[Zawgyi]

Samsung အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ Galaxy A စီးရီး စမတ္ဖုန္းျဖစ္တဲ့ Galaxy A70 ကို မေန႔တုန္းက တရားဝင္မိတ္ဆက္သြားတာပါ။ Galaxy A70 ဟာ Super Fast Charging, ရွည္ရွည္ႀကီးႀကီး Display, 32MP Selfie Camera နဲ႔ In-display Fingerprint Sensor တို႔လိုမ်ိဴး Features အသစ္အဆန္းေတြနဲ႔အတူ ပြဲထြက္ခဲ့တာ ျဖစ္ပါတယ္။

Galaxy A70 မွာ 6.7” FHD+ Super AMOLED Infinity-U Display ကို အသုံးျပဳထားၿပီး In-display Fingerprint Sensor ကို ထည့္သြင္း တပ္ဆင္ေပးထားပါတယ္။ Display Resolution က 1080 x 2400 pixels ရွိၿပီး 20:9 Aspect ratio Display အမ်ိဴးအစားျဖစ္တဲ့အတြက္ ရွည္ရွည္ႀကီးႀကီး Display လို႔ ေျပာရမွာပါ။ Infinity-U လို႔ေခၚတဲ့ Waterdrop Notch ထဲမွာေတာ့ 32MP Camera ကို တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ေနာက္ေက်ာဘက္မွာလည္း 32MP Sensor ကို Main Camera အျဖစ္အသုံးျပဳထားၿပီး 8MP Ultra-wide Sensor + 5MP Depth Sensor ေတြနဲ႔ တြဲဖက္တပ္ဆင္ထားပါတယ္။ Octa-core Processor ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB ဒါမွမဟုတ္ 8GB ဆိုၿပီး ၂မ်ိဴးေ႐ြးခ်ယ္ ဝယ္ယူႏိုင္မွာပါ။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

ဘက္ထရီသိုေလွာင္မႈ ပမာဏအေနနဲ႔ 4500mAh ပါဝင္ၿပီး Galaxy S10 5G မွာေထာက္ပံ့ေပးထားတဲ့ 25W အျမန္အားသြင္းစနစ္ကို USB Type-C ကေန တစ္ဆင့္ အသုံးျပဳႏိုင္မွာပါ။ ဒါဟာ သာမန္ Galaxy S10 ေမာ္ဒယ္ေတြမွာပါတဲ့ 15W အျမန္အားသြင္းစနစ္ေတြထက္ အမ်ားႀကီးေကာင္းမြန္တဲ့ နည္းပညာပါ။ Galaxy A70 ရဲ႕ ကိုယ္ထည္က Plastic ကို Glass ပုံစံမ်ိဴးျဖစ္ေအာင္ ဖန္တီးထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ အဆိုပါ နည္းပညာကိုေတာ့ Samsung က 3D Glasstic လို႔ ေခၚဆိုထားပါတယ္။

Galaxy A70 နဲ႔ပတ္သတ္ၿပီး ေစ်းႏႈန္းနဲ႔ စတင္ေရာင္းခ်သြားမယ့္ေန႔ကို Samsung ဘက္က ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ လာမယ့္ ဧၿပီလ ၁၀ရက္ေန႔မွာ Galaxy A ပြဲေတာ္ႀကီး ရွိေသးတာေၾကာင့္၊ အဆိုပါေန႔မွာ ထုတ္ျပန္ေၾကညာသြားႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : SamMobile

[Unicode]

ရှည်ရှည်ကြီးကြီး Display, Super Fast Charging, 32MP Camera တွေနဲ့ ပွဲထွက်လာတဲ့ Galaxy A70

Samsung အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Galaxy A စီးရီး စမတ်ဖုန်းဖြစ်တဲ့ Galaxy A70 ကို မနေ့တုန်းက တရားဝင်မိတ်ဆက်သွားတာပါ။ Galaxy A70 ဟာ Super Fast Charging, ရှည်ရှည်ကြီးကြီး Display, 32MP Selfie Camera နဲ့ In-display Fingerprint Sensor တို့လိုမျိူး Features အသစ်အဆန်းတွေနဲ့အတူ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

Galaxy A70 မှာ 6.7” FHD+ Super AMOLED Infinity-U Display ကို အသုံးပြုထားပြီး In-display Fingerprint Sensor ကို ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။ Display Resolution က 1080 x 2400 pixels ရှိပြီး 20:9 Aspect ratio Display အမျိူးအစားဖြစ်တဲ့အတွက် ရှည်ရှည်ကြီးကြီး Display လို့ ပြောရမှာပါ။ Infinity-U လို့ခေါ်တဲ့ Waterdrop Notch ထဲမှာတော့ 32MP Camera ကို တပ်ဆင်ထားတယ်လို့ သိရပါတယ်။ နောက်ကျောဘက်မှာလည်း 32MP Sensor ကို Main Camera အဖြစ်အသုံးပြုထားပြီး 8MP Ultra-wide Sensor + 5MP Depth Sensor တွေနဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ Octa-core Processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB ဒါမှမဟုတ် 8GB ဆိုပြီး ၂မျိူးရွေးချယ် ဝယ်ယူနိုင်မှာပါ။ Memory Storage ကိုတော့ 128GB ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ဘက်ထရီသိုလှောင်မှု ပမာဏအနေနဲ့ 4500mAh ပါဝင်ပြီး Galaxy S10 5G မှာထောက်ပံ့ပေးထားတဲ့ 25W အမြန်အားသွင်းစနစ်ကို USB Type-C ကနေ တစ်ဆင့် အသုံးပြုနိုင်မှာပါ။ ဒါဟာ သာမန် Galaxy S10 မော်ဒယ်တွေမှာပါတဲ့ 15W အမြန်အားသွင်းစနစ်တွေထက် အများကြီးကောင်းမွန်တဲ့ နည်းပညာပါ။ Galaxy A70 ရဲ့ ကိုယ်ထည်က Plastic ကို Glass ပုံစံမျိူးဖြစ်အောင် ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာကိုတော့ Samsung က 3D Glasstic လို့ ခေါ်ဆိုထားပါတယ်။

Galaxy A70 နဲ့ပတ်သတ်ပြီး စျေးနှုန်းနဲ့ စတင်ရောင်းချသွားမယ့်နေ့ကို Samsung ဘက်က ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် လာမယ့် ဧပြီလ ၁၀ရက်နေ့မှာ Galaxy A ပွဲတော်ကြီး ရှိသေးတာကြောင့်၊ အဆိုပါနေ့မှာ ထုတ်ပြန်ကြေညာသွားနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

Ref : SamMobile