[Zawgyi]

Samsung ၏ေနာက္ဆုံးေပၚ မ်ိဳးဆက္သစ္ Galaxy A Series စမတ္ဖုန္းသစ္ျဖစ္သည့္ Galaxy A70 ကို ျမန္မာႏိုင္ငံတြင္ မိတ္ဆက္လိုက္သည္။ Samsung ၏ ေနာက္ဆုံးေပၚ တီထြင္ဆန္းသစ္မႈမ်ားႏွင့္ အဆင့္ျမႇင့္တင္ထားသည့္ မရွိမျဖစ္လိုအပ္ေသာ နည္းပညာမ်ားႏွင့္အတူ Galaxy A70 စမတ္ဖုန္းတြင္ ေခတ္မီဆန္းသစ္သည့္ဒီဇိုင္း၊ ႀကီးမားက်ယ္ျပန႔္သည့္ အဆုံးအစမဲ့မ်က္ႏွာျပင္ ၊ အဆင့္ျမႇင့္ထားသည့္ ကင္မရာသုံးလုံး၊ စြမ္းေဆာင္ရည္ျမင့္ဘက္ထရီ ၊ အဆင္ေျပလြယ္ကူစြာခ်ိတ္ဆက္ႏိုင္မႈ အစရွိသည့္ လုပ္ေဆာင္ခ်က္မ်ားကို ထည့္သြင္းထားသည္။ Samsung Galaxy A70 ကို လက္ေတြ႕ဘဝတြင္ အမွန္တကယ္ေတြ႕ႀကဳံေနရသည့္အတိုင္း ႐ိုက္ကူး ခ်ိတ္ဆက္ မွ်ေဝခ်င္သူမ်ားအတြက္ ဒီဇိုင္းျပဳလုပ္ဖန္တီးထားသည္။

“အခုေခတ္ ဖုန္းသုံးစြဲသူေတြက သူတို႔ရဲ႕ဖုန္းေတြကို ပိုၿပီးျမန္ဆန္၊ ေကာင္းမြန္တဲ့နည္းလမ္းေတြနဲ႔ အသုံးျပဳေနၾကပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ အေတြ႕အႀကဳံေတြကိုလည္း မွ်ေဝေနတဲ့အျပင္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားေပးၿပီး သုံးေနတာကိုလည္း ေတြ႕ရပါတယ္။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ျဖစ္သူ ကိုဇာနည္ဝင္းထက္မွ ေျပာၾကားသည္။ “လြယ္ကူလ်င္ျမန္တဲ့ ခ်ိတ္ဆက္မႈေတြကတစ္ဆင့္ အေရးႀကီးတဲ့မရွိမျဖစ္လုပ္ေဆာင္ခ်က္ေတြက သုံးစြဲသူေတြ ကို ပိုမိုေကာင္းမြန္တဲ့ အေတြ႕အႀကဳံေတြေပးသြားမွာပါ။ ဒီလိုလုပ္ေဆာင္ခ်က္ေတြကို ေနာက္တဆင့္ျမႇင့္တင္ၿပီး မ်ိဳးဆက္သစ္ေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔ အခုလို Galaxy A70 ကို မိတ္ဆက္ေပးရျခင္းျဖစ္ပါတယ္။” ဟု ကိုဇာနည္ဝင္းထက္မွ ျဖည့္စြက္ေျပာၾကားသည္။

အေကာင္းမြန္ဆုံးအေတြ႕အႀကဳံကိုရရွိေစမည့္ ဖုန္းမ်က္ႏွာျပင္ႏွင့္ ေသသပ္လွပသည့္ဒီဇိုင္း

Galaxy A70 စမတ္ဖုန္းသစ္တြင္ ၆.၇ လက္မရွိသည့္ Infinity-U Super AMOLED မ်က္ႏွာျပင္ပါဝင္ၿပီး ထြက္ရွိထားသည့္ Galaxy A စမတ္ဖုန္းမ်ားအနက္အႀကီးမားဆုံးမ်က္ႏွာျပင္ရွိေသာ စမတ္ဖုန္းတစ္လုံး ျဖစ္သည္။ Galaxy A70 သည္ ေန႔စဥ္လုပ္ေဆာင္ခ်က္မ်ားအတြက္ အေကာင္းမြန္ဆုံး သုံးစြဲမႈအေတြ႕အႀကဳံကို ေပးစြမ္းႏိုင္မည္ျဖစ္သည္။ Galaxy A70 ၏ ေတာက္ေျပာင္ေသသပ္လွပသည့္ ဒီဇိုင္းႏွင့္ ၂၀:၉ အခ်ိဳးရွိသည့္ မ်က္ႏွာျပင္ေၾကာင့္ ပိုမိုစိတ္ေက်နပ္ဖြယ္ရာ ခံစားမႈကို ရရွိေစမည္ျဖစ္သည္။ Galaxy A70 အား အျပာေရာင္၊ အမည္းေရာင္ႏွင့္ အျဖဴေရာင္ အစရွိသျဖင့္ လွပသည့္ ေရာင္ေျပးအေရာင္သုံးေရာင္ျဖင့္ ရရွိႏိုင္မည္ျဖစ္သည္။

အမွတ္တရအခိုက္အတန႔္အားလုံးကို႐ိုက္ယူႏိုင္မည့္ ကင္မရာ

Galaxy A70 တြင္စြမ္းေဆာင္ရည္ျမင့္ေသာ ကင္မရာသုံးလုံးထည့္သြင္းထားေသာေၾကာင့္ အခ်ိန္ေနရာမေ႐ြး အခက္အခဲမရွိ အရည္အေသြးေကာင္းၿပီး ၾကည္လင္ျပတ္သားေသာပုံရိပ္မ်ားကို 32MP ရွိေသာ အရည္အေသြးျမင့္အေရွ႕ႏွင့္အေနာက္ Lens ကင္မရာမ်ားျဖင့္ ႐ိုက္ကူးႏိုင္သည္။ သုံးစြဲသူမ်ားအေနျဖင့္ ဓာတ္ပုံ မ႐ိုက္ခင္ျဖစ္ေစ၊ ႐ိုက္ယူၿပီးျဖစ္ေစ depth lens ကိုအသုံးျပဳ၍ ဓာတ္ပုံမ်ားကို စိတ္တိုင္းက် ျပဳျပင္ႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ လူသားတစ္ဦး၏ မ်က္လုံးျဖင့္ အမွန္တကယ္ ျမင္ေတြ႕ရသည့္အတိုင္း 8MP Ultrawide Lens ျဖင့္ ထူးျခားေကာင္းမြန္ေသာ ပုံရိပ္မ်ားကို ဖမ္းယူႏိုင္မည္ျဖစ္သည္။

 

Galaxy A70 တြင္ပါရွိေသာ Scene Optimizer ကိုအသုံးျပဳ၍ ျမင္ကြင္းေပါင္း ၂၀ ေက်ာ္အား ဉာဏ္ရည္ျမင့္စြာ ခြဲျခားသတ္မွတ္ႏိုင္မည္ျဖစ္ေသာေၾကာင့္ အေကာင္းဆုံးပုံရိပ္မ်ားကို႐ိုက္ကူးႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ Flaw Detection ဆိုသည့္ function လည္းပါဝင္ေသာေၾကာင့္ ဓာတ္ပုံမ႐ိုက္ယူခင္အခ်ိန္အတြင္းမွာပင္ လိုအပ္ခ်က္မ်ားကို အလိုအေလ်ာက္ခ်ိန္ညႇိေပးႏိုင္ကာ အရည္အေသြးေကာင္းမြန္ေသာ ပုံရိပ္မ်ားကို ရရွိေစမည္ျဖစ္သည္။

စြမ္းေဆာင္မႈျမင့္မားၾကာရွည္သည့္ ဘက္ထရီ

GalaxyA70 တြင္ပါဝင္သည့္ စြမ္းေဆာင္ရည္ျမင့္ 4500MAh ဘက္ထရီသည္ တစ္ေန႔တာလုံး စိတ္တိုင္းက် အဆင္ေျပလြယ္ကူစြာ မွ်ေဝခ်ိတ္ဆက္အသုံးျပဳႏိုင္႐ုံသာမက ဂိမ္းမ်ားကစားႏိုင္မည္ျဖစ္သည္။ ထို႔အျပင္ ကုန္ခန္းသြားေသာ ဘက္ထရီကိုလည္း 25 W ပါဝင္သည့္ အျမန္အားသြင္းစနစ္ျဖင့္ အဆင္ေျပလြယ္ကူစြာ ျပန္လည္ျဖည့္သြင္းႏိုင္မည္ျဖစ္သည္။

အဆင္ေျပေခ်ာေမြ႕မႈႏွင့္ လုံၿခဳံစိတ္ခ်စြာ ခ်ိတ္ဆက္ႏိုင္စြမ္း

Galaxy A70 မ်က္ႏွာျပင္တြင္ ထည့္သြင္းထားေသာ on-screen fingerprint scanner သည္ သုံးစြဲသူမ်ားအား ပို၍လြယ္ကူအဆင္ေျပသည့္ သုံးစြဲမႈအေတြ႕အႀကဳံကို ေပးစြမ္းမည္ျဖစ္သည္။ Samsung Pass ႏွင့္ ခ်ိတ္ဆက္၍ သုံးစြဲသူမ်ားအေနျဖင့္ websites ႏွင့္ apps မ်ားကို ဝင္ေရာက္အသုံးျပဳသည့္အခါ biometric စနစ္မ်ားအားအသုံးျပဳၿပီး ဝင္ေရာက္ႏိုင္ေသာေၾကာင့္ လုံၿခဳံစိတ္ခ်မႈပိုမိုရရွိေစမည္ျဖစ္သည္။ Galaxy A70 တြင္ Samsung Knox ကို ထည့္သြင္းေပးထားၿပီး အဆိုပါစနစ္သည္ ဖုန္းထဲတြင္ပါဝင္သည့္ chipset အပိုင္းမွ software ပိုင္း၏ အကာအကြယ္အေနျဖင့္ ဒီဇိုင္းထုတ္ထားသည့္ Samsung ၏ ကိုယ္ပိုင္လုံၿခဳံေရးစနစ္တစ္ခုျဖစ္သည္။ ထို႔ေၾကာင့္ သုံးစြဲသူမ်ားအေနျဖင့္ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားအား လုံၿခဳံစိတ္ခ်စြာ သိမ္းဆည္းထားႏိုင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ Galaxy A70 အား ေမလ (၁၀) ရက္ေန႔မွစတင္၍ ၅၉၉,၀၀၀က်ပ္ျဖင့္ ေဈးႏႈန္းသက္သာစြာ ေရာင္းခ်လ်က္ရွိသည္။ အဆိုပါ ဖုန္းအသစ္မိတ္ဆက္မႈႏွင့္အတူ Samsung Myanmar မွ Galaxy Fit e အား အေရအတြက္ ၂,၀၀၀ အထိသတ္မွတ္ကာ ဝယ္ယူသူမ်ားအား အထူးလက္ေဆာင္အျဖစ္ ေပးအပ္လ်က္ရွိသည္။ ထို႔အျပင္ Samsung ႏွင့္ Mytel မွ ပူးေပါင္းၿပီး Galaxy A70 ဝယ္ယူသုံးစြဲသူမ်ားအား အခမဲ့ေဒတာအသုံးျပဳမႈ 3GB ႏွင့္ Mytel ဖုန္းအခ်င္းခ်င္း ေခၚဆိုမႈ မိနစ္ေပါင္း ၃၀၀ ကို ၆လ ဆက္တိုက္ ခံစားခြင့္ကိုလည္း ေပးထားသည္။ ထို႔အျပင္ Galaxy A70 ဝယ္ယူသူမ်ားအေနျဖင့္ “No Worry Crack Program” ကိုလည္း ခံစားႏိုင္ၿပီး ထိုအစီအစဥ္အရ ဖုန္းအေရွ႕မွန္ကြဲ၍ ျပန္လဲသည့္အခါ ၄၀ ရာခိုင္ႏႈန္းအထိ သက္သာသည့္ ခံစားခြင့္အားရရွိမည္ျဖစ္သည္။ အဆိုပါခံစားခြင့္သည္ ၂၀၁၉ ခုႏွစ္အတြင္း စတင္ဝယ္ယူၿပီးခ်ိန္မွ ၃လ အတြင္း အက်ဳံးဝင္မည္ျဖစ္သည္။

[Unicode]

ပိုမိုကောင်းမွန်သော ဖုန်းသုံးစွဲမှုအတွေ့အကြုံများကို ပေးစွမ်းမည့် Samsung Galaxy A70 အား မြန်မာနိုင်ငံတွင်မိတ်ဆက်

Samsung ၏နောက်ဆုံးပေါ် မျိုးဆက်သစ် Galaxy A series စမတ်ဖုန်းသစ်ဖြစ်သည့် Galaxy A70 ကို မြန်မာနိုင်ငံတွင် မိတ်ဆက်လိုက်သည်။ Samsung ၏ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများနှင့် အဆင့်မြှင့်တင်ထားသည့် မရှိမဖြစ်လိုအပ်သော နည်းပညာများနှင့်အတူ Galaxy A70 စမတ်ဖုန်းတွင် ခေတ်မီဆန်းသစ်သည့်ဒီဇိုင်း၊ ကြီးမားကျယ်ပြန့်သည့် အဆုံးအစမဲ့မျက်နှာပြင် ၊ အဆင့်မြှင့်ထားသည့် ကင်မရာသုံးလုံး၊ စွမ်းဆောင်ရည်မြင့်ဘက်ထရီ ၊ အဆင်ပြေလွယ်ကူစွာချိတ်ဆက်နိုင်မှု အစရှိသည့် လုပ်ဆောင်ချက်များကို ထည့်သွင်းထားသည်။ Samsung Galaxy A70 ကို လက်တွေ့ဘဝတွင် အမှန်တကယ်တွေ့ကြုံနေရသည့်အတိုင်း ရိုက်ကူး ချိတ်ဆက် မျှဝေချင်သူများအတွက် ဒီဇိုင်းပြုလုပ်ဖန်တီးထားသည်။

“အခုခေတ် ဖုန်းသုံးစွဲသူတွေက သူတို့ရဲ့ဖုန်းတွေကို ပိုပြီးမြန်ဆန်၊ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အသုံးပြုနေကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေနေတဲ့အပြင် အချိန်တော်တော်များများပေးပြီး သုံးနေတာကိုလည်း တွေ့ရပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားသည်။ “လွယ်ကူလျင်မြန်တဲ့ ချိတ်ဆက်မှုတွေကတစ်ဆင့် အရေးကြီးတဲ့မရှိမဖြစ်လုပ်ဆောင်ချက်တွေက သုံးစွဲသူတွေ ကို ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေပေးသွားမှာပါ။ ဒီလိုလုပ်ဆောင်ချက်တွေကို နောက်တဆင့်မြှင့်တင်ပြီး မျိုးဆက်သစ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အခုလို Galaxy A70 ကို မိတ်ဆက်ပေးရခြင်းဖြစ်ပါတယ်။” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားသည်။

အကောင်းမွန်ဆုံးအတွေ့အကြုံကိုရရှိစေမည့် ဖုန်းမျက်နှာပြင်နှင့် သေသပ်လှပသည့်ဒီဇိုင်း

Galaxy A70 စမတ်ဖုန်းသစ်တွင် ၆.၇ လက်မရှိသည့် Infinity-U Super AMOLED မျက်နှာပြင်ပါဝင်ပြီး ထွက်ရှိထားသည့် Galaxy A စမတ်ဖုန်းများအနက်အကြီးမားဆုံးမျက်နှာပြင်ရှိသော စမတ်ဖုန်းတစ်လုံး ဖြစ်သည်။ Galaxy A70 သည် နေ့စဉ်လုပ်ဆောင်ချက်များအတွက် အကောင်းမွန်ဆုံး သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ Galaxy A70 ၏ တောက်ပြောင်သေသပ်လှပသည့် ဒီဇိုင်းနှင့် ၂၀:၉ အချိုးရှိသည့် မျက်နှာပြင်ကြောင့် ပိုမိုစိတ်ကျေနပ်ဖွယ်ရာ ခံစားမှုကို ရရှိစေမည်ဖြစ်သည်။ Galaxy A70 အား အပြာရောင်၊ အမည်းရောင်နှင့် အဖြူရောင် အစရှိသဖြင့် လှပသည့် ရောင်ပြေးအရောင်သုံးရောင်ဖြင့် ရရှိနိုင်မည်ဖြစ်သည်။

အမှတ်တရအခိုက်အတန့်အားလုံးကိုရိုက်ယူနိုင်မည့် ကင်မရာ

Galaxy A70 တွင်စွမ်းဆောင်ရည်မြင့်သော ကင်မရာသုံးလုံးထည့်သွင်းထားသောကြောင့် အချိန်နေရာမရွေး အခက်အခဲမရှိ အရည်အသွေးကောင်းပြီး ကြည်လင်ပြတ်သားသောပုံရိပ်များကို 32MP ရှိသော အရည်အသွေးမြင့်အရှေ့နှင့်အနောက် Lens ကင်မရာများဖြင့် ရိုက်ကူးနိုင်သည်။ သုံးစွဲသူများအနေဖြင့် ဓာတ်ပုံ မရိုက်ခင်ဖြစ်စေ၊ ရိုက်ယူပြီးဖြစ်စေ depth lens ကိုအသုံးပြု၍ ဓာတ်ပုံများကို စိတ်တိုင်းကျ ပြုပြင်နိုင်မည်ဖြစ်သည်။ ထို့အပြင် လူသားတစ်ဦး၏ မျက်လုံးဖြင့် အမှန်တကယ် မြင်တွေ့ရသည့်အတိုင်း 8MP Ultrawide Lens ဖြင့် ထူးခြားကောင်းမွန်သော ပုံရိပ်များကို ဖမ်းယူနိုင်မည်ဖြစ်သည်။

Galaxy A70 တွင်ပါရှိသော Scene Optimizer ကိုအသုံးပြု၍ မြင်ကွင်းပေါင်း ၂၀ ကျော်အား ဉာဏ်ရည်မြင့်စွာ ခွဲခြားသတ်မှတ်နိုင်မည်ဖြစ်သောကြောင့် အကောင်းဆုံးပုံရိပ်များကိုရိုက်ကူးနိုင်မည်ဖြစ်သည်။ ထို့အပြင် Flaw Detection ဆိုသည့် function လည်းပါဝင်သောကြောင့် ဓာတ်ပုံမရိုက်ယူခင်အချိန်အတွင်းမှာပင် လိုအပ်ချက်များကို အလိုအလျောက်ချိန်ညှိပေးနိုင်ကာ အရည်အသွေးကောင်းမွန်သော ပုံရိပ်များကို ရရှိစေမည်ဖြစ်သည်။

စွမ်းဆောင်မှုမြင့်မားကြာရှည်သည့် ဘက်ထရီ

GalaxyA70 တွင်ပါဝင်သည့် စွမ်းဆောင်ရည်မြင့် 4500MAh ဘက်ထရီသည် တစ်နေ့တာလုံး စိတ်တိုင်းကျ အဆင်ပြေလွယ်ကူစွာ မျှဝေချိတ်ဆက်အသုံးပြုနိုင်ရုံသာမက ဂိမ်းများကစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ကုန်ခန်းသွားသော ဘက်ထရီကိုလည်း 25 W ပါဝင်သည့် အမြန်အားသွင်းစနစ်ဖြင့် အဆင်ပြေလွယ်ကူစွာ ပြန်လည်ဖြည့်သွင်းနိုင်မည်ဖြစ်သည်။

အဆင်ပြေချောမွေ့မှုနှင့် လုံခြုံစိတ်ချစွာ ချိတ်ဆက်နိုင်စွမ်း

Galaxy A70 မျက်နှာပြင်တွင် ထည့်သွင်းထားသော on-screen fingerprint scanner သည် သုံးစွဲသူများအား ပို၍လွယ်ကူအဆင်ပြေသည့် သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းမည်ဖြစ်သည်။ Samsung Pass နှင့် ချိတ်ဆက်၍ သုံးစွဲသူများအနေဖြင့် websites နှင့် apps များကို ဝင်ရောက်အသုံးပြုသည့်အခါ biometric စနစ်များအားအသုံးပြုပြီး ဝင်ရောက်နိုင်သောကြောင့် လုံခြုံစိတ်ချမှုပိုမိုရရှိစေမည်ဖြစ်သည်။ Galaxy A70 တွင် Samsung Knox ကို ထည့်သွင်းပေးထားပြီး အဆိုပါစနစ်သည် ဖုန်းထဲတွင်ပါဝင်သည့် chipset အပိုင်းမှ software ပိုင်း၏ အကာအကွယ်အနေဖြင့် ဒီဇိုင်းထုတ်ထားသည့် Samsung ၏ ကိုယ်ပိုင်လုံခြုံရေးစနစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Galaxy A70 အား မေလ (၁၀) ရက်နေ့မှစတင်၍ ၅၉၉,၀၀၀ကျပ်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချလျက်ရှိသည်။ အဆိုပါ ဖုန်းအသစ်မိတ်ဆက်မှုနှင့်အတူ Samsung Myanmar မှ Galaxy Fit e အား အရေအတွက် ၂,၀၀၀ အထိသတ်မှတ်ကာ ဝယ်ယူသူများအား အထူးလက်ဆောင်အဖြစ် ပေးအပ်လျက်ရှိသည်။ ထို့အပြင် Samsung နှင့် Mytel မှ ပူးပေါင်းပြီး Galaxy A70 ဝယ်ယူသုံးစွဲသူများအား အခမဲ့ဒေတာအသုံးပြုမှု 3GB နှင့် Mytel ဖုန်းအချင်းချင်း ခေါ်ဆိုမှု မိနစ်ပေါင်း ၃၀၀ ကို ၆လ ဆက်တိုက် ခံစားခွင့်ကိုလည်း ပေးထားသည်။ ထို့အပြင် Galaxy A70 ဝယ်ယူသူများအနေဖြင့် “No Worry Crack Program” ကိုလည်း ခံစားနိုင်ပြီး ထိုအစီအစဉ်အရ ဖုန်းအရှေ့မှန်ကွဲ၍ ပြန်လဲသည့်အခါ ၄၀ ရာခိုင်နှုန်းအထိ သက်သာသည့် ခံစားခွင့်အားရရှိမည်ဖြစ်သည်။ အဆိုပါခံစားခွင့်သည် ၂၀၁၉ ခုနှစ်အတွင်း စတင်ဝယ်ယူပြီးချိန်မှ ၃လ အတွင်း အကျုံးဝင်မည်ဖြစ်သည်။