[Zawgyi]

သတင္းေတြမ်ားစြာထြက္ေပၚၿပီးေနာက္မွာ Samsung Galaxy A70s ကို အိႏၵိယမွာ ေၾကညာလိုက္ပါၿပီ။ အဲဒီ ဖုန္းရဲ႕ အလန္းစား အစိတ္အပိုင္းက Samsung ရဲ႕ 64MP Bright GW1 Sensor ျဖစ္ပါတယ္။ ၆.၇ လက္မ FHD+ Super AMOLED Display တပ္ဆင္ထားပါတယ္။ ေနာက္ဆံုးေပၚ Trend ျဖစ္တဲ့ Waterdrop Notch မွာ 32MP Selfie Camera ျမွပ္ႏွံထားပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာကလည္း ေနာက္ဆံုးေပၚ နည္းပညာပါပဲ။

အေနာက္ဘက္ဟာ ေတာက္ေျပာင္ၿပီး အေရာင္ေျပာင္း ဒီဇိုင္း ျဖစ္ပါတယ္။ ပင္မ ကင္မရာက 64MP ျဖစ္ၿပီး 8MP Ultrawide နဲ႔ 5MP Depth Sensor ေတြနဲ႔ အားျဖည့္ထားပါတယ္။ 4K/30fps Video ေတြကို ဖမ္းယူေပးႏုိင္တာကလည္း မိုက္ပါတယ္။

Galaxy A70s မွာ စြမ္းရည္သင့္ Snapdragon 675 SoC ေမာင္းနွင္ထားပါတယ္။  6 or 8GB RAM ေတြ ေရြးခ်ယ္ႏုိင္ၿပီး 128GB Storage ပါပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။ 25W Fast Charging ပါတဲ့ 4,500mAh Battery က ေတာ္ေတာ္ အသံုးခံမွာပါ။ Android 9 Pie အေျချပဳ OneUI ပါပါတယ္။

Galaxy A70s ရဲ႕ 6/128GB Model ကို ရူပီး ၂၈,၉၉၉ နဲ႔ 8/128GB Model ကို ရူပီး ၃၀,၉၉၉ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၆၂၀,၀၀၀ နဲ႔ ၆၇၀,၀၀၀ ေလာက္ရွိပါတယ္။ အိႏၵိယမွာ နာမည္ႀကီး အြန္လိုင္းနဲ႔ ေျမျပင္ စတိုးေတြကေန ေရာင္းခ်ေပးလိုက္ပါၿပီ။ တျခား ႏုိင္ငံေတြမွာ ေရာင္းမယ့္ သတင္းကို မသိရေသးပါဘူး။

Ref : gsmarena

[Unicode]

64MP Camera ပါတဲ့ Samsung Galaxy A70s ကို ကြေညာပြီ

သတင်းတွေများစွာထွက်ပေါ်ပြီးနောက်မှာ Samsung Galaxy A70s ကို အိန္ဒိယမှာ ကြေညာလိုက်ပါပြီ။ အဲဒီ ဖုန်းရဲ့ အလန်းစား အစိတ်အပိုင်းက Samsung ရဲ့ 64MP Bright GW1 Sensor ဖြစ်ပါတယ်။ ၆.၇ လက်မ FHD+ Super AMOLED Display တပ်ဆင်ထားပါတယ်။ နောက်ဆုံးပေါ် Trend ဖြစ်တဲ့ Waterdrop Notch မှာ 32MP Selfie Camera မြှပ်နှံထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာကလည်း နောက်ဆုံးပေါ် နည်းပညာပါပဲ။

အနောက်ဘက်ဟာ တောက်ပြောင်ပြီး အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ ပင်မ ကင်မရာက 64MP ဖြစ်ပြီး 8MP Ultrawide နဲ့ 5MP Depth Sensor တွေနဲ့ အားဖြည့်ထားပါတယ်။ 4K/30fps Video တွေကို ဖမ်းယူပေးနိုင်တာကလည်း မိုက်ပါတယ်။

Galaxy A70s မှာ စွမ်းရည်သင့် Snapdragon 675 SoC မောင်းနှင်ထားပါတယ်။ 6 or 8GB RAM တွေ ရွေးချယ်နိုင်ပြီး 128GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ 25W Fast Charging ပါတဲ့ 4,500mAh Battery က တော်တော် အသုံးခံမှာပါ။ Android 9 Pie အခြေပြု OneUI ပါပါတယ်။

Galaxy A70s ရဲ့ 6/128GB Model ကို ရူပီး ၂၈,၉၉၉ နဲ့ 8/128GB Model ကို ရူပီး ၃၀,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၂၀,၀၀၀ နဲ့ ၆၇၀,၀၀၀ လောက်ရှိပါတယ်။ အိန္ဒိယမှာ နာမည်ကြီး အွန်လိုင်းနဲ့ မြေပြင် စတိုးတွေကနေ ရောင်းချပေးလိုက်ပါပြီ။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena