[Zawgyi]

Samsung ဟာ Galaxy A Series ေတြကို ျပန္ၿပီးေတာ့ အေရာင္တင္ေနတာ ၾကာပါၿပီ။ အခုအခ်ိန္မွာ Galaxy Series ထဲက Galaxy A60 နဲ႔ A70 ေတြရဲ႕ Specs နဲ႔ ပုံရိပ္ေတြကိုေတာင္ TENAA မွာ ထပ္ၿပီးျမင္ေတြ႕လာရတဲ့အထိ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာေတာ့ ဒီ Devices ေတြနဲ႔ ပတ္သက္ၿပီး အေၾကာင္းအရာအခ်ိဳ႕ကို သိရွိလိုက္ရပါၿပီ။

TENAA မွာျမင္ေတြ႕ရတဲ့ပုံေတြအရ Galaxy A60 နဲ႔ A70 ႏွစ္မ်ိဳးစလုံးဟာ ေက်ာဘက္မွာ ကင္မရာသုံးလုံးကို ကိုယ္စီတပ္ဆင္ထားတာ ျဖစ္ပါတယ္။ Galaxy A70 ကေတာ့ In-Display Fingerprint Scanner နဲ႔ျဖစ္ၿပီး Galaxy A60 ကေတာ့ Infinity-O အမ်ိဳးအစား မ်က္ႏွာျပင္နဲ႔ ျဖစ္တာကိုလည္း သိရွိခဲ့ရပါတယ္။

Galaxy A70 ဟာ 6.7-inch မ်က္ႏွာျပင္အမ်ိဳးအစားျဖစ္ၿပီး Waterdrop Notch နဲ႔ျဖစ္ပါတယ္။ ဖုန္းႏွစ္မ်ိဳးစလုံးမွာ စုစုေပါင္း ကင္မရာ ေလးလုံးစီပါဝင္တာကို သိရေပမယ့္ ဒီကင္မရာေတြနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ အခုထိမသိရေသးပါဘူး။ ဒါေပမယ့္ ထုံးစံအတိုင္း သမား႐ိုးက် အဓိကကင္မရာတစ္လုံး၊ Ultra-wide နဲ႔ Depth sensor ေတြကိုပဲ တပ္ဆင္ေပးထားမယ္လို႔ ယူဆရပါတယ္။

ေက်ာဘက္ကိုထည္ကိုေတာ့ ေရာင္ေျပးပုံစံနဲ႔ ထုတ္လုပ္ထားတယ္လို႔ ယူဆရပါတယ္။ GSMArena ကေတာ့ မီးခိုးေရာင္ Pattern နဲ႔ ခပ္ေျပေျပ Fancy colors ေတြကို ေပါင္းစပ္ထားဖြယ္ရွိတယ္လို႔ ခန႔္မွန္းေဖာ္ျပထားပါတယ္။ Galaxy A70 မွာ 4,400mAh ဘက္ထရီကို အသုံးျပဳထားမယ္လို႔လည္း သိရပါတယ္။ ဒါဟာ 2016 တုန္းက Galaxy A9 Pro ေနာက္ပိုင္း ပမာဏအမ်ားဆုံးျဖစ္ပါလိမ့္မယ္။ အတိုင္းအတာကေတာ့ 164.2 x 76.7 x 7.9 mm ျဖစ္ပါတယ္။

Galaxy A60 ရဲ႕ပုံစံကေတာ့ Infinity-O အမ်ိဳးအစား မ်က္ႏွာျပင္၊ ေက်ာဘက္ကင္မရာ တပ္ဆင္ထားပုံေတြက Galaxy 8s နဲ႔ ခပ္ဆင္ဆင္လို႔ ေျပာႏိုင္ပါတယ္။ ဒီဖုန္းကေတာ့ ေက်ာဘက္မွာ Fingerprint Scanner တပ္ဆင္ေပးထားတာပါ။ 3,410mAh ဘက္ထရီကို တပ္ဆင္ေပးထားၿပီး ဖုန္းရဲ႕အတိုင္းအတာကေတာ့ 155.2 x 73.9 x 7.9 mm ျဖစ္တာေၾကာင့္ Galaxy A70 ထက္ နည္းနည္းေသးငယ္မွာ ျဖစ္ပါတယ္။

Galaxy A60 နဲ႔ A70 ေတြရဲ႕ ေမာ္ဒယ္နံပါတ္ေတြကေတာ့ (SM-A7050 and SM-A6060) အျဖစ္ျမင္ေတြ႕ရပါတယ္။ “0” နဲ႔ အဆုံးသတ္တဲ့ ေမာ္ဒယ္နံပါတ္ေတြဟာ တ႐ုတ္ျပည္တြင္းသီးသန႔္အတြက္ ရည္႐ြယ္တဲ့ မူကြဲေတြမွာသာ သုံးေလ့ရွိတာေၾကာင့္ ဒီစမတ္ဖုန္းေတြဟာ တ႐ုတ္ျပည္ေဈးကြက္အတြက္ပဲ ရည္႐ြယ္ဖြယ္ရွိတယ္လို႔လည္း ဆိုရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း နာမည္ေျပာင္းၿပီး ေတာင္ကိုရီးယားနဲ႔ အျခားေဈးကြက္ေတြကိုလည္း ျဖန႔္ခ်ိႏိုင္တာေၾကာင့္ ဆက္ၿပီး ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSMArena

[Unicode]

Galaxy A70 နဲ့ A60 တွေရဲ့ Specs နဲ့ ပုံရိပ်တွေကို TENAA မှာ တွေ့ရပြီ

Samsung ဟာ Galaxy A Series တွေကို ပြန်ပြီးတော့ အရောင်တင်နေတာ ကြာပါပြီ။ အခုအချိန်မှာ Galaxy Series ထဲက Galaxy A60 နဲ့ A70 တွေရဲ့ Specs နဲ့ ပုံရိပ်တွေကိုတောင် TENAA မှာ ထပ်ပြီးမြင်တွေ့လာရတဲ့အထိ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ ဒီ Devices တွေနဲ့ ပတ်သက်ပြီး အကြောင်းအရာအချို့ကို သိရှိလိုက်ရပါပြီ။

TENAA မှာမြင်တွေ့ရတဲ့ပုံတွေအရ Galaxy A60 နဲ့ A70 နှစ်မျိုးစလုံးဟာ ကျောဘက်မှာ ကင်မရာသုံးလုံးကို ကိုယ်စီတပ်ဆင်ထားတာ ဖြစ်ပါတယ်။ Galaxy A70 ကတော့ In-Display Fingerprint Scanner နဲ့ဖြစ်ပြီး Galaxy A60 ကတော့ Infinity-O အမျိုးအစား မျက်နှာပြင်နဲ့ ဖြစ်တာကိုလည်း သိရှိခဲ့ရပါတယ်။

Galaxy A70 ဟာ 6.7-inch မျက်နှာပြင်အမျိုးအစားဖြစ်ပြီး Waterdrop Notch နဲ့ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ စုစုပေါင်း ကင်မရာ လေးလုံးစီပါဝင်တာကို သိရပေမယ့် ဒီကင်မရာတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အခုထိမသိရသေးပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း သမားရိုးကျ အဓိကကင်မရာတစ်လုံး၊ Ultra-wide နဲ့ Depth sensor တွေကိုပဲ တပ်ဆင်ပေးထားမယ်လို့ ယူဆရပါတယ်။

ကျောဘက်ကိုထည်ကိုတော့ ရောင်ပြေးပုံစံနဲ့ ထုတ်လုပ်ထားတယ်လို့ ယူဆရပါတယ်။ GSMArena ကတော့ မီးခိုးရောင် Pattern နဲ့ ခပ်ပြေပြေ Fancy colors တွေကို ပေါင်းစပ်ထားဖွယ်ရှိတယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။ Galaxy A70 မှာ 4,400mAh ဘက်ထရီကို အသုံးပြုထားမယ်လို့လည်း သိရပါတယ်။ ဒါဟာ 2016 တုန်းက Galaxy A9 Pro နောက်ပိုင်း ပမာဏအများဆုံးဖြစ်ပါလိမ့်မယ်။ အတိုင်းအတာကတော့ 164.2 x 76.7 x 7.9 mm ဖြစ်ပါတယ်။

Galaxy A60 ရဲ့ပုံစံကတော့ Infinity-O အမျိုးအစား မျက်နှာပြင်၊ ကျောဘက်ကင်မရာ တပ်ဆင်ထားပုံတွေက Galaxy 8s နဲ့ ခပ်ဆင်ဆင်လို့ ပြောနိုင်ပါတယ်။ ဒီဖုန်းကတော့ ကျောဘက်မှာ Fingerprint Scanner တပ်ဆင်ပေးထားတာပါ။ 3,410mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး ဖုန်းရဲ့အတိုင်းအတာကတော့ 155.2 x 73.9 x 7.9 mm ဖြစ်တာကြောင့် Galaxy A70 ထက် နည်းနည်းသေးငယ်မှာ ဖြစ်ပါတယ်။

Galaxy A60 နဲ့ A70 တွေရဲ့ မော်ဒယ်နံပါတ်တွေကတော့ (SM-A7050 and SM-A6060) အဖြစ်မြင်တွေ့ရပါတယ်။ “0” နဲ့ အဆုံးသတ်တဲ့ မော်ဒယ်နံပါတ်တွေဟာ တရုတ်ပြည်တွင်းသီးသန့်အတွက် ရည်ရွယ်တဲ့ မူကွဲတွေမှာသာ သုံးလေ့ရှိတာကြောင့် ဒီစမတ်ဖုန်းတွေဟာ တရုတ်ပြည်ဈေးကွက်အတွက်ပဲ ရည်ရွယ်ဖွယ်ရှိတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာမည်ပြောင်းပြီး တောင်ကိုရီးယားနဲ့ အခြားဈေးကွက်တွေကိုလည်း ဖြန့်ချိနိုင်တာကြောင့် ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

Ref: GSMArena