Zawgyi

Samsung Galaxy A70 ကိုအေျခခံၿပီး အေသးစားျမွင့္တင္မႈေတြျပဳလုပ္လာမယ့္ Galaxy A70s သတင္းေတြကို ေစာင့္ေမွ်ာ္ေနစဥ္မွာပဲ Galaxy A71 လုိ႔ယူဆရတဲ့ စမတ္ဖုန္းတစ္လုံးဟာ Geekbench ေပၚမွာ ထြက္ေပၚလာခဲ့တာေၾကာင့္ သူ႕ရဲ႕ Specs ေတြကိုပါ ေတြ႕ျမင္ခဲ့ရပါတယ္။

Galaxy A71 ဟာ ေမာ္ဒယ္နံပါတ္ SM-A715F နဲ႔ေရာက္ရွိလာၿပီး သူ႕ရဲ႕ Geekbench စာရင္းအရေတာ့ A70 မွာလိုပဲ Snapdragon 675 ခ်စ္ပ္ဆက္အား 8GB RAM မန္မုိရီနဲ႔တြဲဖက္ၿပီး ဆက္လက္အသုံးျပဳလာမွာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ Geekbench ဟာ ယခင္က မ်ဳိးဆက္ႏွစ္ခုရဲ႕ SoC ေတြကို မွားယြင္းေဖာ္ျပဖူးတာေၾကာင့္ ဒီတစ္ခါမွာလည္း စြမ္းရည္ပုိျမင့္တဲ့ခ်စ္ပ္ဆက္မပါလာဘူးဆုိတာကို သိပ္မယုံရေသးပါဘူး။

ဒီဟန္းဆက္အသစ္ဟာ Single-core စမ္းသပ္မႈမွာ ရမွတ္ 2540 ရခဲ့ၿပီး Multi-core မွာေတာ့ 7081 ထိ ရရွိခဲ့ပါတယ္။ အခုရလဒ္ေတြက A70s ရဲ႕ Geekbench စစ္ေဆးမႈထက္ အနည္းငယ္သာလြန္ေနတာေၾကာင့္လဲ Snapdragon 7 စီးရီး ခ်စ္ပ္ကိုအသုံးျပဳလာမယ္လို႔ ယူဆရတာပါ။

ေနာက္ထပ္အဓိကက်တဲ့ ေတြ႕ရွိမႈကေတာ့ သူ႕မွာ အသစ္စက္စက္ Android 10 OS ကို အသုံးျပဳလာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ OneUI ဗားရွင္းလည္း အသစ္ပဲျဖစ္ႏုိင္ပါတယ္။ အရင္ကထြက္ထားတဲ့သတင္းမွာေတာ့ A71 ဟာ ၂၀၂၀ ခုႏွစ္အေစာပိုင္းေရာက္မွ Galaxy A91 နဲ႔အတူ မိတ္ဆက္လာမယ္ဆုိတာေၾကာင့္ စိတ္ေအးလက္ေအးပဲ ေစာင့္ဆုိင္းရဦးမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Samsung Galaxy A70 ကိုအခြေခံပြီး အသေးစားမြှင့်တင်မှုတွေပြုလုပ်လာမယ့် Galaxy A70s သတင်းတွေကို စောင့်မျှော်နေစဉ်မှာပဲ Galaxy A71 လို့ယူဆရတဲ့ စမတ်ဖုန်းတစ်လုံးဟာ Geekbench ပေါ်မှာ ထွက်ပေါ်လာခဲ့တာကြောင့် သူ့ရဲ့ Specs တွေကိုပါ တွေ့မြင်ခဲ့ရပါတယ်။

Galaxy A71 ဟာ မော်ဒယ်နံပါတ် SM-A715F နဲ့ရောက်ရှိလာပြီး သူ့ရဲ့ Geekbench စာရင်းအရတော့ A70 မှာလိုပဲ Snapdragon 675 ချစ်ပ်ဆက်အား 8GB RAM မန်မိုရီနဲ့တွဲဖက်ပြီး ဆက်လက်အသုံးပြုလာမှာကို တွေ့ရပါတယ်။ ဒါပေမယ့် Geekbench ဟာ ယခင်က မျိုးဆက်နှစ်ခုရဲ့ SoC တွေကို မှားယွင်းဖော်ပြဖူးတာကြောင့် ဒီတစ်ခါမှာလည်း စွမ်းရည်ပိုမြင့်တဲ့ချစ်ပ်ဆက်မပါလာဘူးဆိုတာကို သိပ်မယုံရသေးပါဘူး။

ဒီဟန်းဆက်အသစ်ဟာ Single-core စမ်းသပ်မှုမှာ ရမှတ် 2540 ရခဲ့ပြီး Multi-core မှာတော့ 7081 ထိ ရရှိခဲ့ပါတယ်။ အခုရလဒ်တွေက A70s ရဲ့ Geekbench စစ်ဆေးမှုထက် အနည်းငယ်သာလွန်နေတာကြောင့်လဲ Snapdragon 7 စီးရီး ချစ်ပ်ကိုအသုံးပြုလာမယ်လို့ ယူဆရတာပါ။

နောက်ထပ်အဓိကကျတဲ့ တွေ့ရှိမှုကတော့ သူ့မှာ အသစ်စက်စက် Android 10 OS ကို အသုံးပြုလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် OneUI ဗားရှင်းလည်း အသစ်ပဲဖြစ်နိုင်ပါတယ်။ အရင်ကထွက်ထားတဲ့သတင်းမှာတော့ A71 ဟာ ၂၀၂၀ ခုနှစ်အစောပိုင်းရောက်မှ Galaxy A91 နဲ့အတူ မိတ်ဆက်လာမယ်ဆိုတာကြောင့် စိတ်အေးလက်အေးပဲ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

Ref – GSM Arena