Zawgyi
Ref: sammobile
Unicode
နောက်ကျောဘက် ကင်မရာ ၃လုံးပါတဲ့ Samsung Galaxy A7 (2018) ရဲ့ ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်
Samsung အနေနဲ့ Galaxy A7 (2018) ကို မကြာခင် မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီနေ့ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် Galaxy A7 (2018) ဟာ နောက်ကျောဘက် ကင်မရာ ၃လုံးပါတဲ့ Samsung ရဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။
Samsung Flagship စမတ်ဖုန်းတွေမှာတောင် ကင်မရာ ၃လုံး မပါသေးဘဲ Mid-range စမတ်ဖုန်း ဖြစ်တဲ့ Galaxy A7 (2018) မှာ Trip-camera Setup ကို ပထမဦးဆုံး ထည့်သွင်းတာ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဒါပေမယ့်လည်း ယုတ္တိတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Galaxy S9 ရဲ့ Camera နဲ့ Fingerprint Sensor ကို ဒေါင်လိုက်တပ်ဆင်ထားတဲ့ ဒီဇိုင်းကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလတုန်း ထွက်ရှိခဲ့တဲ့ Galaxy A8 မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Samsung Galaxy S10 မှာလည်း နောက်ကျောဘက် ကင်မရာ ၃လုံး ပါဝင်လာနိုင်ပါတယ်။
ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေအရဆိုရင် Galaxy A7 (2018) ရဲ့ နောက်ကျောဘက်မှာ Fingerprint Sensor ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တချိူ့သော ကျွမ်းကျင်ပညာရှင်များကတော့ Fingerprint Sensor ကို Galaxy J4+ နဲ့ J6+ တို့လိုမျိူး ဖုန်းရဲ့ ဘေးဘက် Frame ထဲမှာ ထည့်သွင်းတပ်ဆင်ထားနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။
Ref: sammobile