[Zawgyi]

နာမည္ေက်ာ္ K-pop အဖြဲ႔တစ္ခု ျဖစ္တဲ့ Blackpink ဟာ Samsung Galaxy A80 ကို အေရာင္းျမွင့္တင္ေပးခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက ေက်းဇူးတုန္႔ျပန္တဲ့ အေနနဲ႔ အခ်ိဳ႕ႏိုင္ငံမ်ားမွာ Samsung Galaxy A80 Blackpink Special Edition ကို ေရာင္းခ်ေပးလိုက္ပါတယ္။

Samsung Galaxy A80 Blackpink Special Edition ကို Samsung Thailand မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ မေလးရွားမွာ ဆိုရင္ ESH ကေန ၀ယ္ယူႏိုင္ပါတယ္။ စင္ကာပူနဲ႔ ဗီယက္နမ္မွာလည္း ေရာင္းခ်ေပးမယ့္ပံုေပၚပါတယ္။ စင္ကာပူမွာ Samsung Experience Stores မ်ားကေန ၀ယ္ယူႏုိင္မွာ ျဖစ္ပါတယ္။ ထိုင္းမွာ ဇူလိုင္လ ၁၄ ရက္ေန႔တြင္ ႀကိဳတင္မွာယူခြင့္ ျပဳေတာ့မွာ ျဖစ္ပါတယ္။ လာမယ့္ တနဂၤေႏြေန႔မွာ ျဖစ္ပါတယ္။

Samsung Galaxy A80 Blackpink Special Edition မွာ ထူးျခားဆန္းသစ္ထားတဲ့ပံု မေပၚပါဘူး။ အေရာင္အသစ္ကိုလည္း မသံုးထားပါဘူး။ ဒါေပမယ့္ ဘူးခြံ ၊ ထုတ္ပိုးမႈနဲ႔ Accessories မ်ားကိုေတာ့ Blackpink Brand ပံုစံ ဖန္တီးထားပါတယ္။ ဘူးထဲမွာ အထူးထုတ္ Case တစ္ခု၊ Charging Stand တစ္ခုနဲ႔ USB Cable မ်ား ပါပါတယ္။ အားလံုးကို အနက္နဲ႔ ပန္းေရာင္ ေပါင္းစပ္ ဖန္တီးထားပါတယ္။ Blackpink မွ အဆိုေတာ္မ်ားရဲ႕ ပံုမ်ားပါတဲ့ ကဒ္မ်ားလည္း ထည့္သြင္းထားပါတယ္။

ႀကိဳတင္မွာယူသူမ်ားအတြက္ လက္ေဆာင္မ်ားကို ေပးမွာပါ။ မေလးရွားမွာ Galaxy Fit နဲ႔ ထိုင္းမွာ AKG Y500 Headphones မ်ားကို ေပးမွာပါ။ Galaxy A Series မ်ားမွ အခ်ိဳ႕ ဖုန္းမ်ားကို ၀ယ္ရင္လည္း Blackpink နဲ႔ ပတ္သက္တဲ့ လက္ေဆာင္မ်ားကို ရရွိမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ Samsung Malaysia က Galaxy A70 ကို ၀ယ္ရင္ Blackpink Cushion နဲ႔ A50 ကို ၀ယ္ရင္ သဘက္တစ္ခု ေပးမွာပါ။ အျခား ႏုိင္ငံမ်ားမွာလည္း အဲဒီလက္ေဆာင္မ်ားကို ေပးမယ္လို႔ ထင္ပါတယ္။

Ref : gsmarena

[Unicode]

Samsung Galaxy A80 Blackpink Special Edition ထွက်ရှိ

နာမည်ကျော် K-pop အဖွဲ့တစ်ခု ဖြစ်တဲ့ Blackpink ဟာ Samsung Galaxy A80 ကို အရောင်းမြှင့်တင်ပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ အချို့နိုင်ငံများမှာ Samsung Galaxy A80 Blackpink Special Edition ကို ရောင်းချပေးလိုက်ပါတယ်။

Samsung Galaxy A80 Blackpink Special Edition ကို Samsung Thailand မှာ ရောင်းချပေးလိုက်ပါတယ်။ မလေးရှားမှာ ဆိုရင် ESH ကနေ ဝယ်ယူနိုင်ပါတယ်။ စင်ကာပူနဲ့ ဗီယက်နမ်မှာလည်း ရောင်းချပေးမယ့်ပုံပေါ်ပါတယ်။ စင်ကာပူမှာ Samsung Experience Stores များကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ထိုင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့တွင် ကြိုတင်မှာယူခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ဖြစ်ပါတယ်။

Samsung Galaxy A80 Blackpink Special Edition မှာ ထူးခြားဆန်းသစ်ထားတဲ့ပုံ မပေါ်ပါဘူး။ အရောင်အသစ်ကိုလည်း မသုံးထားပါဘူး။ ဒါပေမယ့် ဘူးခွံ ၊ ထုတ်ပိုးမှုနဲ့ Accessories များကိုတော့ Blackpink Brand ပုံစံ ဖန်တီးထားပါတယ်။ ဘူးထဲမှာ အထူးထုတ် Case တစ်ခု၊ Charging Stand တစ်ခုနဲ့ USB Cable များ ပါပါတယ်။ အားလုံးကို အနက်နဲ့ ပန်းရောင် ပေါင်းစပ် ဖန်တီးထားပါတယ်။ Blackpink မှ အဆိုတော်များရဲ့ ပုံများပါတဲ့ ကဒ်များလည်း ထည့်သွင်းထားပါတယ်။

ကြိုတင်မှာယူသူများအတွက် လက်ဆောင်များကို ပေးမှာပါ။ မလေးရှားမှာ Galaxy Fit နဲ့ ထိုင်းမှာ AKG Y500 Headphones များကို ပေးမှာပါ။ Galaxy A Series များမှ အချို့ ဖုန်းများကို ဝယ်ရင်လည်း Blackpink နဲ့ ပတ်သက်တဲ့ လက်ဆောင်များကို ရရှိမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Samsung Malaysia က Galaxy A70 ကို ဝယ်ရင် Blackpink Cushion နဲ့ A50 ကို ဝယ်ရင် သဘက်တစ်ခု ပေးမှာပါ။ အခြား နိုင်ငံများမှာလည်း အဲဒီလက်ဆောင်များကို ပေးမယ်လို့ ထင်ပါတယ်။

Ref : gsmarena