အတွင်းမှာ Exynos 9611 ချစ်ပ်ဆက်ကို အသုံးပြုလာမယ့် A51 မှာ 4/6 GB RAM နဲ့ 64/128 GB Storage မန်မိုရီရွေးချယ်စရာ ပေးထားမှာပါ။ မျက်နှာပြင်က 6.5” လက်မ FHD+ Super AMOLED Display ဖြစ်ပြီး Punch-hole ထဲမှာ 32MP f/2.2 Selfie ကင်မရာပါဝင်ပါတယ်။ Fingerprint ကိုလည်း Display ထဲမှာပဲ ထည့်သွင်းလာပြီး 4,000 mAh ဘက္ထရီကို အသုံးပြုလာမှာပါ။

Ref – GSM Arena

Zawgyi

Samsung ကုမၸဏီဟာ မၾကာခင္အခ်ိန္အတြင္း Galaxy A စီးရီးဖုန္းသစ္ေတြကို မိတ္ဆက္လာဦးမွာျဖစ္ၿပီး အားလုံးထဲမွာ စိတ္ဝင္စားစရာအေကာင္းဆုံးက A51 လုိ႔ဆုိရမွာပါ။ Samsung က ေစ်းခ်ဳိစမတ္ဖုန္းေစ်းကြက္ကို ျပန္လည္ ဝင္ေရာက္ဖို႔အတြက္ Galaxy A လိုင္းအပ္ကို ျပန္လည္ဆန္းသစ္လာရာမွာ ပထမဆုံးမိတ္ဆက္ခဲ့တဲ့အထဲ Galaxy A50 က အခရာျဖစ္ခဲ့တာေၾကာင့္ သူ႕ရဲ႕မ်ဳိးဆက္သစ္ A51 ကို ပိုစိတ္ဝင္စားေနရတာျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ ေပၚထြက္လာမယ္လို႔ ယူဆထားရတဲ့ Galaxy A51 ကို ဒီရက္ပုိင္းေတြမွာ CAD Render နဲ႔ FCC ေပၚက ပကတိပုံရိပ္ေတြကိုပါ ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ။ ယေန႔မွာေတာ့ Press ဗားရွင္းလို႔ ယူဆရတဲ့ Render ဓါတ္ပုံေတြ ထပ္မံထြက္ေပၚလာၿပီး သူ႕ရဲ႕လွပတဲ့ဒီဇုိင္းကို ေသခ်ာျမင္ေတြ႕လာရပါတယ္။

ဒီဖုန္းရဲ႕ေနာက္ဘက္ Camera Island ထဲမွာေတာ့ လာမယ့္ ၂၀၂၀ အတြက္ Samsung ေရြးခ်ယ္ထားတဲ့ ဒီဇုိင္းလို႔ ယူဆရတဲ့ “L” ပုံသ႑ာန္ Quad-camera ေလးလုံးတြဲကို ျမင္ေတြ႕ရပါတယ္။ အထက္မွာေျပာခဲ့သလို ေနာက္ဘက္ Quad-cam ပါတဲ့ Samsung စမတ္ဖုန္းေတြထဲမွာ A51 ဟာ ေစ်းအခ်ဳိဆုံးျဖစ္လာမွာပါ။ အဆုိပါကင္မရာေတြမွာ အဓိက 48MP f/2.0 ကို 12MP f/2.2 Ultrawide ကင္မရာ၊ 5MP Depth Sensor နဲ႔ ေနာက္ထပ္ 5MP f/2.4 Macro သီးသန္႔ကင္မရာတုိ႔ ဝန္းရံလာမွာျဖစ္ပါတယ္။

ယခင္ Galaxy A မ်ဳိးဆက္က “3D Glasstic” ဒီဇုိင္းကိုလည္း ဆက္လက္သုံးစြဲလာၿပီး ဒီဖုန္းကို Prism Crush White, Black, Pink နဲ႔ Blue အေရာင္မ်ားနဲ႔ ေရာင္းခ်လာမွာျဖစ္ပါတယ္။ ေရွ႕ဘက္ျမင္ကြင္းမွာေတာ့ ထူးထူးျခားျခား အလယ္တည့္တည့္မွာ ေနရာခ်လာတဲ့ Punch-hole ကင္မရာေလးကို ျမင္ေတြ႕ရမွာပါ။

အတြင္းမွာ Exynos 9611 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ့္ A51 မွာ 4/6 GB RAM နဲ႔ 64/128 GB Storage မန္မုိရီေရြးခ်ယ္စရာ ေပးထားမွာပါ။ မ်က္ႏွာျပင္က 6.5” လက္မ FHD+ Super AMOLED Display ျဖစ္ၿပီး Punch-hole ထဲမွာ 32MP f/2.2 Selfie ကင္မရာပါဝင္ပါတယ္။ Fingerprint ကိုလည္း Display ထဲမွာပဲ ထည့္သြင္းလာၿပီး 4,000 mAh ဘကၳရီကို အသုံးျပဳလာမွာပါ။

Ref – GSM Arena