Samsung က အခုမှ မိတ်ဆက်လိုက်တဲ့ Galaxy A54 5G နဲ့ Galaxy A34 5G လေးတွေကိုကိုင်ပြီး ဘန်ကောက်မှာ ကျင်းပမယ့် Blackpink World Tour မှာ အလန်းစားပုံလေးတွေရိုက်ချင်တဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာနော်။ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ နည်းလမ်းကတော့ Galaxy A54 5G နဲ့ Galaxy A34 5G ကို Pre-Order တင်ထားလိုက်ဖို့ပဲလိုတာပါ။

ဒါဆိုရင် Galaxy A54 5G အတွက် Samsung ရဲ့ Original Silicone Grip Cover နဲ့ Travel Adapter ရမှာဖြစ်ပြီး၊ Galaxy A34 5G အတွက် Samsung ရဲ့ Original Card Slot Cover နဲ့ Travel Adapter လည်း ရမှာ ဖြစ်ပါတယ်။ အကြီးမားဆုံး အခွင့်အရေး ကတော့ ဘန်ကောက်မှာ ကျင်းပမယ့် Blackpink World Tour အတွက် ၆ သိန်းတန် လက်မှတ် ကံစမ်းခွင့်ရတာပါပဲ။ Pre-Order တင်ထားသူတွေပဲ ရမှာနော်။
Galaxy A54 5G က ကျောဘက်မှာ 50MP+12MP+5MP ကင်မရာသုံးလုံး၊ 32MP Selfie ကင်မရာနဲ့ဆိုတော့ Blackpink World Tour ကို ရောက်တုန်း ကြည်တောက်ရှင်းတဲ့ အမှတ်တရလေးတွေကို သိမ်းဆည်းလာလို့ ရပြီပေါ့။ Exynos 1380 chipset, 5000mAh (25W) ရဲ့ စွမ်းဆောင်ရည်ကတော့ အထူးဆုလေးပဲပေါ့။

Galaxy A34 5G က ကျောဘက်မှာ 48MP+8MP+5MP ကင်မရာသုံးလုံး၊ 13MP Selfie ကင်မရာနဲ့မို့လို ပုံကောင်းကောင်းလေးတွေ မရမှာ ပူစရာမလိုဘူးနော်။ Dimensity 1080 chipset, 5000mAh (25W) နဲ့ဆိုတော့ ခရီးစဉ်တစ်လျှောက်လုံး အကောင်းဆုံး အဖော်ဖြစ်မှာ သေချာနေတာပေါ့။

နောက်ပြီးတော့ ဖုန်းအသစ်လည်း ကိုင်ချင်တယ်၊ ငွေလည်းချွေတာချင်တယ်ဆိုပေမယ့် ပြဿနာ မရှိပါဘူး။ Samsung ရဲ့ “အဟောင်းပေး၊ အသစ်ယူ” အထူးအစီအစဉ်လေး ရှိတယ်လေ။ အခုလက်ထဲမှာကိုင်ထားတဲ့ Samsung ဖုန်းအဟောင်းလေးကိုယူသွား။ သတ်မှတ်ထားတဲ့ Samsung Showroom နဲ့ အရောင်းဆိုင်တွေမှာ အခုမှ အသစ်စက်စက်ထွက်ထားတဲ့ Galaxy A54 5G ဒါမှမဟုတ် Galaxy A34 5G နဲ့ လဲကိုင်လို့ ရပြီလေ။

ဖုန်းအဟောင်းလေးက ပြန်ရောင်းလည်း ဘယ်လောက်မှမရပါဘူးလေ ဆိုပြီး အားငယ်မနေပါနဲ့။ Samsung က ဖုန်းအဟောင်းရဲ့ တန်ဖိုးအပြင် Galaxy A54 5G အတွက် ထပ်ဆောင်းငွေ ၁ သိန်းခွဲ၊ Galaxy A34 5G ဆိုရင် ထပ်ဆောင်းငွေ ၁ သိန်း အထိ ပြန်ပေးမှာဆိုတော့ ဖုန်းအသစ်အတွက် ဘယ်လောက်မှ ထပ်စိုက်စရာ မလိုတော့ဘူးပေါ့။

ဖုန်းအသစ်လဲကိုင်ပေမယ့် ငွေ ၂ သိန်းကျော် သက်သာဖို့ဆိုရင် ဉာဏ်ကောင်းဖို့တော့လိုတာပေါ့။

Pre-order > https://samsungmm.typeform.com/mytech-a3454?utm_source=xxxxx&utm_medium=xxxxx&utm_campaign=xxxxx&utm_term=xxxxx&utm_content=xxxxx