ပြီးခဲ့တဲ့ မေလတုန်းက Verizon exclusive အဖြစ် သီးသန့်ရောင်းချမယ့် Samsung စမတ်ဖုန်းတစ်လုံး အကြောင်း သိခဲ့ကြရပါတယ်။ နာမည်က Samsung Galaxy A71s 5G UW ဖြစ်ပြီး နာမည်အတိုင်းပဲ mmWave 5G ကို အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။

အဲဒီတုန်းက Galaxy A71s 5G ကို မော်ဒယ်နံပါတ် SM-A716V နဲ့တွေ့ခဲ့တာပါ။ အခုအချိန်မှာတော့ SM-A516V ဆိုတဲ့ မော်ဒယ်နံပါတ်ကိုပါ တွေ့မြင်လာရပါပြီ။ ဒါဟာ Samsung Galaxy A51s 5G အဖြစ် ထွက်ရှိလာမယ်လို့ ယုံကြည်ရပြီး Geekbench မှာလည်း တွေ့မြင်ရသလို Wi-Fi Alliance နဲ့ NFC Forum မှာလည်း မြင်တွေ့ခဲ့ကြရပါတယ်။

Geekbench မှာတော့ ဒီဟန်းဆက်ဟာ Snapdragon 765G Chipset ကို အသုံးပြုထားပြီး RAM က 6GB နဲ့ တွဲဖက်ထားတာကို တွေ့မြင်ရပါတယ်။ Single-Core ရမှတ်က 622 မှတ်ဖြစ်ပြီး Multi-core ရမှတ်ကတော့ 1,928 မှတ် ဖြစ်တာကို တွေ့မြင်ရပါတယ်။ မောင်းနှင်ထားတာကတော့ Android 10 ပဲ ဖြစ်ပါတယ်။

Wi-Fi Alliance စာရင်းမှာလည်း Android Version ကို အတည်ပြုထားပြီး ဒီဟန်းဆက်ဟာ Dual-band Wi-Fi ချိတ်ဆက်မှုကို ထောက်ပံ့ကြောင်း ပြသထားပါတယ်။ NFC Forum ကတော့ NFC ဆက်သွယ်မှုရရှိတာကိုပဲ အတည်ပြုထားတာပါ။ နာမည်အရ A51s 5G ဖြစ်တာကြောင့် “s” ဗားရှင်းဟာ A51 5G ဗားရှင်းနဲ့ အတော်များများတူညီပြီး အချို့အရာတွေပဲ အဆင့်မြှင့်တင်ထားဖွယ် ရှိပါတယ်။

Ref: GSM Arena