Samsung ရဲ့ Galaxy A71 စမတ်ဖုန်းဟာ လက်ရှိစျေးကွက်ထဲမှာလည်း ရောင်းချနေပြီဖြစ်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ အဆိုပါ Galaxy A71 ဟာ Qualcomm Snapdragon 730 ကိုပဲ အသုံးပြုထားတဲ့ဖုန်းဖြစ်ပေမယ့် 5G Version ကတော့ လုံးဝအလန်းစား Chipset ပါဝင်လာမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် လက်ရှိသိရတဲ့သတင်းတွေအရ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမယ့် Samsung Galaxy A71 5G ဖုန်းဟာ Qualcomm ရဲ့ မနှစ်တုန်းက Flagship Processor ဖြစ်တဲ့ Snapdragon 855 ကို အသုံးပြုလာမယ်လို့ ဖော်ပြနေတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတိုင်းသာဆိုရင် ဒီ Galaxy A71 5G ဖုန်းဟာ ပုံမှန် Galaxy A71 ထက် စွမ်းဆောင်ပိုင်းမှာ သိသိသာသာကို တိုးတက်လာမှာပါ။

အဆိုပါ Snapdragon 855 Processor ပါဝင်တဲ့ Samsung Galaxy A71 5G ဖုန်းရဲ့ Model Number အနေနဲ့ကတော့ SM-A7160 ဖြစ်တယ်လို့ သိရပြီးတော့ Geekbench Benchmark တွေအရ RAM 8GB နဲ့ Android 10 ကိုအသုံးပြုထားမှာလည်းဖြစ်ပါတယ်။ Battery အနေနဲ့လည်း ပုံမှန် 4G Version ထက် ပိုပြီးများမယ်လို့ သိရပါတယ်။

Samsung Galaxy A71 5G ဖုန်းဟာ အခုလိုမျိုး Processor ပိုင်းမှာ ပြောင်းလဲမှုရှိမှာဖြစ်ပေမယ့် Design ၊ Display နဲ့ Camera ပိုင်းမှာတော့ ပုံမှန် Galaxy A71 အတိုင်းပဲရှိမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် 6.7″ AMOLED Display ကိုမှ 64MP Primary Sensor ပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားမှာပါ။

ဘာပဲဖြစ်ဖြစ် High End 5G ဖုန်းတစ်လုံးကိုင်ချင်တဲ့သူတွေအတွက်ကတော့ ဒီ Galaxy A71 5G ဖုန်းက စိတ်ဝင်စားဖို့ကောင်းတဲ့ဖုန်းတစ်လုံးလို့ ပြောရမှာပါ။

Ref – Giz China