Samsung Galaxy A52s ရဲ့ မိတ်ဆက်ချိန်ဟာ တဖြည်းဖြည်းနီးကပ်လာပါပြီ။ ဒါကြောင့် ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတာကိုလည်း တွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ Galaxy A52s ရဲ့ Awesome Mint, Purple, Black နဲ့ White စတဲ့ အရောင် ၄ မျိုးအကြောင်း Renders တွေ ထွက်လာခဲ့ပါသေးတယ်။

အခုတော့ Galaxy A52s အကြောင်းကို FCC ရဲ့ တရားဝင်အချက်အလက်တွေအပြင်၊ ဟန်းဆက်ရဲ့ ဈေးနှုန်းကိုလည်း ပေါက်ကြားသတင်းအနေနဲ့ တွေ့မြင်လာရတာပဲ ဖြစ်ပါတယ်။ ဒီဟန်းဆက်ကို SM-A528B (Single ရော Dual SIM ဗားရှင်းနှစ်မျိုးစလုံး) နဲ့ Certified ဖြစ်တာတွေ့ရပါတယ်။ ဒါ့အပြင် 5G bands: 1, 3, 5, 7, 8, 20, 28, 38, 40, 41, 66, 78 စတာတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ အခြားအချက်အလက်အဖြစ် Wi-Fi 6, Bluetooth နဲ့ NFC တို့ကို ဖော်ပြထားပါတယ်။

ဒါဟာ Galaxy A52 5G နဲ့ သိပ်မကွာဘဲ “s” ဟာ မတူညီတဲ့ Modem X53 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ X53 ဟာ 5G မှာ 3.3Gbps downlink speeds နဲ့ 4G မှာ 1.2 Gbps အထိ အဆင့်သတ်မှတ်ထားပါတယ်။ Geekbench အရ A52s ဟာ Snapdragon 778G chipset ကို သုံးထားကြောင်းတွေ့ရပါတယ်။ 778G ဟာ 6nm node ဖြစ်တာကြောင့် A52 5G နဲ့ယှဉ်လိုက်ရင် ပိုပြီး အဆင့်မြင်လာတာကို တွေ့နိုင်ပါတယ်။

Leakster Snoopy ရဲ့ ဖော်ပြမှုအရ Galaxy A52s မှာ 128GB storage တစ်မျိုးတည်းရှိပြီး ဈေးနှုန်းက €450 ဒါမှမဟုတ် $535 ဝန်းကျင် (လက်ရှိငွေလဲနှုန်းအရဆိုရင် မြန်မာငွေ ၈ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မယ်လို့ ဆိုပါတယ်။ အဆင့်မြှင့်တင်လာနိုင်တာက Chipset တစ်ခုတည်း မဟုတ်ပါဘူး။ ကင်မရာပိုင်းမှာလည်း အနည်းဆုံးတော့ Telephoto ကို မြှင့်တင်လာနိုင်ပါတယ်။ Galaxy A52s မိတ်ဆက်မဲ့ရက်ကို မသိရသေးပေမဲ့ လာမဲ့ရက်သတ္တပတ်တွေမှာ မိတ်ဆက်လာမဲ့ မျိုးဆက်သစ် Foldable တွေနောက်မှ မြင်တွေ့ရမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena