[Unicode]

Samsung Vietnam က Galaxy A71 ကို ကြေညာလိုက်ပါတယ်။ Galaxy Note 10 မှာလို Infinity-O မျက်နှာပြင်ပါလာပြီး 64MP အပါအဝင် အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ လျှင်မြန်စွာ အားသွင်းစနစ်ပါတဲ့ အရွယ်ကြီး ဘက်ထရီက မိုက်ပါတယ်။ အရွယ်အစား အပြည့်အစုံက 163.6 x 76 x 7.7mm ဖြစ်ပြီး အလေးချိန်က ၁၇၉ ဂရမ် ဖြစ်ပါတယ်။

Galaxy A71 မှာ ၆.၇ လက်မ S-AMOLED Infinity-O မျက်နှာပြင်ပါလာပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Full HD+ Resolution ဖြစ်ပြီး 1080x2400p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 20:9 ဖြစ်ပါတယ်။ Octa-core 2.2GHz Snapdragon 730 CPU မောင်းနှင်ထားပြီး 6GB or 8GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ 128GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။

32MP ဆဲလ်ဖီး ကင်မရာက အရမ်းလန်းပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို လေးထောင့် အကွက်ထဲမှာ ထည့်ထားပြီး 64MP Main , 5MP Depth , 5MP Macro နဲ့ 12MP Ultrawide တွေ ဖြစ်ပါတယ်။ Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပြီး 25W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။ Face Recognition ကိုလည်း ထောက်ပံ့ထားပါတယ်။

Samsung က Galaxy A71 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ Prism Crush Black, Prism Crush Silver, Prism Crush Blue နဲ့ Prism Crush Pink အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Ref : gizmochina

[Zawgyi]

64MP အပါအ၀င် အနောက်ကင်မရာ ၄ လုံးပါတဲ့ Samsung Galaxy A71 ကို ကြေညာ





Ref : gizmochina