Zawgyi

Galaxy A စီးရီးရဲ႕ ဗားရွင္းအသစ္ေတြတစ္ခုခ်င္းစီ ထပ္ထြက္လာေနၿပီး အခုအခါမွာေတာ့ Galaxy A70s ရဲ႕ အလွည့္ပါ။ မၾကာခင္မိတ္ဆက္ေတာ့မယ့္ A70s ရဲ႕ Specs ေတြပါဝင္တဲ့ TENAA စာမ်က္ႏွာထြက္ေပၚလာသလို Samsung ရဲ႕ အိႏၵိယေစ်းကြက္ဝက္ဆုိက္မွာလည္း ဒီဖုန္းကို စာရင္းထဲထည့္သြင္းေဖာ္ျပစျပဳလာခဲ့ပါတယ္။

TENAA စာရင္းအရေတာ့ Galaxy A70s စမတ္ဖုန္းမွာ 4,400 mAh ဘကၳရီႀကီးနဲ႔အတူ 6.7” လက္မအရြယ္ Display အႀကီးစားတစ္ခုတုိ႔ ပါဝင္ပါတယ္။ ဖုန္းရဲ႕ကုိယ္ထည့္အခ်ဳိးကေတာ့ 164.2 x 76.7 x 7.9 mm ျဖစ္တာေၾကာင့္ မူလ Galaxy A70 နဲ႔ဆင္တူပါတယ္။

Galaxy A70 မူရင္းစမတ္ဖုန္းနဲ႔ ကိုယ္ထည္အခ်ဳိးအစား၊ ဘကၳရီ စတာေတြ တူညီေနေပမယ့္ Galaxy A70s မွာ 64MP ISOCELL BRIGHT GM1 ကင္မရာပါဝင္လာမယ္လို႔ ယူဆရၿပီး Samsung ဖုန္းေတြထဲမွာ ဒီ Sensor ကို အသုံးျပဳလာတဲ့ ပထမဆုံးဟန္းဆက္လည္း ျဖစ္လာမွာပါ။ ခ်စ္ပ္ဆက္ကလည္း Galaxy A70 မွာလိုပဲ Snapdragon 675 SoC ကို ျပန္ျမင္ရဦးမွာျဖစ္ပါတယ္။

Galaxy A70s ဆုိၿပီး ထပ္မံထြက္ရွိလာေပမယ့္ ဒီတုိင္းဆုိရင္ေတာ့ သိသာတဲ့ ေျပာင္းလဲမႈက ကင္မရာပုိင္းမွာသာ ျဖစ္ေနပါတယ္။ Specs လည္း သိရၿပီျဖစ္တဲ့အျပင္ အေရာင္းဝက္ဆုိက္ေတြမွာပါ စာရင္းသြင္းထားၿပီျဖစ္တဲ့အတြက္ ဒီလမကုန္ခင္ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ တန္ဖုိးကေတာ့ အိႏၵိယရူပီး ၃၂၉၉၀ (ျမန္မာေငြ ၇ သိန္းဝန္းက်င္) လို႔ သတင္းထြက္ေနပါတယ္။

Ref – GSM Arena

Unicode

Galaxy A စီးရီးရဲ့ ဗားရှင်းအသစ်တွေတစ်ခုချင်းစီ ထပ်ထွက်လာနေပြီး အခုအခါမှာတော့ Galaxy A70s ရဲ့ အလှည့်ပါ။ မကြာခင်မိတ်ဆက်တော့မယ့် A70s ရဲ့ Specs တွေပါဝင်တဲ့ TENAA စာမျက်နှာထွက်ပေါ်လာသလို Samsung ရဲ့ အိန္ဒိယဈေးကွက်ဝက်ဆိုက်မှာလည်း ဒီဖုန်းကို စာရင်းထဲထည့်သွင်းဖော်ပြစပြုလာခဲ့ပါတယ်။

TENAA စာရင်းအရတော့ Galaxy A70s စမတ်ဖုန်းမှာ 4,400 mAh ဘက္ထရီကြီးနဲ့အတူ 6.7” လက်မအရွယ် Display အကြီးစားတစ်ခုတို့ ပါဝင်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည့်အချိုးကတော့ 164.2 x 76.7 x 7.9 mm ဖြစ်တာကြောင့် မူလ Galaxy A70 နဲ့ဆင်တူပါတယ်။

Galaxy A70 မူရင်းစမတ်ဖုန်းနဲ့ ကိုယ်ထည်အချိုးအစား၊ ဘက္ထရီ စတာတွေ တူညီနေပေမယ့် Galaxy A70s မှာ 64MP ISOCELL BRIGHT GM1 ကင်မရာပါဝင်လာမယ်လို့ ယူဆရပြီး Samsung ဖုန်းတွေထဲမှာ ဒီ Sensor ကို အသုံးပြုလာတဲ့ ပထမဆုံးဟန်းဆက်လည်း ဖြစ်လာမှာပါ။ ချစ်ပ်ဆက်ကလည်း Galaxy A70 မှာလိုပဲ Snapdragon 675 SoC ကို ပြန်မြင်ရဦးမှာဖြစ်ပါတယ်။

Galaxy A70s ဆိုပြီး ထပ်မံထွက်ရှိလာပေမယ့် ဒီတိုင်းဆိုရင်တော့ သိသာတဲ့ ပြောင်းလဲမှုက ကင်မရာပိုင်းမှာသာ ဖြစ်နေပါတယ်။ Specs လည်း သိရပြီဖြစ်တဲ့အပြင် အရောင်းဝက်ဆိုက်တွေမှာပါ စာရင်းသွင်းထားပြီဖြစ်တဲ့အတွက် ဒီလမကုန်ခင် မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။ တန်ဖိုးကတော့ အိန္ဒိယရူပီး ၃၂၉၉၀ (မြန်မာငွေ ၇ သိန်းဝန်းကျင်) လို့ သတင်းထွက်နေပါတယ်။

Ref – GSM Arena