[Zawgyi]

အခုဆိုရင္ စမတ္ဖုန္းေလာကမွာ Pop-up Camera ေတြ ေရပန္းစားေနပါတယ္။ အထူးသျဖင့္ ဒီ ၂၀၁၉ခုႏွစ္မွာ Pop-up Camera အသုံးျပဳ စမတ္ဖုန္းေတြကို ပိုၿပီးေတြ႕လာရပါတယ္။ Pop-up Camera ေတာ္ေတာ္မ်ားမ်ားရဲ႕ တည္ေဆာက္ပုံနဲ႔ ဒီဇိုင္းေတြက သိပ္မကြာၾကေပမယ့္ Samsung Galaxy A80 ရဲ႕ တည္ေဆာက္ပုံနဲ႔ ဒီဇိုင္းေတြကေတာ့ သူမ်ားေတြနဲ႔ မတူဘဲ တမူထူးျခားၿပီး ကြဲထြက္ေနပါတယ္။

ထူးျခားတာက Galaxy A80 မွာ Sliding ေရာ Rotating ပါ ၂မ်ိဴးစလုံး အသုံးျပဳထားတာပါ။ Sliding ေၾကာင့္ ကင္မရာအံဝွက္က အေပၚတက္လာၿပီး Rotating ေၾကာင့္ Rear Camera ကေန Selfie Camera အျဖစ္ေျပာင္းသြားတာပါ။ Galaxy A80 မွာ 48MP (Main) + 8MP (Ultra-wide) + 5MP (Depth Sensor) ေတြကို တပ္ဆင္အသုံးျပဳထားပါတယ္။ Selfie ႐ိုက္တဲ့အခါမွာလည္း အဆိုပါ ကင္မရာေတြကိုပဲ အသုံးျပဳသြားမွာပါ။ ဒီလိုမ်ိဴး လုပ္ေဆာင္ခ်က္ေတြေၾကာင့္ အနည္းဆုံး ေမာ္တာ ၂လုံးေလာက္ သုံးရမယ္လို႔ ထင္ခဲ့ေပမယ့္ တကယ့္ တကယ္မွာေတာ့ ေမာ္တာ ၁လုံးတည္းနဲ႔ အလုပ္လုပ္သြားတာ ျဖစ္ပါတယ္။

Galaxy A80 ရဲ႕ Rotating Camera အလုပ္လုပ္ပုံ ဗီဒီယိုကို တ႐ုတ္ႏိုင္ငံသား Samsung အင္ဂ်င္နီယာတစ္ဦးက Weibo မွာ ပထမဦးဆုံး လႊင့္တင္ခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ဗီဒီယိုကို Ice universe ကလည္း သူရဲ႕ တြစ္တာအေကာင့္မွာ ျပန္လည္မွ်ေဝထားပါေသးတယ္။ Galaxy A80 ရဲ႕ Rotating Camera နည္းပညာဟာ Sliding လုပ္ဖို႔အတြက္သာ ေမာ္တာလိုအပ္တယ္ဆိုေပမယ့္ တည္ေဆာက္ပုံက အလြန္ရႈပ္ေထြးၿပီး Pop-up Camera ေတြထက္ ေနရာပိုယူတာကို ေတြ႕ရမွာပါ။

Ref : SamMobile

[Unicode]

Galaxy A80 ရဲ့ Rotating Camera အလုပ်လုပ်ပုံကို ထုတ်ပြလိုက်တဲ့ Samsung အင်ဂျင်နီယာ

အခုဆိုရင် စမတ်ဖုန်းလောကမှာ Pop-up Camera တွေ ရေပန်းစားနေပါတယ်။ အထူးသဖြင့် ဒီ ၂၀၁၉ခုနှစ်မှာ Pop-up Camera အသုံးပြု စမတ်ဖုန်းတွေကို ပိုပြီးတွေ့လာရပါတယ်။ Pop-up Camera တော်တော်များများရဲ့ တည်ဆောက်ပုံနဲ့ ဒီဇိုင်းတွေက သိပ်မကွာကြပေမယ့် Samsung Galaxy A80 ရဲ့ တည်ဆောက်ပုံနဲ့ ဒီဇိုင်းတွေကတော့ သူများတွေနဲ့ မတူဘဲ တမူထူးခြားပြီး ကွဲထွက်နေပါတယ်။

ထူးခြားတာက Galaxy A80 မှာ Sliding ရော Rotating ပါ ၂မျိူးစလုံး အသုံးပြုထားတာပါ။ Sliding ကြောင့် ကင်မရာအံဝှက်က အပေါ်တက်လာပြီး Rotating ကြောင့် Rear Camera ကနေ Selfie Camera အဖြစ်ပြောင်းသွားတာပါ။ Galaxy A80 မှာ 48MP (Main) + 8MP (Ultra-wide) + 5MP (Depth Sensor) တွေကို တပ်ဆင်အသုံးပြုထားပါတယ်။ Selfie ရိုက်တဲ့အခါမှာလည်း အဆိုပါ ကင်မရာတွေကိုပဲ အသုံးပြုသွားမှာပါ။ ဒီလိုမျိူး လုပ်ဆောင်ချက်တွေကြောင့် အနည်းဆုံး မော်တာ ၂လုံးလောက် သုံးရမယ်လို့ ထင်ခဲ့ပေမယ့် တကယ့် တကယ်မှာတော့ မော်တာ ၁လုံးတည်းနဲ့ အလုပ်လုပ်သွားတာ ဖြစ်ပါတယ်။

Galaxy A80 ရဲ့ Rotating Camera အလုပ်လုပ်ပုံ ဗီဒီယိုကို တရုတ်နိုင်ငံသား Samsung အင်ဂျင်နီယာတစ်ဦးက Weibo မှာ ပထမဦးဆုံး လွှင့်တင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဗီဒီယိုကို Ice universe ကလည်း သူရဲ့ တွစ်တာအကောင့်မှာ ပြန်လည်မျှဝေထားပါသေးတယ်။ Galaxy A80 ရဲ့ Rotating Camera နည်းပညာဟာ Sliding လုပ်ဖို့အတွက်သာ မော်တာလိုအပ်တယ်ဆိုပေမယ့် တည်ဆောက်ပုံက အလွန်ရှုပ်ထွေးပြီး Pop-up Camera တွေထက် နေရာပိုယူတာကို တွေ့ရမှာပါ။

Ref : SamMobile