Samsung ကနေ အခုအချိန်မှာ Flagship Device တွေအပြင် Mid Range A Series ဖုန်းတွေကိုပါ OneUI 2.5 Update ကို ဆက်တိုက်ထုတ်ပေးနေပြီဖြစ်ပါတယ်။ အခုလည်း Samsung ကနေ Galaxy A Series ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A70s အတွက် OneUI 2.5 Update ကို ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Galaxy A70s အတွက် OneUI 2.5 Update ဟာ လောလောဆယ်မှာ India နိုင်ငံမှာ ထုတ်ပေးထားတာဖြစ်ပြီး နောက်ပိုင်းမှာ ကျန်တဲ့ Region တွေအတွက်ပါ ရရှိလာမယ်လို့ ယူဆရပါတယ်။ Firmware Build Number အနေနဲ့ကတော့ A707FDDU3BTH4 ဖြစ်တယ်လို့ သိရပြီး File Size အနေနဲ့ 1.6GB ဝန်းကျင်လောက်ရှိမှာဖြစ်ပါတယ်။

OneUI 2.5 Update နဲ့အတူ Galaxy A70s ဟာ Wireless Dex ၊ Pro Camera Mode ၊ Always-on Display အတွက် Feature အသစ်တွေအပြင် တခြားသော ပြောင်းလဲမှုတွေအများအပြားပါဝင်လာမှာပါ။ ဒါပေမယ့်လည်း Android 11 OS Update တော့မဟုတ်သေးဘဲ Android 10 OS ကိုပဲ အခြေခံထားတုန်းပဲလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ အခုနောက်ပိုင်းမှာ Software Update ပိုင်းကို သေချာအာရုံစိုက်နေပြီးတော့ မကြာခင်မှာလည်း Flagship Galaxy S20 Series နဲ့ Galaxy Note 20 Series ဖုန်းတွေအတွက် Android 11 ကို အခြေခံထားတဲ့ OneUI 3.0 Update ရရှိလာတော့မှာဖြစ်ပါတယ်။

Ref – GSM Arena