[Zawgyi]

ၾသဂုတ္လဆန္းတုန္းက Samsung Galaxy A70s ကို Geekbench မွာ ေတြ႕ျမင္ခဲ့ၾကရပါတယ္။ Geekbench မွာေတာ့ Snapdragon 675 chipset ကို 6GB of RAM နဲ႔ တြဲဖက္ထားတာပဲ ေတြ႕ခဲ့ရပါတယ္။

ၾသဂုတ္လရဲ႕ ေနာက္ဆုံးရက္သတၱပတ္ကိုေရာက္ရွိလာခ်ိန္မွာေတာ့ Galaxy A70s ကို Wi-Fi Alliance မွာ အသိအမွတ္ျပဳခံရတာကို ေတြ႕ရျပန္ပါတယ္။ ဒါေၾကာင့္ Galaxy A70s ရဲ႕ တရားဝင္ မိတ္ဆက္မယ့္အခ်ိန္ဟာ ပိုၿပီးနီးကပ္လာသလို သတင္းေပါက္ၾကားမႈေတြလည္း ပိုၿပီးစိပ္လာေတာ့မွာ ျဖစ္ပါတယ္။

Wi-Fi Alliance မွာ ေမာ္ဒယ္နံပါတ္ SM-A707F နဲ႔ ေပၚေပါက္ခဲ့တာျဖစ္လို႔ Geekbench မွာေတြ႕ျမင္ရတဲ့ ေမာ္ဒယ္နံပါတ္နဲ႔လည္း အတူတူျဖစ္ပါတယ္။ A70s ဟာ Dual-Band Wi-Fi စြမ္းရည္ပါဝင္လာမွာျဖစ္ၿပီး 802.11 ac စံကိုလည္း ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။

Galaxy A70 နဲ႔မတူဘဲ ေျပာင္းလဲသြားတာကေတာ့ ကင္မရာပိုင္းလို႔ဆိုရမွာပါ။ ထြက္ထားတဲ့ ေကာလာဟလေတြအရ Galaxy A70s ဟာ 64MP ISOCELL GW1 sensor ပါဝင္လာမယ္လို႔ ဆိုပါတယ္။ အခုထိ ဒီေကာလာဟလကို အတည္မျပဳႏိုင္ေသးေပမယ့္ အမွန္မျဖစ္ႏိုင္ဘူးလို႔ ယတိျပတ္မေျပာႏိုင္တာေၾကာင့္ ရင္ခုန္စရာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Wi-Fi Alliance အသိအမှတ်ပြုခံရပြီဖြစ်တဲ့ Samsung Galaxy A70s

သြဂုတ်လဆန်းတုန်းက Samsung Galaxy A70s ကို Geekbench မှာ တွေ့မြင်ခဲ့ကြရပါတယ်။ Geekbench မှာတော့ Snapdragon 675 chipset ကို 6GB of RAM နဲ့ တွဲဖက်ထားတာပဲ တွေ့ခဲ့ရပါတယ်။

သြဂုတ်လရဲ့ နောက်ဆုံးရက်သတ္တပတ်ကိုရောက်ရှိလာချိန်မှာတော့ Galaxy A70s ကို Wi-Fi Alliance မှာ အသိအမှတ်ပြုခံရတာကို တွေ့ရပြန်ပါတယ်။ ဒါကြောင့် Galaxy A70s ရဲ့ တရားဝင် မိတ်ဆက်မယ့်အချိန်ဟာ ပိုပြီးနီးကပ်လာသလို သတင်းပေါက်ကြားမှုတွေလည်း ပိုပြီးစိပ်လာတော့မှာ ဖြစ်ပါတယ်။

Wi-Fi Alliance မှာ မော်ဒယ်နံပါတ် SM-A707F နဲ့ ပေါ်ပေါက်ခဲ့တာဖြစ်လို့ Geekbench မှာတွေ့မြင်ရတဲ့ မော်ဒယ်နံပါတ်နဲ့လည်း အတူတူဖြစ်ပါတယ်။ A70s ဟာ Dual-Band Wi-Fi စွမ်းရည်ပါဝင်လာမှာဖြစ်ပြီး 802.11 ac စံကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Galaxy A70 နဲ့မတူဘဲ ပြောင်းလဲသွားတာကတော့ ကင်မရာပိုင်းလို့ဆိုရမှာပါ။ ထွက်ထားတဲ့ ကောလာဟလတွေအရ Galaxy A70s ဟာ 64MP ISOCELL GW1 sensor ပါဝင်လာမယ်လို့ ဆိုပါတယ်။ အခုထိ ဒီကောလာဟလကို အတည်မပြုနိုင်သေးပေမယ့် အမှန်မဖြစ်နိုင်ဘူးလို့ ယတိပြတ်မပြောနိုင်တာကြောင့် ရင်ခုန်စရာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena