[Zawgyi]

ေမလဆန္းတုန္းက Samsung ဟာ 64MP Sensor ကို ႂကြားလုံးထုတ္ခဲ့ၿပီးတဲ့ေနာက္ ေမလကုန္ပိုင္းေလာက္မွာေတာ့ Galaxy A70s ဟာ ဒီ 64MP Sensor ကို အသုံးျပဳလာဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ Galaxy A70s ဟာ A70 ကို Hardware ပိုင္းအဆင့္ျမႇင့္လိုက္တာလို႔လည္း ဆိုၾကပါတယ္။

ၾကားကာလမွာ Galaxy A70s နဲ႔ ပတ္သက္တဲ့ သတင္းေတြက ၿငိမ္သက္ေနခဲ့ပါတယ္။ ဒါေပမယ့္ Samsung က Galaxy Note 10 ေတြကို မိတ္ဆက္ၿပီးတဲ့ေနာက္မွာ Galaxy A70s အေၾကာင္းသတင္းေတြက ျပန္လည္ေပၚထြက္လာပါေတာ့တယ္။ အဲဒါကေတာ့ Galaxy A70s ကို Geekbench မွာေတြ႕ျမင္ရတာပါပဲ။

Geekbench မွာေတြ႕ရတဲ့ ေမာ္ဒယ္နံပါတ္ SM-A707F ဟာ Galaxy A70s လို႔ သတင္းထြက္ေနတာပါ။ Snapdragon 675 chipset ကိုအသုံးျပဳထားၿပီး RAM က 6GB ျဖစ္တာကိုေတြ႕ရပါတယ္။ ေမာင္းႏွင္ထားတာကေတာ့ Android 9 ပါပဲ။ Galaxy A70 ဟာ ေမာ္ဒယ္နံပါတ္ SM-A705 ျဖစ္ၿပီး Snapdragon 675 နဲ႔ျဖစ္တာေၾကာင့္ SM-A707F ဟာ Galaxy A70s လို႔ ေျပာမယ္ဆိုရင္လည္း ေျပာခ်င္စရာပါပဲ။

Pixel ၄ ခုကေန ၁ခုျဖစ္ေအာင္ ေပါင္းစပ္ေပးႏိုင္တဲ့ Pixel-binning ကို အေျခခံထားတဲ့ Tetracell နည္းပညာသုံး ISOCELL Bright GW1 Sensor ဟာ ဒီ 64MP ကင္မရာရဲ႕ အဓိကအစိတ္အပိုင္းလို႔ ဆိုရမွာပါ။ Samsung အေနနဲ႔ Galaxy A770s ကို ၾသဂုတ္လ ကုန္ဆုံးခ်ိန္မွာ ဒါမွမဟုတ္ စက္တင္ဘာလ အေစာပိုင္းမွာ မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: GSM Arena

[Unicode]

Geekbench မှာ တွေ့မြင်လာရပြီဖြစ်တဲ့ Samsung Galaxy A70s

မေလဆန်းတုန်းက Samsung ဟာ 64MP Sensor ကို ကြွားလုံးထုတ်ခဲ့ပြီးတဲ့နောက် မေလကုန်ပိုင်းလောက်မှာတော့ Galaxy A70s ဟာ ဒီ 64MP Sensor ကို အသုံးပြုလာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ Galaxy A70s ဟာ A70 ကို Hardware ပိုင်းအဆင့်မြှင့်လိုက်တာလို့လည်း ဆိုကြပါတယ်။

ကြားကာလမှာ Galaxy A70s နဲ့ ပတ်သက်တဲ့ သတင်းတွေက ငြိမ်သက်နေခဲ့ပါတယ်။ ဒါပေမယ့် Samsung က Galaxy Note 10 တွေကို မိတ်ဆက်ပြီးတဲ့နောက်မှာ Galaxy A70s အကြောင်းသတင်းတွေက ပြန်လည်ပေါ်ထွက်လာပါတော့တယ်။ အဲဒါကတော့ Galaxy A70s ကို Geekbench မှာတွေ့မြင်ရတာပါပဲ။

Geekbench မှာတွေ့ရတဲ့ မော်ဒယ်နံပါတ် SM-A707F ဟာ Galaxy A70s လို့ သတင်းထွက်နေတာပါ။ Snapdragon 675 chipset ကိုအသုံးပြုထားပြီး RAM က 6GB ဖြစ်တာကိုတွေ့ရပါတယ်။ မောင်းနှင်ထားတာကတော့ Android 9 ပါပဲ။ Galaxy A70 ဟာ မော်ဒယ်နံပါတ် SM-A705 ဖြစ်ပြီး Snapdragon 675 နဲ့ဖြစ်တာကြောင့် SM-A707F ဟာ Galaxy A70s လို့ ပြောမယ်ဆိုရင်လည်း ပြောချင်စရာပါပဲ။

Pixel ၄ ခုကနေ ၁ခုဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ Pixel-binning ကို အခြေခံထားတဲ့ Tetracell နည်းပညာသုံး ISOCELL Bright GW1 Sensor ဟာ ဒီ 64MP ကင်မရာရဲ့ အဓိကအစိတ်အပိုင်းလို့ ဆိုရမှာပါ။ Samsung အနေနဲ့ Galaxy A770s ကို သြဂုတ်လ ကုန်ဆုံးချိန်မှာ ဒါမှမဟုတ် စက်တင်ဘာလ အစောပိုင်းမှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena