ပြီးခဲ့တဲ့ ၂ ပတ်အကြာက Samsung Galaxy A73 ရဲ့ Concept ဓါတ်ပုံတွေထွက်ပေါ်ခဲ့ပြီး ဒီဇိုင်းကို လေ့လာလို့ရခဲ့ပါတယ်။ အခုတော့ OnLeaks က အဲဒီဖုန်းရဲ့ CAD အခြေပြု ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။

Samsung Galaxy A73's specs, price, and renders surface

Samsung Galaxy A73 မှာ ၆.၇ လက်မ FullHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ပါလာမှာပါ။ ကင်မရာ Resolution ကို မသိရသေးပေမယ့် လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာပါ။ အခု ပေါက်ကြားသတင်းအရ 90Hz Refresh Rate ပါလာမယ်လို့ ပြောပေမယ့် အရင် သတင်းအရ  120Hz သုံးထားမယ်လို့ သိရပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ပင်မ ကင်မရာက 108MP ဖြစ်နိုင်ပါတယ်။ တခြား ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

Samsung Galaxy A73 မှာ Snapdragon 750G SoC , Android 12, 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားနိုင်ပြီး တခြား Memory Option တွေလည်း ထွက်လာနိုင်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ၊ USB-C Port နဲ့ 33W Fast Charging ထောက်ပံ့ထားမှာ ဖြစ်ပြီး အထူက ၇.၆ မီလီမီတာ ရှိနိုင်ပါတယ်။ ကင်မရာ Bump ပါ ထည့်တွက်ရင် ၉.၃ မီလီမီတာ ဖြစ်သွားနိုင်ပါတယ်။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး IP67 စံနှုန်း ရှိမှာပါ။

Samsung Galaxy A73 အတွက် ရွှေနဲ့ အနက်ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး ဒေါ်လာ ၄၄၀ ဝန်းကျင်နဲ့ ရောင်းချနိုင်ကာ လက်ရှိပေါက်ဈေးအရ  မြန်မာငွေ ၇ သိန်း ၈ သောင်းလောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena