[Zawgyi]

Samsung ဟာ ၂၀၁၉ ႏွစ္ဆန္းပိုင္းတုန္းက Galaxy A50 ကို မိတ္ဆက္ခဲ့ပါတယ္။ ၾသဂုတ္လမွာေတာ့ Galaxy A50s ကို ေၾကညာခဲ့ျပန္ပါတယ္။ အခုေတာ့ Galaxy A51 အေၾကာင္းေျပာရမယ့္ အခ်ိန္ကို ေရာက္ၿပီလို႔ ဆိုရမွာပါ။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ေနာက္ဆုံးပတ္တုန္းက Geekbench မွာ Galaxy A51 လို႔ယူဆရတဲ့ Device တစ္ခုကို ျမင္ေတြ႕ခဲ့ရပါတယ္။

Geekbench မွာေတာ့ ထုံးစံအတိုင္း ရမွတ္ေတြအေၾကာင္း၊ Exynos 9611 chipset နဲ႔ 4GB of RAM အေၾကာင္းပဲ သိခဲ့ရတာပါ။ ဒါေပမယ့္ ႏိုဝင္ဘာလဆန္းမွာေတာ့ Galaxy A51 မွာ ကင္မရာေလးလုံး ပါဝင္မယ္ဆိုတဲ့အေၾကာင္း သတင္းထြက္ေပၚလာခဲ့ပါေတာ့တယ္။

91mobiles ကေန ေဖာ္ျပလိုက္တဲ့ ေအာက္ခံကိုယ္ထည္အရ ေက်ာဘက္ကင္မရာေလးလုံးဟာ L-shaped ပုံစံျဖစ္မယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါဟာ မၾကာေသးခင္ကမွ Renders ေတြေပါက္ၾကားထြက္ေပၚလာတဲ့ Galaxy A71 နဲ႔ဆင္တူတယ္လို႔ ဆိုရမွာပါ။ Galaxy A71 ေရာ A51 ပါ တရားဝင္သတင္းေတြမဟုတ္ေသးဘူးဆိုေပမယ့္ ယုံၾကည္ရတဲ့ သတင္းရင္းျမစ္ကေန ထြက္လာတာေတြခ်ည္းပါပဲ။

ဒီရက္ပိုင္းထြက္ေပၚလာတဲ့ အတြင္းသတင္းေတြအရဆိုရင္ေတာ့ ကုမၸဏီဟာ Galaxy A51 မွာ အဓိကကင္မရာအျဖစ္ 48MP တပ္ဆင္ေပးထားၿပီး 12MP ultra-wide, 5MP macro တို႔နဲ႔တြဲဖက္ေပးထားမယ္လို႔ဆိုပါတယ္။ Selfie အတြက္ကေတာ့ Hole-punch ထဲမွာ 32MP ကင္မရာကို တပ္ဆင္ေပးထားမယ္လို႔ဆိုတာပါ။ ဒါဟာ ေဈးႏႈန္းခ်ိဳသာမယ့္ A51 အတြက္ အျမင့္ဆုံးျဖစ္ၿပီး ယုတၱိတန္တဲ့သတင္းလို႔လည္း ဆိုႏိုင္ပါတယ္။

Ref: GSM Arena

[Unicode]

L-shaped ပုံစံ Camera Setup ဒီဇိုင်းနဲ့အတူ Punch-hole Display အသုံးပြုထားနိုင်တဲ့ Galaxy A51

Samsung ဟာ ၂၀၁၉ နှစ်ဆန်းပိုင်းတုန်းက Galaxy A50 ကို မိတ်ဆက်ခဲ့ပါတယ်။ သြဂုတ်လမှာတော့ Galaxy A50s ကို ကြေညာခဲ့ပြန်ပါတယ်။ အခုတော့ Galaxy A51 အကြောင်းပြောရမယ့် အချိန်ကို ရောက်ပြီလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်တုန်းက Geekbench မှာ Galaxy A51 လို့ယူဆရတဲ့ Device တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

Geekbench မှာတော့ ထုံးစံအတိုင်း ရမှတ်တွေအကြောင်း၊ Exynos 9611 chipset နဲ့ 4GB of RAM အကြောင်းပဲ သိခဲ့ရတာပါ။ ဒါပေမယ့် နိုဝင်ဘာလဆန်းမှာတော့ Galaxy A51 မှာ ကင်မရာလေးလုံး ပါဝင်မယ်ဆိုတဲ့အကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတော့တယ်။

91mobiles ကနေ ဖော်ပြလိုက်တဲ့ အောက်ခံကိုယ်ထည်အရ ကျောဘက်ကင်မရာလေးလုံးဟာ L-shaped ပုံစံဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ မကြာသေးခင်ကမှ Renders တွေပေါက်ကြားထွက်ပေါ်လာတဲ့ Galaxy A71 နဲ့ဆင်တူတယ်လို့ ဆိုရမှာပါ။ Galaxy A71 ရော A51 ပါ တရားဝင်သတင်းတွေမဟုတ်သေးဘူးဆိုပေမယ့် ယုံကြည်ရတဲ့ သတင်းရင်းမြစ်ကနေ ထွက်လာတာတွေချည်းပါပဲ။

ဒီရက်ပိုင်းထွက်ပေါ်လာတဲ့ အတွင်းသတင်းတွေအရဆိုရင်တော့ ကုမ္ပဏီဟာ Galaxy A51 မှာ အဓိကကင်မရာအဖြစ် 48MP တပ်ဆင်ပေးထားပြီး 12MP ultra-wide, 5MP macro တို့နဲ့တွဲဖက်ပေးထားမယ်လို့ဆိုပါတယ်။ Selfie အတွက်ကတော့ Hole-punch ထဲမှာ 32MP ကင်မရာကို တပ်ဆင်ပေးထားမယ်လို့ဆိုတာပါ။ ဒါဟာ ဈေးနှုန်းချိုသာမယ့် A51 အတွက် အမြင့်ဆုံးဖြစ်ပြီး ယုတ္တိတန်တဲ့သတင်းလို့လည်း ဆိုနိုင်ပါတယ်။

Ref: GSM Arena