Samsung Galaxy A52 5G ရဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ ၁ ပတ်က ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး အခုတော့ Galaxy A72 5G ရဲ့ အလှည့်ကျရောက်လာပါပြီ။ နာမည်အတိုင်းပဲ အဲဒီ စမတ်ဖုန်းဟာ Galaxy A71 5G ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး ဒီဇိုင်းဟာ Galaxy A52 5G နဲ့ တူညီပါတယ်။ A72 ဟာ A52 ထက် အနည်းငယ် အရွယ်အစား ပိုကြီးတဲ့ မော်ဒယ်လို့ ပြောနိုင်ပါတယ်။

Samsung Galaxy A72 5G stars in shiny leaked renders

အခု ပေါက်ကြား သတင်းအချက်အလက်တွေအရ Galaxy A72 5G ကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ တရားဝင်ကြေညာနိုင်ပြီး ဖုန်း အနောက်ဘက်ကို ပလတ်စတစ်၊ ဖရိမ်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားနိုင်ပါတယ်။ A72 5G မှာ ၆.၇ လက်မ ထိတွေ့မျက်နှာပြင်ပြား တပ်ဆင်ထားနိုင်ပြီး မျက်နှာပြင် အထက် အလယ်မှာ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ၁ လုံးပါပါတယ်။

Samsung Galaxy A72 5G stars in shiny leaked renders

အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် ပင်မ ကင်မရာဟာ 64MP ဖြစ်မယ်လို့ ယူဆရပါတယ်။

Samsung Galaxy A72 5G stars in shiny leaked renders

Galaxy A72 5G ရဲ့ အရွယ်အစား အပြည့်အစုံမှာ 165 x 77.4 x 8.1 mm ဖြစ်ပြီး ကင်မရာ Bump ပါထည့်တွက်ရင် 9.9 mm ရှိမှာပါ။ နားကြပ်ပေါက်လည်း ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာပါ။ အမေရိကန်မှာ Unlock Version ကို ၅၉၉ ဒေါ်လာနဲ့ ရောင်းပေးနိုင်ပြီး ၈ သိန်း ၁ သောင်းလောက်ရှိမှာပါ။

Ref : gsmarena