Samsung ရဲ့ Galaxy A53 ဖုန်းဟာ လက်ရှိအချိန်မှာ လူကြိုက်အများဆုံးစမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Samsung ဟာ Galaxy A53 ဖုန်းကို ယခုနှစ် မတ်လအတွင်းမှာ မိတ်ဆက်ခဲ့ပေမယ့် မျိုးဆက်သစ် Galaxy A54 ဖုန်းကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အခုလည်း နာမည်ကြီး Leak သတင်းတွေကို ဖော်ပြနေကျ Website တစ်ခုဖြစ်တဲ့ OnLeaks ကနေ Galaxy A54 ဖုန်းရဲ့ Design Render ဓါတ်ပုံတွေကို ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် Galaxy A54 ဖုန်းရဲ့ ပုံစံကို အသေးစိတ်သိရှိရမှာပါ။

Design ပိုင်းအရတော့ Galaxy A54 ဖုန်းဟာ Galaxy A53 ဖုန်းနဲ့ ဆင်တူမှာဖြစ်ပြီး Selfie Camera ကိုလည်း Punch-hole Design ပြုလုပ်ထားမှာဖြစ်ပါတယ်။​ Display အနေနဲ့ကတော့ 6.4″ ရှိမှာဖြစ်ပြီး Galaxy A53 ဖုန်းထက် 0.1″ ပိုမိုသေးငယ်မှာပါ။ ဒါပေမယ့် Full HD+ Resolution နဲ့ 120Hz Refresh Rate တွေကိုတော့ ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ Galaxy A54 ဖုန်းဟာ Quad Camera Setup အစား Triple Camera Setup ပဲပါဝင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် Samsung က ပြောကြားထားသလို 2MP Sensor တွေကိုထည့်သွင်းသွားတော့မှာမဟုတ်ဘဲ Primary Sensor + Ultrawide Sensor အပြင် Telephoto သို့မဟုတ် Macro Sensor ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Camera Sensor အနေနဲ့ကတော့ 64MP Sensor အစား 50MP Camera Sensor ကို အဓိကအသုံးပြုထားမှာဖြစ်ပါတယ်။​ Battery အနေနဲ့ကတော့ 5100mAh ပါဝင်မှာဖြစ်ပြီး 25W Fast Chariging လည်းပါဝင်လာနိုင်ပါတယ်။

Ref – GSM Arena