[Zawgyi]
ဒီနေ့မှာတော့ Samsung က မိတ်ဆက်ဖို့ ကျန်ရှိနေတဲ့ Galaxy A စီးရီးတွေထဲက မော်ဒယ် တစ်မျိုးဖြစ်တဲ့ Galaxy A60 ရဲ့ အဓိက Specs တွေပါတဲ့ စာရွက် တစ်ရွက်ဟာ အွန်လိုင်းကနေ တစ်ဆင့် ထွက်ပေါ်လာပါတယ်။ အဆိုပါ စာရွက်ထဲက Specs တွေအရဆိုရင် Galaxy A60 ရဲ့ Display အပိုင်းအတွက် FHD+ Infinity-U Super AMOLED Display အမျိုးအစားကို အသုံးပြုထားမှာ ဖြစ်ပြီး Display အရွယ်အစားက ၆.၇လက်မအထိ ရှိတယ်လို့ သိရပါတယ်။
Samsung Galaxy A60 နဲ့ ပတ်သတ်ပြီး Samsung ဘက်က တရားဝင်ထုတ်ဖော်ပြောကြားခြင်းများ မရှိသေးပေမယ့် သိပ်မကြာခင်မှာ အိန္ဒိယဈေးကွက်ထဲကို ရောက်ရှိလာနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ အတိအကျ မသိရသေးပေမယ့် အိန္ဒိငွေ ၁၉,၉၉၀ ရူပီး (မြန်မာငွေ ၄၃၀,၀၀၀ ဝန်းကျင်) ကျသင့်တဲ့ Galaxy A50 ထက် အနည်းငယ် ဈေးပိုများနိုင်ပါတယ်။
Ref : SamMobile
[Unicode]
32MP Triple Camera နဲ့ 6.7” Display ကြီးပါမယ့် Galaxy A60 ရဲ့ Specs များထွက်ပေါ်လာ
Samsung ဟာ Price to Performance ratio မှာ အရင်တုန်းကနဲ့ မတူတော့တဲ့ Galaxy A စီးရီး စမတ်ဖုန်းသစ်တွေကို တမျိူးပြီး တမျိူး မရိုးရလေအောင် ဆက်တိုက် မိတ်ဆက်လာခဲ့ပါတယ်။ ၂၀၁၉ခုနှစ်ထဲမှာဆိုရင် Galaxy A50, A30 နဲ့ A10 တို့ကို တရားဝင် မိတ်ဆက်သွားခဲ့ပြီ ဖြစ်ပြီး၊ နောက်ထပ် Galaxy A40, A60, A70 နဲ့ A90 တို့ကိုလည်း မကြာခင်မှာ မိတ်ဆက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
ဒီနေ့မှာတော့ Samsung က မိတ်ဆက်ဖို့ ကျန်ရှိနေတဲ့ Galaxy A စီးရီးတွေထဲက မော်ဒယ် တစ်မျိူးဖြစ်တဲ့ Galaxy A60 ရဲ့ အဓိက Specs တွေပါတဲ့ စာရွက် တစ်ရွက်ဟာ အွန်လိုင်းကနေ တစ်ဆင့် ထွက်ပေါ်လာပါတယ်။ အဆိုပါ စာရွက်ထဲက Specs တွေအရဆိုရင် Galaxy A60 ရဲ့ Display အပိုင်းအတွက် FHD+ Infinity-U Super AMOLED Display အမျိူးအစားကို အသုံးပြုထားမှာ ဖြစ်ပြီး Display အရွယ်အစားက ၆.၇လက်မအထိ ရှိတယ်လို့ သိရပါတယ်။
ကျောဘက် ကင်မရာအပိုင်းအတွက် 32MP Main Camera ကို 5MP Depth Sensor + 8MP Wide Lens တွေနဲ့ ပူးတွဲတပ်ဆင်ထားနိုင်ဖွယ်ရှိပြီး Triple Camera Setup နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဒါ့အပြင် ရှေ့ဘက်မျက်နှာပြင်က Infinity-U ထဲမှာလည်း 32MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။ Processor အပိုင်းအတွက် Snapdragon 675 (SM6150) Chipset ကို အသုံးပြုထားတာ တွေ့ရပြီး၊ 128GB Storage ကို RAM 6GB နဲ့ 8GB ဆိုပြီး ၂မျိူး ထုတ်လုပ်လာနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4500mAh အထိ ထည့်သွင်းပေးထားပြီး၊ Security အပိုင်းအတွက် Under Display Fingerprint Sensor ကို ထည့်သွင်းအသုံးပြုလာနိုင်ပါတယ်။
Samsung Galaxy A60 နဲ့ ပတ်သတ်ပြီး Samsung ဘက်က တရားဝင်ထုတ်ဖော်ပြောကြားခြင်းများ မရှိသေးပေမယ့် သိပ်မကြာခင်မှာ အိန္ဒိယစျေးကွက်ထဲကို ရောက်ရှိလာနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ အတိအကျ မသိရသေးပေမယ့် အိန္ဒိငွေ ၁၉,၉၉၀ ရူပီး (မြန်မာငွေ ၄၃၀,၀၀၀ ဝန်းကျင်) ကျသင့်တဲ့ Galaxy A50 ထက် အနည်းငယ် စျေးပိုများနိုင်ပါတယ်။
Ref : SamMobile