နောက်ထွက်မယ့် Samsung Galaxy A52s ရဲ့ သတင်းနဲ့ဓါတ်ပုံတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး အခုလည်း နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Roland Quandit က အဲဒီ စမတ်ဖုန်းရဲ့ Specifications အပြည့်အစုံကို မျှဝေလိုက်ပါတယ်။ Samsung Galaxy A52s ဟာ Galaxy A52 5G ရဲ့ မျိုးဆက် ဖြစ်ပြီး အဓိက ကွဲပြားချက်က Chipset အပိုင်းမှာ ဖြစ်ပါတယ်။

Samsung Galaxy A52s မှာ စွမ်းရည်ပိုမြင့်တဲ့ Snapdragon 778G Chipset အသစ် မောင်းနှင်ထားမှာ ဖြစ်ပြီး အရင်မျိုးဆက်မှာ Snapdragon 750G Chipset ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ SoC အသစ်ကြောင့် Samsung Galaxy A52s ရဲ့ Single Core နဲ့ Multi Core စွမ်းဆောင်ရည် အပိုင်းမှာ ၁၅ ရာခိုင်နှုန်းပိုကောင်းလာမှာပါ။ Quandt က ဥရောပမှာ ရောင်းမယ့် Galaxy A52s အတွက် 6GB RAM နဲ့ 128GB Storage Version ၁ မျိုးပဲ ထုတ်လုပ်ပေးထားမှာ ဖြစ်ပြီး တခြား နိုင်ငံတွေမှာတော့ 8GB RAM နဲ့ 256GB Storage Version ကိုပါ ရွေးချယ်နိုင်မယ်လို့ ပြောပါတယ်။

Samsung Galaxy A52s 5G price leaks - GSMArena.com news

Samsung Galaxy A52s ရဲ့ ၆.၅ လက်မ Super AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ 64MP Quad ကင်မရာနဲ့ 4,500mAh ဘက်ထရီတွေဟာ အရင်မျိုးဆက်နဲ့ တူညီမယ်လို့ သိရပါတယ်။ Software အပိုင်း  ပြောရရင် Android 11 အခြေပြု One UI 3.1 မောင်းနှင်ထားမှာ ဖြစ်ပြီး Black , Mint , Blue နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄၄၉ ယူရိုနဲ့ ရောင်းနိုင်ပြီး ၈ သိန်း ၇ သောင်းလောက်ကျသင့်နိုင်ပါတယ်။

Ref : gsmarena