Samsung ဟာ အခုအချိန်အထိ 25W နဲ့အထက် Fast Charging နည်းပညာကို Flagship ဖုန်းတွေဖြစ်တဲ့ Galaxy Note Series နဲ့ S Series ဖုန်းတွေမှာပဲ ထည့်သွင်းပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုသိရတဲ့သတင်းအရတော့ 25W Fast Charging နည်းပညာကို High End Galaxy A Series ဖုန်းမှာလည်း ထည့်သွင်းပေးလာတော့မှာဖြစ်ပါတယ်။

ဒါကတော့ Samsung Galaxy A72 4G စမတ်ဖုန်းပဲဖြစ်ပြီး Samsung အနေနဲ့ Region ပေါ်မူတည်ပြီး 4G နဲ့ 5G Version ၂ မျိုးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အခုသတင်းပေါက်ကြားလာတဲ့ Model Number SM-A725M/DS ကတော့ 4G Version အနေန့ မိတ်ဆက်မှာဖြစ်ပါတယ်။

အဆိုပါ Galaxy A72 4G စမတ်ဖုန်းဟာ Bureau of Indian Standard (IBS) ၊ Federal Communications Commission (FCC) နဲ့ ANATEL Brazilian Certification Site တွေမှာလည်း Certified ဖြစ်ပြီးပြီလို့ သိရတဲ့အတွက် မိတ်ဆက်ဖို့ နီးကပ်နေပြီဖြစ်ပါတယ်။အခု Certification တွေအရတော့ Galaxy A72 4G ဖုန်းမှာ 25W Fast Charging ကို Support လုပ်တဲ့ 5000mAh Battery ပါဝင်မယ်လို့ သိရပါတယ်။

Galaxy A72 4G ဖုန်းမှာ Qualcomm Snapdragon 720G Chipset ၊ RAM 8GB ပါဝင်မှာဖြစ်ပြီး Display အနေနဲ့ကတော့ Punch-hole Selfie Camera ကို အသုံးပြုထားတဲ့ 6.7″ OLED Display ပါဝင်မှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 11 ကို အခြေခံထားတဲ့ OneUI 3.0 ကို အသုံးပြုထားမှာဖြစ်ပါတယ်။

Camera Setup အနေနဲ့ကတေ့ာ 64MP Primary + 12MP Ultrawide + 5MP Macro + 5MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရသေးပေမယ့် ဒေါ်လာ ၄၀၀ နဲ့ ၅၀၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။

Ref – Gizmo China