Samsung Galaxy A71 5G ကို TENAA မှာ စာရင်းတင်ထားပြီး အခုတော့ ဓါတ်ပုံတွေပါ တင်လိုက်ပါပြီ။ 5G မော်ဒယ်ဟာ 4G မော်ဒယ်နဲ့ ဒီဇိုင်းပိုင်း တူညီပါတယ်။ အရွယ်အစားနဲ့ အလေးချိန် နည်းနည်းလေး ကွာနေပေမယ့် မသိသာလှပါဘူး။ 4G မော်ဒယ်မှာရတဲ့ Crush Black အရောင်ကို 5G အတွက် ထုတ်လုပ်ထားတာတွေ့ရပါတယ်။

သိသာတဲ့ ကွာခြားချက်က အတွင်းပိုင်းမှာ ဖြစ်ပြီး 5G Modem ပါတဲ့ Exynos 980 Chipset ကို 5G မော်ဒယ်မှာ သုံးထားပါတယ်။ 4G မော်ဒယ်မှာ Snapdragon 730G သုံးထားပြီး Exynos 980 Chipset က စွမ်းဆောင်ရည် အနည်းငယ်ပိုကောင်းလာပါတယ်။

ဘက်ထရီ ပမာဏက တူညီနိုင်ပါတယ်။ ဒါပေမယ့် TENAA က တကယ့် ပမာဏ ဒါမှမဟုတ် အနည်းဆုံး ပမာဏကို ဖော်ပြတဲ့အပေါ်မူတည်ပြီး  နည်းနည်း လျော့နည်းသွားနိုင်ပါတယ်။ 5G ဆက်သွယ်မှုပါတဲ့ အတွက် ဘက်ထရီ စားသုံးမှုက ပိုများမှာ သေချာပါတယ်။

Galaxy A71 5G ကို တစ်ကမ္ဘာလုံးမှာ ရောင်းမယ်လို့ ထင်ပါတယ်။ TENAA , 3C နဲ့ တခြား အေဂျင်စီတွေကို ရောက်လာပြီ ဖြစ်တဲ့အတွက် Samsung ဟာ ဗိုင်းရက်စ် ကူးစက်မှု အခြေအနေကို လေ့လာနေပြီး သင့်တော်တဲ့ အချိန်ကို စောင့်ကြည့်နေတာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena