[Zawgyi]

ကမာၻအႏွံ႔က ၿမိဳ႕ႀကီးေတြမွာ ဒီေန႔က်င္းပခဲ့တဲ့ Samsung ကုမၸဏီရဲ႕ Galaxy A စီးရီးမိတ္ဆက္ပြဲမွာ Galaxy A80 ၿပီးရင္ အမ်ားဆုံးအာရုံစုိက္ခံရမွာက Galaxy A70 စမတ္ဖုန္းပဲျဖစ္ပါလိမ့္မယ္။ Galaxy A70 ဖုန္းမွာ Rotating ကင္မရာမပါလာေပမယ့္ ဆယ္လ္ဖီကင္မရာနဲ႔ အဓိကကင္မရာတုိ႔မွာ 32MP Sensor ႏွစ္လုံး ပါဝင္လာတယ္။

Samsung Galaxy A70 စမတ္ဖုန္းမွာ 6.7” လက္မအရြယ္ Infinity-U Display ပါဝင္လာၿပီး Resolution က 1080 x 2400p ရွိတယ္။ Notch ထဲမွာေတာ့ 32MP ဆယ္လ္ဖီကင္မရာတစ္လုံး ပါဝင္ၿပီး ေနာက္ဘက္မွာ 32MP အဓိကကင္မရာ၊ 8MP Ultra-wide ျမင္ကြင္းက်ယ္ကင္မရာနဲ႔ 5MP Depth Sensor တုိ႔ ထည့္သြင္းထားတယ္။

မ်က္ႏွာျပင္ေပၚမွာပဲ In-display Fingerprint ပါဝင္သလို Facial Recognition စနစ္လည္း ပါဝင္ပါတယ္။ အတြင္းပိုင္းမွာေတာ့ 6GB သို႔မဟုတ္ 8GB RAM မန္မုိရီနဲ႔ 128GB Storage တစ္မ်ဳိးတည္း ျဖစ္မွာပါ။ ဒါေပမယ့္ A80 နဲ႔မတူတာက A70 ဖုန္းဟာ MicroSD Slot ပါတာေၾကာင့္ 512GB ထိ ထပ္ခ်ဲ႕လို႔ရပါတယ္။ ဘကၳရီက 4,500 mAh ျဖစ္တာေၾကာင့္ ဒါလဲ A80 ထပ္ပိုမ်ားၿပီး Super Fast Charging စနစ္ပါမွာပါ။

ျမန္မာျပည္တြင္းကို ေမလလယ္ေလာက္မွာ မိတ္ဆက္လာမယ္လို႔ သတင္းရထားတဲ့ Galaxy A70 ဖုန္းဟာ ျပည္တြင္းမွာေတာ့ က်ပ္ေငြေျခာက္သိန္းဝန္းက်င္ေလာက္ ေစ်းႏႈန္းနဲ႔ပြဲထြက္လာမွာပါ။ ဒါက 6GB RAM မန္မုိရီနဲ႔ ဗားရွင္းအတြက္ ေစ်းႏႈန္းျဖစ္မွာပါ။ Galaxy A70 ဖုန္းကို Black, Blue, Coral နဲ႔ White ဆုိၿပီး အေရာင္ေလးမ်ဳိးနဲ႔ ပြဲထြက္လာမွာျဖစ္ပါတယ္။

[Unicode]

ကမ္ဘာအနှံ့က မြို့ကြီးတွေမှာ ဒီနေ့ကျင်းပခဲ့တဲ့ Samsung ကုမ္ပဏီရဲ့ Galaxy A စီးရီးမိတ်ဆက်ပွဲမှာ Galaxy A80 ပြီးရင် အများဆုံးအာရုံစိုက်ခံရမှာက Galaxy A70 စမတ်ဖုန်းပဲဖြစ်ပါလိမ့်မယ်။ Galaxy A70 ဖုန်းမှာ Rotating ကင်မရာမပါလာပေမယ့် ဆယ်လ်ဖီကင်မရာနဲ့ အဓိကကင်မရာတို့မှာ 32MP Sensor နှစ်လုံး ပါဝင်လာတယ်။

Samsung Galaxy A70 စမတ်ဖုန်းမှာ 6.7” လက်မအရွယ် Infinity-U Display ပါဝင်လာပြီး Resolution က 1080 x 2400p ရှိတယ်။ Notch ထဲမှာတော့ 32MP ဆယ်လ်ဖီကင်မရာတစ်လုံး ပါဝင်ပြီး နောက်ဘက်မှာ 32MP အဓိကကင်မရာ၊ 8MP Ultra-wide မြင်ကွင်းကျယ်ကင်မရာနဲ့ 5MP Depth Sensor တို့ ထည့်သွင်းထားတယ်။

မျက်နှာပြင်ပေါ်မှာပဲ In-display Fingerprint ပါဝင်သလို Facial Recognition စနစ်လည်း ပါဝင်ပါတယ်။ အတွင်းပိုင်းမှာတော့ 6GB သို့မဟုတ် 8GB RAM မန်မိုရီနဲ့ 128GB Storage တစ်မျိုးတည်း ဖြစ်မှာပါ။ ဒါပေမယ့် A80 နဲ့မတူတာက A70 ဖုန်းဟာ MicroSD Slot ပါတာကြောင့် 512GB ထိ ထပ်ချဲ့လို့ရပါတယ်။ ဘက္ထရီက 4,500 mAh ဖြစ်တာကြောင့် ဒါလဲ A80 ထပ်ပိုများပြီး Super Fast Charging စနစ်ပါမှာပါ။

မြန်မာပြည်တွင်းကို မေလလယ်လောက်မှာ မိတ်ဆက်လာမယ်လို့ သတင်းရထားတဲ့ Galaxy A70 ဖုန်းဟာ ပြည်တွင်းမှာတော့ ကျပ်ငွေခြောက်သိန်းဝန်းကျင်လောက် ဈေးနှုန်းနဲ့ပွဲထွက်လာမှာပါ။ ဒါက 6GB RAM မန်မိုရီနဲ့ ဗားရှင်းအတွက် ဈေးနှုန်းဖြစ်မှာပါ။ Galaxy A70 ဖုန်းကို Black, Blue, Coral နဲ့ White ဆိုပြီး အရောင်လေးမျိုးနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။