Galaxy A53 5G လို့ ထင်ရတဲ့ မော်ဒယ်ကုဒ် SM-A536U ပါတဲ့ Samsung Device ၁ လုံးကို Geekbench မှာ တွေ့လာရပြီး အဓိက Specs တချို့ကို ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Android 12 မောင်းနှင်ထားပြီး 6GB RAM ထည့်သွင်းထားပါတယ်။ တခြား RAM Option တွေလည်း ထုတ်လုပ်ထားနိုင်ပါတယ်။

Samsung Galaxy A53 5G's key specs revealed by Geekbench

Benchmark ရဲ့ Motherboard နေရာမှာ “s5e8825” လို့ ဖော်ပြထားပြီး အဲဒါဟာ Exynos 1200 SoC ရဲ့ Codename ဖြစ်ပါတယ်။ Chipset မှာ CPU Core ၈ လုံး တပ်ဆင်ထားပြီး အမြင့်ဆုံး Clock Frequency က 2.40GHz ဖြစ်ကာ ကျန်တာတွေက 2GHz ဖြစ်ပါတယ်။ Gaming နဲ့ Video Editing တို့လို စွမ်းရည်မြင့် အလုပ်တွေကို ကိုင်တွယ်ဖို့အတွက် Mali-G68 GPU တပ်ဆင်ထားပါတယ်။

Samsung Galaxy A53 5G specifications appear on Geekbench: 6GB RAM, Android  12, and more | 91mobiles.com

Geekbench မှာ Samsung Galaxy A53 5G ရဲ့ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။ ဒါပေမယ့် အရင်က ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေမှာ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို လေ့လာလို့ရခဲ့ပါတယ်။

ပေါက်ကြားသတင်းတွေအရ Samsung Galaxy A53 5G မှာ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ Refresh Rate မြင့်မားတဲ့အတွက် Game ကစားရင် တော်တော်ကောင်းမှာ ဖြစ်ပြီး မျက်နှာပြင်ကို ထိတွေ့ အသုံးပြုရင်လည်း တုန့်ပြန်မှု ကောင်းမွန်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP Main အပါအတင် ကင်မရာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Galaxy A52 နဲ့ A52 5G မှာ ပါလာခဲ့တဲ့ 3.5mm Headphone Jack ကို Galaxy A53 5G မှာ Samsung က ဖယ်ရှားထားမှာ ဖြစ်ပါတယ်။

Ref : gsmarena